top of page
Search

ဘာကြောင့် လမ်းပေါ်ထွက်ပြီး မအလကို ဆန္ဒပြသင့်သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 16, 2021
  • 1 min read

မအလဟာ ကတိမတည်သူ လူလိမ်ပါ။ သူဟာသူခိုးဆိုတာတော့ လူတိုင်းသိပြီးသားပါ။ သူနဲ့ သူ့မိသားစုဟာ သူတပ်ချုပ်ဖြစ်အပြီးမှာ အချမ်းသာဆုံးစာရင်းဝင်အောင် ခိုးနိုင်ခဲ့ကြလို့ပါ။ မအလဆက်အုပ်ချုပ်ရင် တိုင်းပြည်ပိုတိုးတက်သွားမလားဆိုတာကို လေ့လာကြည့်ရအောင်။

အချို့က တစ်နှစ်စောင့်ပါ။ ရွေးကောက်ပွဲအသစ်လုပ်ပေးမယ် ဘာညာဆိုပြီး မအလကိုယ်စား လော်သူများရှိပါတယ်။

ပထမဆုံးက မအလဟာ အသက် (၆၀) ပြည့်ရင် အငြိမ်းစားယူမယ်ဆိုပြီး ပြောခဲ့ပါတယ်။ မယူခဲ့ပါ။၆၅ နှစ်လဲ ယခုမယူတော့ပါဘူး။ ခြေဥပြင်မယ်ဆိုပြီးလဲ ယခုမပြင်တော့ပါ။ နောက် ရွေးကောက်ပွဲအပြီး ပြည်သူ့ဆန္ဒကို လေးစားရမယ်ဆိုပြီးလဲ ဘာမှ မလေးစားပါ။ ဒါ့ကြောင့်သူလို လူလိမ်ရဲ့စကားဟာ ယုံကြည်စရာမရှိပါ။

ဒါ့ကြောင့် မအလဟာ ယူနီဖောင်း (သို့) အရပ်ဝတ်နဲ့ တိုင်းပြည်ကို ဆက်အုပ်ချုပ်ဖို့ ကြိုးစားမှာပါ။ သူအာဏာသိမ်းတာဟာ သူ့သမ္မတရူးအိပ်မက်အတွက်ပါ။ သူဆက်အုပ်ချုပ်ရင် ဘာဖြစ်မလဲ?

နိုင်ငံရေး

လွတ်လပ်မှုတွေအားလုံး ဆုံးရှုံးသွားပါမယ်။ ညဖက် ဧည့်စာရင်းတိုင်ရတာကစပြီး သူ့ကိုဝေဖန်တာရေးတာနဲ့ ထောင်ထဲဝင်ရမှာပါ။ မြောက်ကိုရီးယားလို ဖြစ်သွားမှာပါ။ ယခုဥပဒေတွေ စလာနေပါပြီ။

ပညာရေး

သူခန့်လိုက်သူက သူခိုးပါချုပ်ဟောင်းပါ။ သူခိုးကြီးက သူခိုးလေးကို ခန့်တာပါ။ ပညာရေးဟာနောက်ကြောင်းပြန်သွားမှာပါ။ ယခင်ကလို အဝီစိရောက်အောင် ထိုးကျသွားမှာပါ။

စီးပွါးရေး

ဒါကအရေးကြီးဆုံးပါ။ ပြည်သူကို ထမင်းကျွေးထားနိုင်ရင် အုပ်ချုပ်လို့ရမယ်ပေါ့။ စင်ကာပူ ဥပမာကိုပေးလေ့ရှိပါတယ်။ ဒီနေရာမှာ မအလဟာ ICJ မှာ အမှုရင်ဆိုင်နေရသလို သူဟာ ICC ရာဇဝတ်ခုံရုံးမှာလဲ တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရဖို့ရှိပါတယ်။ ယခုအမှုတွဲမှာ DASSK မခံနေတော့လို့ သူနဲ့နိုင်ငံတကာတွေ့ပါပြီ။ နိုင်ငံတကာဟာ မြန်မာ့ဒီမိုကရေစီအရေးကိုအသာထား အဆိုပါစစ်ရာဇဝတ်မှုနဲ့တင် မြန်မာပြည်ကို စီးပွါးရေးပိတ်ဆို့ရတော့မှာပါ။ သူဟာအာဏာယူထားလို့ သူသာအာဏာဆက်ရနေရင် တစ်တိုင်းပြည်လုံးခံရမှာပါ။ တပ်စီးပွါးရေးတွေဟာ အရပ်စီးပွါးရေးတွေနဲ့ ရှက်နွယ်နေလို့ အားလုံးပိတ်ဆို့ခံရမှာပါ။ ထိုင်းနဲ့ အီဂျစ်ရဲ့ အာဏာသိမ်းခေါင်းဆောင်တွေဟာ သူတို့အာဏာသိမ်းချိန်မှာ စစ်ရာဇဝတ်ခုံရုံးမှာ တရားစွဲမခံနေရပါ။ ဒါ့ကြောင့် အီးယူနဲ့ အမေရိကန်က အထူးအခွင့်အရေးပေးတာဖျက်ရင် အထည်ချုပ်စက်ရုံနဲ့ အခြားအထူးအခွင့်အရေးကြောင့် လာဖွင့်ထားတာတွေ ပြန်ထွက်သွားမှာပါ။ တောင်ကိုရီးယားနဲ့ ဂျပန်ဟာလဲ အမေရိကန်နောက် လိုက်ရမှာပါ။ ထိုအချိန်ကျရင် ပြည်သူတွေ၊လူငယ်တွေလဲထိခိုက်သလို တစ်တိုင်းပြည်လုံး ထိခိုက်မှာပါ။


ဒါ့ကြောင့် အားလုံးစဉ်းစားရမှာက ဒီအာဏာရူးကို တိုင်းပြည်ပေးအုပ်ချုပ်ပြီး တိုင်းပြည်အနာဂတ်အပျောက်ခံမလား ဒီအာဏာရူးအောက် အလုပ်မဆင်းဘဲနေပြီး ဆန္ဒထွက်ပြပြီး ရဲနဲ့ စစ်သားတွေကလဲပြည်သူကို မပစ်ဘဲ မိမိဆန္ဒကိုဖော်ထုတ်ပြီး တိုက်ထုတ်မလားဆိုတာပါ။ လမ်းပေါ်ထွက် ဆန္ဒမပြ၊CDM လဲ မလုပ်ခဲ့ရင်တော့ မိမိအနာဂတ်ဟာ မအလက အုပ်ချုပ်ရင် မြောက်ကိုရီးယားလို ဖြစ်သွားပါ့မယ်လို့ ပြောပါရစေ။


ဒါ့ကြောင့် သင့်အနာဂတ်အတွက် လမ်းပေါ်ထွက်ပါ။

သင့်အနာဂတ်အတွက် CDM လုပ်ပါလို့ ပြောပါရစေ။

အနာခံမှ အသာစံရမှာပါ။

ယခုကမ္ဘာပေါ်က အင်အားအကြီးဆုံး အမေရိကန်နိုင်ငံမှာတောင် လွတ်လပ်ရေးရဖို့အတွက် ပထမတိုက်ပွဲဝင်ခဲ့သလို ငွေဝယ်ကျွန်စနစ်အတွက်လဲ ပြည်တွင်းစစ်နဲ့ တိုက်ပွဲဆင်နွဲခဲ့ရပါတယ်။

အရေးတော်ပုံအောင်ရမည်။

သင်တို့အနာဂတ် တောက်ပဖို့ သူပုန် မအလကို တိုက်ထုတ်စို့။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page