top of page
Search

ဘာ့ကြောင့် ဒီအရေးတော်ပုံအောင်မြင်မယ်လို့ ယုံကြည်သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 5, 2021
  • 1 min read

ပထမဆုံးက DASSK အစိုးရလက်ထက် ဆန္ဒပြလေ့ရှိသူတွေ မပါလာတာပါ။ ငါးထောင်စားတွေမပါတာပါ။ ဒါက နမိတ်ဒီ့ကောင်းတာပါ။ ဒီ့ထက်ပိုအရေးကြီးတာက ဘာလဲ?

ပုံမှန်ဆိုရင် ဆန္ဒပြတာက ဒီမိုအင်အားစုလောက်သာပါ။ ယခုဆန္ဒပြပွဲတွေက ပုံမှန်ထက်မတူတာတွေ့ရပါတယ်။ ခေါင်းဆောင်ပိုင်းက ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့လို အတွေ့အကြုံရှိသူကတော့ မှန်ပါတယ်။ ဒါပြီးရင်တော့ ဆန္ဒပြပွဲနဲ့ CDM မှာ ပါသူတွေက လူတန်းစားအလွှာစုံတာ တွေ့ရပါတယ်။ ဆရာဒေါက်တာဇော်ဝေစိုးဟာ ထင်ရှားကျော်ကြားတဲ့ ဆရာဝန်ကြီးပါ။ ကိုဗစ်ကိစ္စကို ရန်ကုန်မှာ အဓိက စီမံခန့်ခွဲခဲ့သူပါ။ သူ့ကို ဖေဖော်ဝါရီ (၁) ရက်မတိုင်ခင်က ဒီမိုတိုက်ပွဲကို ရှေ့တန်းကဦးဆောင်သူဖြစ်လိမ့်မယ်လို့ဘယ်သူမှ တွေးမိမယ်မထင်ပါ။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ Dr Sasa လို နိုင်ငံခြားနဲ့အဆက်အသွယ်ကောင်းတဲ့ ပညာတတ် တိုင်းရင်းသားဆရာဝန်တစ်ယာက်ကလဲ ပြည်ပကနေ ဒီတိုက်ပွဲကို ဦးဆောင်တိုက်မယ်လို့ ထင်ခဲ့ကြမှာ မဟုတ်ပါ။ သူတို့နှစ်ဦးစလုံးရဲ့ တူညီတဲ့အချက်က အင်တာဗျူးတွေမှာ အချက်အလက်နဲ့ လူထုကို စွဲဆောင်စကားပြောနိုင်တာပါ။

ကိုလူမင်းတို့ ကိုဝိုင်းတို့ကို ဆန္ဒပြမယ်လို့ မျှော်လင့်ထားသလို သူတို့က ဆန္ဒပြခဲ့ကြပါတယ်။ ကိုလင်းလင်းဟာလဲ အမေ့အတွက်လိုအပ်ချိန်မှာ ကျရာအခမ်းက ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ပိုင်တံခွန်၊ကိုပေါက်၊ ရာဝဏ္ဏ၊ ခင်ဝင့်ဝါ၊ ရွှေသမီး၊ Benjamin Sun တို့အထိ ပါဝင်လာတာက မထင်မှတ်ထားတဲ့ သူတို့မျိုးဆက်တွေရဲ့ တိုင်းပြည်အတွက် စွန့်စားပေးဆပ်မှုပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မြသွဲ့သွဲ့ခိုင်မှသည် Angel၊ ညီညီအောင်ထက်နိုင်မှသည် ဝေယံထွန်းအထိ၊ ဆရာမတင်နွဲ့လှိုင်မှသည် မဒေစီအထိ ဘာသာစုံ၊ လူမျိုးစုံ၊ ပညာတတ်အစုံ၊ အလွှာစုံကနေပါဝင်နေတာ တွေ့ရပါတယ်။ တချိန်ထဲမှာဘဲ အမေရိကန်ဝါရှင်တန်နဲ့ အခြားမြို့များက သံတမန်များကလဲ CDM မှာ ပါဝင်လာနေတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့မှာ ဘက်ပြောင်းလာတာတွေ များလာနေပြီးဆန္ဒပြပွဲတွေသာ ရေရှည်ဖြစ်ပြီး အသေအပျောက်တွေ ဆက်များလာနေရင် တပ်ထဲမှာလဲအက်ကြောင်းတွေ စပေါ်လာမှာ သေချာပါတယ်။

နောက်ယခုအချိန်မှာ စီးပွါးရေးပိတ်ဆို့တာကအစ ဘယ်နည်းမဆို သုံးလို့ရနေတာကလဲ ပြည်သူ့ဘက်က အလေးသာနေပါတယ်။ နောက် မအလဟာ ICC မှာ အနှေးနဲ့ အမြန်ဝရမ်းထုတ်ခံရမှာပါ။ ဒါကလဲဖြစ်နေချေက ၉၀% ကျော်ပါတယ်။

နောက်ဆုံးကတော့ ဒီတိုက်ပွဲဟာ အနိုင်နဲ့ ပွဲသိမ်းမှာ အသေအချာပါ။ ဘယ်လောက်ကြာမလဲဆိုတာကတော့ ပြည်သူတွေက ဘယ်လောက်ပေးဆပ်ပြီး မအလကို အပြတ်ဖြုတ်ချင်လဲအပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုနည်းတွေသုံးရမလဲဆိုတာကို CRPH၊ ကိုမင်းကိုနိုင်နဲ့ Dr Sasa တို့က ညွှန်ကြားပါလိမ့်မယ်။ စာရေးသူအနေနဲ့တော့ ဒီအရေးတော်ပုံဟာ အောင်မြင်မယ်လို့ တစ်နေ့ထက်တစ်နေ့ ပိုမိုယုံကြည်လာပါတယ်။

အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Mr.Myo Min Hlaing
Mr.Myo Min Hlaing
Mar 05, 2021

အပြည့်အဝယုံကြည်ပါတယ်။ အရေးတော်ပုံအောင်ရမည်ဟု။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page