top of page
Search

ဘာကြောင့် စစ်တိုက်ရာမှာ ဗဟိုအမိန့်ပေးစနစ်ရှိသင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 10, 2022
  • 1 min read

မအလဖက်ဆစ်အကြောက်ဆုံးက အားလုံးကသူ့ကို ဝိုင်းတိုက်မှာပါ။ ဒါကြောင့် ၁၉၈၈ နောက်ပိုင်းမှာ ကချင်မှာရပ်ပြီး ကရင်ကိုတိုက် ကရင်မှာရပ်ပြီး ကချင်ကိုတိုက် လုပ်သွားတာပါ။ ဒါကို ယခုအချိန်မှာ ပြန်စဉ်းစားရင် ရိုးတဲ့အကွက်လို့ ထင်ရပေမယ့် ဒီအကွက်က အင်မတန် အသုံးဝင်ပါတယ်။ မအလတပ်ဟာ UWSA ဝ၊ AA၊ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်နဲ့ ဗမာ အကုန်ဝိုင်းတိုက်ရင်မခံနိုင်ပါဘူး။ ဒါကြောင့်မိုလို့ ငြိမ်းချမ်းရေးဆိုပြီး မိမိတပ်က မတိုက်နိုင်မယ့်အတူတူအသံကောင်းဟစ်ထားတာပါ။ ဆာဆာကာဝါက AA ကို ဖျောင်းဖြထားနိုင်လို့ AA က မတိုက်လေသူ့အတွက် အကျိုးရှိလေပေါ့။

ဒီနေရာမှာ NUG အောက် တိုက်ရိုက်မရှိတဲ့ တိုင်းရင်းသားအဖွဲ့အချို့ကို အသာထားပြီး NUG အောက်မှာရှိတဲ့ PDF တွေအချင်းချင်း ဗဟိုကညှိနှိုင်းမှုနဲ့ စစ်ဆင်ရေးတွေကို ညှိနှိုင်းနိုင်ရင် ဘာတွေအောင်မြင်နိုင်လဲဆိုတာ တင်ပြလိုပါတယ်။ လေးကေ့ကော်နဲ့ ချင်းမှာ စစ်ပွဲတစ်ပြိုင်နက်ဖြစ်ရင် ပထမဆုံးက ချင်းကတပ်ကို ကရင်ကိုရွှေ့လာလို့မရတော့ပါဘူး။ ဒါပေမယ့် နဂိုထဲကလဲ ချင်းကတပ်ကိုလဲ မရွှေ့ပါ။ ဒါကြောင့် လေးကေ့ကော်နဲ့ ကရင်ဘက်ကို သူတပ်မရွှေ့နိုင်အောင် ဖိအားပေးရမှာက မကွေး၊ နေပြည်တော်နဲ့ ပဲခူးလိုနေရာတွေပါ။ ဒီနေရာမှာ လေတပ်ဟာ ကရင်နီကိုတိုက်တဲ့အုပ်စုနဲ့ စစ်ကိုင်းကအုပ်စု သပ်သပ်စီပါ။

ဒါကြောင့်မိုလို့ စစ်ကိုင်းမှာတိုက်ရင် ကလေး၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မုံရွာ၊ ဒီပဲယင်းတွေမှာတစ်ချိန်ထဲမှာ မအလကိုဝင်တိုက်ရင် လေတပ်အနေနဲ့က ရဟတ်ယာဉ်တွေဟာ နေရာအများကြီးကို ပစ်ကူပေးရခက်သွားမှာပါ။ သူ့မှာ အမေရိကန်လို ရဟတ်ယာဉ်များစွာမရှိပါ။ ဒီလိုမဟုတ်ဘဲကျောက်ထုတိုက်လိုက် ဒီပဲယင်းတိုက်လိုက်ဆိုရင် ပစ်ကူပေးရလွယ်ပါတယ်။ ဒီလိုတစ်ပြိုင်နက်တိုက်နိုင်ဖို့က တိုင်းအဆင့် ဗဟိုကကွပ်ကဲရမှာဖြစ်ပြီး ဗျူဟာမှူးတွေ စစ်ဆင်ရေးညှိနှိုင်းရေးမှူးတွေနဲ့ တစ်ချိန်ထဲမှာ တိုက်ပွဲဆင်တိုက်နိုင်ရင် ယခုထက်အောင်ပွဲတွေ ပိုများလာမှာပါ။ ဒါကြောင့်ဒေသခံ PDF အချင်းချင်း ဆက်သွယ်အမိန့်နာခံဖို့လိုပါတယ်။ ခင်ဦးကတိုက်လိုက် ယင်းမာပင်ကတိုက်လိုက်ဆိုရင် သူက ပစ်ကူပေးနေမှာပါ။ ဒါပေမယ့် ဆယ်နေရာလာက် တစ်ပြိုင်နက်ထဲ ဝင်တိုက်နိုင်ရင်တောင် သု့အနေနဲ့ အမြောက်ပစ်ကူ လေကြောင်းပစ်ကူ ခက်သွားမှာပါ။

ယခုအသစ်တက်လာတဲ့ နမခတိုင်းမှူးက ဘယ်ရွာမဆို PDF ရှိရှိ မရှိရှိ မီးရှို့ခိုင်းထားပြီး ဒီမိုထောက်ခံတဲ့ ပြည်သူတွေကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတာပါ။ ယခုအချိန်မှာ အင်တာနက်ဖြတ်လိုက်လို့ PDF တွေလဲ သတင်းအတန်အသင့်လုံသွားခဲ့ပါတယ်။ သတင်းလုံခြုံမှုနဲ့ ဗဟိုကအမိန့်ပေး ပေါင်းစပ်ညှိနှိုင်းနိုင်မှုက ဒီစစ်ဆင်ရေးကို အဆုံးအဖြတ်ပေးသွားမှာပါ။ လက်နက်ကလဲအရေးကြီးတာမှန်ပေမယ့် အထက်ကအရာတွေမှာ အောင်မြင်ရင် ကျန်တာက အောင်မြင်သွားမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Myat Tun Oo
Myat Tun Oo
Mar 11, 2022

သိတယ်။ ဒီကောင့်ကို သတိထားရမှာပါ။

Like

Nay Nann myint
Nay Nann myint
Mar 10, 2022

အဲ့ဒါကိုနားမလည်နိုင်တဲ့

တလရ သမားတချို့ ကို

မြန်မာနောင်း က ဗျူးထါးတာ

နားထောင်ပီး

ရင်လေးမိတယ်ဆရာ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page