top of page
Search

ဘာကြောင့် DASSK ရဲ့ နိုင်ငံခြားရေးမူဝါဒ မှန်ခဲ့သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 12, 2022
  • 1 min read

DASSK က ပြည်သူသာအဓိကဆိုပြီး ပြောလေ့ရှိပါတယ်။ နိုင်ငံခြားက အင်အားကြီးတိုင်းပြည်တွေနဲ့ဆက်ဆံရာမှာလဲ ဘက်မလိုက်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့်လဲ တရုတ်က ယခုအချိန်အထိ သူလာတိုင်း DASSK နဲ့ တွေ့ဆုံဖို့ တောင်းဆိုနေသလို ယခုလဲ ထပ်တောင်းဆိုထားတယ်လို့ သတင်းအရင်းအမြစ်တွေက အခိုင်အမာပြောပါတယ်။

သူမအုပ်ချုပ်ချိန် အနောက်အုပ်စုနဲ့ မနီးစပ်လို့ အပြစ်တင်သူတွေ ဝေဖန်သူတွေရှိခဲ့ပါတယ်။ အချို့ကNUG ကိုတောင် ယူကရိန်းကတောင်းသလို ဘယ်လိုတောင်းလိုက်ပါ ဘာညာဆိုပြီး လိုင်းပေါ်တက်ပြောတာလဲ တွေ့မြင်ကြားသိခဲ့ရပါတယ်။ ဒီနေရာမှာ ယူကရိန်က တက်ကြွလှုပ်ရှားသူ Daria က သူမအင်္ဂလိပ်ဝန်ကြီးချုပ်နဲ့တွေ့ချိန်မှာ ယူကရိန်းမှာ ကလေးတွေကို လေကြောင်းကနေ ဗုံးကြဲနေလို့လေယာဉ်မပျံသန်းရနယ်မြေ သတ်မှတ်ပေးဖို့ မျက်နှာချင်းဆိုင် တောင်းဆိုခဲ့ပါတယ်။ အင်္ဂလိပ်ဝန်ကြီးချုပ်က မလုပ်ပေးနိုင်ကြောင်း ရုရှားလေယာဉ်ကို ပစ်ချရမှာမိုလို့ စစ်ဖြစ်နိုင်ကြောင်း ပြောသွားခဲ့ပါတယ်။ ယူကရိန်းက ဥရောပသမဂ္ဂဝင်ဖို့ နေတိုးအဖွဲ့ထဲဝင်ဖို့လုပ်ရင်းက ဒီလိုဖြစ်သွားတာပါ။ ဖြစ်တော့လဲ မြန်မာပြည်ထက် ပိုကူပေမယ့် သူတို့လိုချင်သလိုတော့ လာမတိုက်ပေးခဲ့ပါ။

ဒါက ဘာသင်ခန်းစာရလဲဆိုတော့ စာရေးသူတို့က ဘယ်သူ့အကူအညီမှ သိပ်မမျှော်ဘဲ မိမိတို့တော်လှန်းရေးကို မြန်မာလိုတွေးပြီး မြန်မာကြောက်တတ်တဲ့နည်းနဲ့ တိုက်ရမယ်ဆိုတာပါ။ ဘယ်သူငြိုငြင်မှာမလဲ သိပ်ကြောက်မနေပါနဲ့။ ကိုင်စရာရှိတာကို ပီပီပြင်ပြင်ကိုင်လိုက်ရင် အောင်ပွဲတွေက နောက်ကလိုက်လာမှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page