top of page
Search

ဗိုလ်ချုပ်သောင်းထိုက်ရွှေဘာလို့ ပြုတ်သွားလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 24, 2021
  • 1 min read

ree

စာရေးသူဟာ တပအေကြောင်းအသေးစိတ်ိုု ရှောင်လေ့ရှိပါတယ်။ ကိုယ်ကသိတာရေးရင် ဘယ်ကရလဲဆိုတာ လိုက်ရတာ လွယ်နိုင်လို့ပါ။ ယခုဟာက သိသူများနေလို့ ရေးဖို့ဆုံးဖြတ်လိုက်တာပါ။


သူဟာ နေပြည်တော်တိုင်းမှူးဖြစ်လာတာ မကြာသေးပါ။ ဒါပေမယ့် သူ့ကို အမည်မသိတပ်ထဲက တစ်ယောက်က တိုင်တယ်လို့ဆိုပါတယ်။ တိုင်ရတဲ့ အကြောင်းအရင်းက သူဟာ ယာယီတပ်ရင်းမှူးအချိန်ကသူ့တပ်ရေးဗိုလ်ကြီးဟာ တပ်လစာယူပြီး ခွင့်မဲ့ပျက်ကွက်လို့ ပြဿနာတက်ခဲ့တယ်ဆိုပါတယ်။ ဒါ့ကြောင့် သူ့ကို ဘရွှေမန်းကခေါ်ပြီး ကြည့်ရှုစောင့်ရှောက်ပေးထားခဲ့ပါတယ်။ ပုံမှန်မှာဆိုရင်တော့အဆိုပါအမှုဟာ ကာလစည်းကမ်းသတ် ကျော်သွားခဲ့ပါပြီ။ ဒါပေမယ့် ပြီးခဲ့တဲ့လွှတ်တော်က ဥပဒေအသစ်အရ ပြစ်မှုကျူးလွန်ကြောင်း သိရှိသိအချိန်မှစ၍ဆိုလို့ သူ့ကို အရေးယူတယ်လို့ဆိုပါတယ်။တပ်ထဲမှာက သူ့ကိုအခြားလူနဲ့ ခေါ်ပြီး လူချိန်းဖြုတ်ရင် သူကနေ နေပြည်တော်မှာ မဲခိုးတာကိုလျှောက်ပြောမှာစိုးလို့ သူ့အောက်ကလူကို ရာထူးတိုးပေးပြီး သူ့ကိုဖမ်းထိန်းလိုက်တာပါ။ ယခင်ကတပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးတောင် ဖွတ်ကိုမပေးဘဲ NLD မဟုတ် ဘရွှေမန်းပါတီကို မဲပေးမိရုံနဲ့ အပြောင်းခံခဲ့ရတာကို စာရေးသူရေးတာ မှတ်မိကြမှာပါ။

ဘရွှေမန်းက 7 Day News journal မှာ ရေးတဲ့ဆောင်းပါးက သူ့လူထံကရတဲ့ သတင်းအချက်အလက်အချို့ကို အခြေခံခဲ့ပုံရပါတယ်။ ဒါ့ကြောင့်လဲ အဓိကလုပ်တာက သူပြောတာကို အပြင်ကိုပေါက်ကြားလို့ အရင်ကဖြစ်ခဲ့တာတွေကို ပြန်တူးဆွပြီး အရေးယူပုံပါ။ နောက်နေပြည်တော်က တပ်ထဲမှာ ပိုးတွေ့တာကိုလဲ စီမံခန့်ခွဲမှု ညံ့လို့ဆိုပြီးလဲ ပါတယ်လို့ဆိုပါတယ်။

ဒီနေရာမှာ နိုင်ငံခြားက ရခိုင်ကိစ္စမှာ ပြစ်တင်တဲ့ ၃၃ တပ်မမှူးဟာ ရာထူးတောင်တိုးခဲ့ပါတယ်။ ခိုင်းတာလုပ်လို့ပါ။ ယခုလိုရေးတာက အပြင်က တပ်နဲ့နီးစပ်သူ လူတွေလဲသိနေလို့ ထည့်ရေးလိုက်တာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ အထဲမှာ အရာရှိတွေကို စစ်သားသစ်စုဆောင်းခိုင်းတာကို ၆ လ ရပ်ပေးပြီး ချွေးသိပ်ထားပါတယ်။ ဘာခိုင်းမလို့လဲတေဋ့ မသိပါ။

သမိုင်းကို ပြန်လေ့လာရာမှာ ဘရွှေဟာ ၁၉၈၈ မှာ ဒုချုပ်၊ ၁၉၉၀ မှာ တပ်ချုပ်ကနေ ၂၀၀၂ ခုနှစ် ၁၂နှစ်အကြာမှ နေဝင်းကို ဖမ်းနိုင်ခဲ့တာပါ။ ဒါ့ကြောင့် ဘရွှေအနေနဲ့ မိမိလူက မိမိကို အာပြန်မခံနိုင်အောင်DASSK နဲ့ ဆွေးနွေးပြီး မိမိပြင်ဆင်ထားတဲ့အတိုင်း တပ်ချုပ်အသစ်ကို ပြောင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ပြည်သူကတော့ အာဏာရှင်နဲ့ သူပုန်တပ်ကိုတိုက်ဖို့ အဆင်သင့်ပါလို့ ပြောထားပါရစေ။


(Note to Facebook team: This is the article about demotion of a Major General who is allied to late dictator Than Shwe)

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 24, 2021

ဦးမြတ်!!! လိုလျှင်ဖြင့် ဖြူ မြူ!

မလိုလျှင်တော့ ငြူစူ **ဂူ**။

ပထရ. ကြော်လာ သော ကျော်မို့

အလုပ်ဗလာပြ ရပ်။

ဝီဝီ မလိုအပ်တော့ပြီမို့ ဂူ ။

လိုလျှင်ဖြင့် မိုက်တယ်တဲ့ မိုက်ကယ်!!! အဖြူအမြင်မို့ မြူအမြင်ထင်၊ သာယာငြိမ့်ငြောင်း ၊ ဘေးအပေါင်းက ရှောင်ခွာညောင်း။

ဒလမှာ တကြော်ကြော် အော်၊ မသူတော်မကတော့ ဘေးဘယာ ဝေးကွာကျော် ဘယာကြော်စား

ငြိမ့်လျက်သား။

အပြစ်ကို မြူမျှထင်သမျှမို့

အပြစ်သားကို အချစ်အား ပိုသမို့

ကျန်းမာရေးအရ နိုင်ငံရပ်ခြားထိတောင် ဆေးကုသခွင့်ရှိပါသည်။

မေတ္တသုတ်ရွတ်ဖတ်ပူဇော်သော သံဃာတော်များအား မချစ်ခင် အပြစ်မြင်တော့ မကြင်နာ မသနား

ဂူ မှာ စံ ကိုယ်တော်များ။

အပြစ်အညစ်ဗရပြစ်နှင့် ရှောင်လင်ကိုယ်တော် လက်သီးကျော်အား အမုန်းမပွါး၊ ကြည်ညိုအားထား လေးစားလေပြီ။

နောက်ဆုံးမှာတော့

#သံဃာစင်ပါမှောက်ပါမည်။

မြင်မိသမျှဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page