top of page
Search

ဗိုလ်ချုပ် ထွန်းထွန်းညီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးက အောင်မြင်နေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 28, 2019
  • 1 min read

ree


ဗိုလ်ချုပ်ထွန်းထွန်းညီဟာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးပါ။ သူဟာယခင်က တွဲဖက်စစ်ရေးချုပ်(၁) ပါ။ ဗိုလ်မှူးချုပ်ဘဝကလဲ စစ်ရေးချုပ်ရုံးမှာသာ လုပ်ခဲ့ပါတယ်။သူ့လက်ရှိအလုပ်က ပြည်သူတွေက တပ်မတော်ကိုပိုချစ်လာအောင်စည်းရုံးဖို့ပါ။


သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူး ကိုဇော်မင်းထွန်းကသာ သေသေချာချာဖြေနိုင်ပါတယ်။ သူကတော့် သတင်းသမားတွေနဲ့ ဆက်ဆံရေး မစိုးပါ။


ထွန်းထွန်းညီကတော့ဖားပြီး စစ်မတိုက်ရတဲ့ ရာထူးကိုယူထားသူပါ။ သူ့အစ်ကို ဒုဗိုလ်ချုပ်ကြီးထွန်းထွန်နောင်ကတော့ စစ်ဆင်ရေးအထူးအဖွဲ့မှူးအထိ ရာထူးတက်သွားပါပြီ။


ထွန်းထွန်းညီဘာတွေမှားခဲ့သလဲ။ သူဟာ စစချင်း သတင်းစာရှင်းလင်းပွဲမှာ ဓာတ်ခဲကို DASSK က အမြစ်ပြတ်တိုက်ခိုင်းတယ်ဆိုပြီး ဘယ်သတင်းထောက်မှ မမေးတာကို စပြီး ဖွပါတယ်။ သူ့ရည်ရွယ်ချက်က DASSK နဲ့ ရခိုင်တိုင်းရင်းသားတွေကို ရန်တိုက်ဖို့ပါ။ သူ့ကိုအစိုးရက တိုက်ရိုက်အရေးယူလို့မရမှန်းသိပါတယ်။ နောက်ရည်ရွယ်ချက်က သူတို့နဲ့ယခင်က ပြစ်မှုအတူကျူးလွန်ခဲ့သူတွေကို ငါတို့က ဟိုကတိုက်ခိုင်းလို့တိုက်ရတာ သွားမတိုင်နဲ့ဆိုတဲ့ ကလေးအထာမျိုးပါ။ ဟိုကမပြောတာကိုလဲ သူကပိုပိုသာသာလေးထည့်ပြောခဲ့ပါတယ်။ ဥပမာ အမြစ်ပြတ်ဆိုတယ့်စကားလုံးမျိုးပါ။ သူပြောလိုက်တဲ့အတိုင်းအစမှာတော့ မီဒီယာနဲ့ ရခိုင်ပါတီတွေက လိုက်နင်းပါတယ်။ ယခုလို စစ်ပွဲတွေကြာလာချိန်မှာတော့ ဘယ်သူကဘာဆိုတာ သူတို့လဲသိလာပါပြီ။


ယခုနောက်ပိုင်းသတင်းစာရှင်းလင်းပွဲတွေမှာသူက သတင်းသမားကို စိန်ခေါ်သလိုပြောလိုက် ပြည်သူကိုစိန်ခေါ်သလိုပြောလိုက်နဲ့ ပြောရင်း ပြောရင်းက ပြည်သူ့မေတ္တာခံယူသွားပါတယ်။ စကားစကားေုပာပါများ စကားထဲက ဇာတိပြဆိုသလိုပေါ့။


သူ့ရဲ့ပြောဆိုချက်တွေကြောင့် တပ်ဟာ မိမိပြောလိုတဲ့ သတင်းစကားပျောက်ပြီး အလှောင်ခံဖြစ်သွားပါတယ်။ သူပြောသင့်တာက လေကြောင်းပစ်ကူပေးချိန်မှာ ဓာတ်ခဲသူပုန်ကရွာထဲပြေးလို့ လေကြောင်းကမပစ်ဘဲ ပြန်ခဲ့တာမျိုးကို ထည့်ပြောပြရပါမယ်။ ဒါပေမယ့် သူက နိုင်ငံရေးအကြောင်းပြောတာများပြီး လူကြမ်းတွေ အနစ်နာခံတာတွေနဲ့ လမ်းကြောင်းလွဲသွားပါတယ်။


ယခု ICRC ယဉ်တန်းအတိုက်ခံရတယ်။ တပ်က မိုင်းခွဲပြီး မတိုက်တာတော့ သေချာပါတယ်။ စာရေးသူပြောတာ မယုံလဲ မတတ်နိုင်ပါ။ ဓာတ်ခဲက ပြောသွားတာကလဲ သူ့ကို ICRC က ယဉ်တန်းဘယ်အချိန်ဖြတ်မလဲ စာရင်းပေးထားတယ်။ ဒါကြောင့်သူတို့မတိုက်ဖူးလို့ပြောပါတယ်။ ဒါဆို ဘယ်သူတိုက်လဲ? ဖြစ်နိင်ချေက ICRC က ပုံမှန်ယဉ်မဟုတ်ဘဲ ညဘက်ဖြတ်လို့ တံဆိပ်လဲမပါလို့ ဓာတ်ခဲကမှားပစ်တာဖြစ်ဖို့များပါတယ်။


ဒါမျိုးဖြစ်စဉ်က သတင်းသမားတွေခေါ်ပြ၊ကျည်ဆန်တွေစစ် လုပ်ရမှာပါ။ ဒါက ကိုယ်မှန်တဲ့ဂွင်ပါ။ ယခုတော့ သူက မိမိလုပ်ရမယ့်အလုပ်မလုပ်ဘဲ မဟုတ်တာတွေနဲ့ အချိန်ကုန်လို့ ယခုလိုတကယ့်ကို ပြည်သူ့ဆက်ဆံရေးကောင်းမယ့် အခွင့်အရေးက လက်လွတ်သွားပါပြီ။


တပ်ချုပ်ကြီးလဲ မိမိအနားကနေ အားလုံးကောင်းပါပြီဆိုပြီး ပြောသူကို ထိုင်ကြည့် မနေပါနဲ့။ သူပြောတာနဲ့ ဆန့်ကျင်ဘက်က အပြင်မှာဖြစ်နေပါတယ်။


ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်ထားရင်တော့ ပြည်သူက အချစ်ပိုစရာမရှိပါဘူး။

 
 
 

Recent Posts

See All
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page