top of page
Search

ဖက်ဆစ်တပ်ချုပ် မအလကို ဘာလို့ ရာထူးက ဝိုင်းဖယ်သင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 12, 2021
  • 1 min read

ဒီဆောင်းပါးဟာ ဒီမိုတွေဖတ်ဖို့ မရည်ရွယ်ဘဲ ဘရွှေ၊ တရုတ်နိုင်ငံသံရုံး၊ အာဆီယံနဲ့ သာမန်တပ်မတော်သားများအတွက်သာပါ။

၂၀၁၁ ကနေ စလိုက်တဲ့ ဒီမိုပြုပြင်ပြောင်းလဲရေးမှာ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး တည်ငြိမ်လာခဲ့ပါတယ်။ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးကအစပေါ့။ လူငယ်လေးတွေဟာလဲ အိပ်မက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဒီဖွံ့ဖြိုးမှုတွေဟာ ၂၀၂၁ ဖေဖော်ဝါ (၁) ရက်နေ့မှာ ရပ်သွားခဲ့ပါပြီ။

ဘရွှေနဲ့ လက်ရှိအငြိမ်းစားယူထားသူများ စဉ်းစားရန်

မအလဟာ မဲမသာမှုကြောင့် အာဏာသိမ်းတယ်လို့ အကြောင်းပြခဲ့ပေမယ့် သူဟာ အာဏာရူးဆိုတာယခုသိလောက်ပါပြီ။ နောက် ပြည်သူတွေဟာ သူတို့သာ NLD ကို မဲမပေးခဲ့ရင် သူအာဏာသိမ်းတာကိုထိုင်းမှာလို ကြိုဆိုနေရမှာပါ။ ယခုအချိန် ရက်ပေါင်း ၁၀၀ အထိ လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေက ပြည့်နေဆဲပါ။ ပြည်သူတွေက ဆန္ဒပြလို့ သူကအာဏာသိမ်းခဲ့သလို သူ့ကိုပြည်သူတွေက ဆန္ဒပြနေလို့ သူ့ထံက အာဏာပြန်သိမ်းရမှာပါ။

နောက်မအလဟာ အာဏာမသိမ်းခင်ကထဲက ခိုးထားတာ အလွန်များနေလို့ သူ့သာတိုင်းပြည်ကိုအပ်ရင် အဝီစိရောက်သွားမှာပါ။ ယခုလဲ တိုင်းပြည်စီးပွါးရေးဟာ အဝီစိကို ဦးတည်နေပါပြီ။ မအလဟာ ဒါတင်ထိခိုက်တာလား?

ယခုအချိန်မှာ မအလရဲ့ ဖက်ဆစ်တပ်ကို ပြည်သူတွေက မုန်းတီးနေတာဟာ မြန်မာ့သမိုင်းမှာ အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ကို မုန်းတာထက်ပိုနေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ရရာလက်နက်စွဲကိုင်ပြီး ပြန်တိုက်နေကြတာဟာ နေရာတိုင်းမှာပါ။ ဒါဟာ တူမီးသေနတ်အဆင့်သာ ရှိနေသေးပြီး နောက်ပိုင်းမှာ ယခုထက်ဆိုးလာမှာပါ။ ယခုနယ်မြေစိုးမိုးရေး ပျက်လာနေပြီး နောက်ပိုင်းမှာ ရခိုင်လို အမဲရောင်နယ်မြေဖြစ်သွားမှာပါ။ ပြည်တွင်းစစ်ကြီးလာရင် အချုပ်အခြာအာဏာပါ ဆုံးရှုံးသွားပါမယ်။

တရုတ်နိုင်ငံလဲ ဘာရင်းနှီးမြုပ်နှံမှုမှ လုပ်ရနိုင်မှာမဟုတ်သလို အာဆီယံလဲ ၁၉၈၈ ကလို လုပ်လို့ရမှာမဟုတ်တော့ပါ။ ပြည်သူတွေရဲ့ ဒေါသဟာ အထွဋ်အထိပ်ကို ရောက်နေခဲ့ပါပြီ။

ဖက်ဆစ်မအလနဲ့ သူ့ရဲ့လက်ပါးစေတွေဟာ ဆန္ဒပြသူများကို အကြမ်းနည်းသုံးရင် နိုင်မယ်လို့ယူဆပေမယ့် ပြည်သူအများစုဟာ အင်အားသုံးလေ လက်နက်စွဲကိုင်ဖို့ စိတ်အားထက်သန်လာလေလေပါ။

ဒီနေရာမှာ ဘရွှေတို့အနေနဲ့ ပုံမှန် NLD ထောက်ခံသူလောက်က မအလကိုမကြိုက်လို့ လုပ်နေတယ်ဆိုရင်တော့ တိုင်းပြည်ကို ပြန်ထိန်းနိုင်မယ်လို့ မျှော်မှန်းလို့ ရနိုင်ပါတယ်။ ဆရာဇင်ဝိုင်းတို့ လူမင်းတို့ဟာနဂိုကထဲ NLD ထောက်ခံခဲ့တာပါ။ ယခုပိုင်တံခွန်ကလဲ မအလကိုမကြိုက်သလို ပိုပိုကလဲ သူအဖမ်းခံရတာတောင် အပြုံးမပျက်ခဲ့ပါ။ ယခုအချိန်မှာ ထားထက်ထက်တောင် လက်နက်ကိုင်ပြီဆိုရင်တော့အခြေအနေမှန်ကို သဘောပေါက်ပါလို့ ပြောပါရစေ။ ဘရာပြည့်ကို နေရာပြောင်းလဲ ဘာမှမထူးပါဘူး။ပြောင်းချင် ဖြုတ်ချင်ရင် ဖက်ဆစ်မအလကိုသာ ရာထူးကဖြုတ်ချရမှာပါ။

ယခုအချိန်မှာ ဆူဒန်လို မအလကို ပြန်ဖြုတ်ချနိုင်ရင်တောင် အချိန်မှီမလား မသိတော့ပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page