top of page
Search

ဖက်ဆစ်တော်လှန်ရေးနေ့မိန့်ခွန်းမှ ၂၀၂၁ နွေဦးတော်လှန်ရေးအတွက် သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 21, 2021
  • 1 min read

ree

၁၉၄၅ မတ်လ ၁၇ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက သူ့တပ်ကို စစ်မထွက်ခင် မိန့်ခွန်းပြောခဲ့ပါတယ်။ထိုအချိန်က ဖက်ဆစ်တပ်တွေဟာ မြန်မာပြည်ထဲမှာ ရွှေရည်စိမ် လွတ်လပ်ရေးသာပေးပြီး ပြည်သူကိုသတ်ဖြတ် ညင်းဆဲနေချိန်ပါ။ ဖက်ဆစ်တပ်ကြီးက လူတွေကိုဖမ်းနိုင် သတ်နိုင်နေလို့ အားကောင်းသယောင် ထင်ခဲ့ရပါတယ်။ ထို့အတူပါဘဲ ထိုအချိန်မှာ ဖက်ဆစ်တွေကို မြန်မာ့မြေကနေ တိုက်ထုတ်နိုင်ဖို့ဟာ သေချာသလား မသေချာဘူးလားဆိုတာ ဘယ်သူမှ မသိနိုင်ခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာအင်္ဂလိပ်နဲ့ ညှိနှိုင်းပြီး အင်္ဂလိပ်ထံက အကူအညီယူပြီး လက်တွေ့ကျတဲ့ ဗျူဟာနဲ့ ဖက်ဆစ်တွေကိုတိုက်ထုတ်ဖို့ လုပ်ခဲ့ပါတယ်။

၂၀၂၁ မှာလဲ မအလဦးဆောင်တဲ့ အကြမ်းဖက် ဖက်ဆစ်တပ် ကိုယ်ထူကိုယ်ထနဲ့ တိုက်ထုတ်ဖို့ ဖယ်ဒရယ်တပ်မတော်ကြီးဟာ ကိုမင်းကိုနိုင်၊ ဆရာဇော်ဝေစိုးနဲ့ ဒေါက်တာဆာဆာတို့ရဲ့ ဦးဆောင်မှုနဲ့ရုပ်လုံးပေါ်လာနေပါပြီ။ ဒီအချိန်မှာ ဗိုလ်ချုပ်မိန့်ခွန်းထဲကအတိုင်း ပြင်ဆင်ထားကြပါလို့ ပြောပါရစေ။

ဗမာ့တပ်မတော်ဟာ ထိုင်းမှာစဖွဲ့ချိန်က ၂၂၇ ယောက်သာ ရှိခဲ့တယ်ဆိုတာ မမေ့သင့်ပါ။ နောက်ပိုင်းမြန်မာပြည်ထဲအဝင်ကြမှသာ အင်အားကြီးထွားလာတာပါ။ နိုင်ငံခြားကအကူအညီကို ဖက်ဆစ်ကိုတိုက်ခဲ့စဉ်ကလို အတိုင်းအတာတစ်ခုအထိ ရယူနိုင်မှာဖြစ်ပေမယ့် နောက်ဆုံးကတော့ ကိုယ်ထူကိုယ်ထပြီး တိုက်ခိုက်မှသာရမှာပါ။ အနာခံမှ အသာစံရမှာပါ။

မတ် ၂၇ ရက်နေ့မှာ ပြည်သူဘယ်လောက် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေအုံးမလဲဆိုတာက အချိန်ရောက်ရင် သိရမှာပါ။

နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါ။

—————————-

ဗိုလ်ချုပ်အောင်ဆန်းရဲ့ စစ်ထွက်မိန့်ခွန်းကို သင့်တော်သလို ပြင်ထားလိုက်ပါတယ်။


ရဲဘော်တို့

အကျယ်ချဲ့ပြီး ရှေရှေမပြောချင်ဘူး။ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်၊ ငတ်မယ်၊အခက်အခဲ တွေနဲ့ ရင်ဆိုင်ရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံသားပီပီ ပြည်ထောင်စုသွေးကို ပြပါ။အထက်ဗိုလ်များရဲ့ အမိန့်ကို နာခံကြပါ။ အထက်ဗိုလ်တွေကလဲ သာတူညီမျှ ရဲဘော်စိတ်ထားပါ။ရဲဘော်တို့ကို ကတိပေးထားတဲ့ အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့ နဲ့အတူ ချီတက်မယ်။

ဘုံရန်သူ မအလကို ချေမှုန်းကြ။ အနီးကပ်ဆုံး ရန်သူကို ရှာပြီး တိုက်ကြ။ ဒါဘဲ။။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page