top of page
Search

ဖက်ဆစ်စနစ်ကို ဘယ်လိုတွန်းလှန်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 9, 2021
  • 1 min read

မအလဖက်ဆစ်တပ်ဟာ စစ်ပွဲနိုင်ဖို့ ဖြတ်လေးဖြတ်ကို အခြေခံပါတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာပါ။ နောက်သူ့ရဲ့ အဓိကဗျူဟာက ရန်သူ့စခန်းကို အဝေးက အမြောက်နဲ့ပစ် ဗုံးကြဲပြီးမှသိမ်းတာပါ။ သူက လက်နက်အင်အားသာတယ်ပေါ့။ ဒါ့ကြောင့် သူ့ဖက်ဆစ်တပ်ကို အနီးကပ်ခြုံခိုတိုက်ရင် သူ့စခန်းကို အလစ်အငိုက်ဝင်တိုက်ရင်တော့ အောက်ခြေတပ်က စိတ်ဓာတ်မခိုင်လို့ အများစုက ထွက်ပြေးပါတယ်။ ဖက်ဆစ်တပ်ရဲ့ နည်းဗျူဟာတွေကို ဘယ်လို တုန့်ပြန်မလဲ?


ပထမ ဝ ကိုကြည့်ပါ။ သူ့မှာ တာဝေးပစ်အမြောက်ရှိသလို လေယဉ်ပစ်အမြောက်လဲရှိပါတယ်။ ဒါတွေဟာ ပုံမှန်မအလဖက်ဆစ်လေယဉ်အများစုကို ဟန့်တားနိုင်ပါတယ်။ နောက်ဆုံးဝယ်ထားတဲ့ SU30 ရောက်လာရင်တော့ မပြောတတ်ပါ။ ဝက အဆိုပါလက်နက်တွေကို ဘယ်ကရလဲဆိုတော့ တရုတ်နိုင်ငံကပါ။ တရားဝင်ရတာလား မှောင်ခိုစျေးကွက်ကလားတော့ မသိပါ။ လောလောဆယ်အထိတော့ မအလဖက်ဆစ်တပ်က မတိုက်ရဲအောင် ဝက ထိန်းထားနိုင်တာက လက်တွေ့ပါ။ သူ့လိုဖြစ်ချင်ရင် သူ့ကဲ့သို့လက်နက်လိုပါတယ်။ အမေရိကန်နဲ့ ယူကေက အပြောမဟုတ်ဘဲ လက်တွေ့မှာ KIA နဲ့ KNU ကို ခုခံစစ်လေယဉ်ပစ်လက်နက် SAM တွေ ထောက်ပံ့ပေးဖို့လိုပါတယ်။


ဒီလိုမလုပ်နိုင်ရင် ဘယ်လိုဆက်လုပ်မလဲ? ဒုတိယနည်းက ရခိုင်မှာ ခံချပုံကိုလေ့လာသင့်ပါတယ်။ AA ဟာ ၂၀၁၄ နောက်ပိုင်း စနစ်တကျ ရခိုင်မှာ ခြေကုပ်ရအောင် ထောက်ပို့လမ်းကြောင်းတွေ ထူထောင်ပြီးတော်လှန်ရေးလုပ်နိုင်ခဲ့ပါတယ်။ ဖက်ဆစ်တပ်ဟာ သူ့ကိုလာတိုက်ရင် ရခိုင်ရွာတွေကို တုန့်ပြန်ပစ်ခတ်ပြီး AA ကို ဖိအားပေးပါတယ်။ သူ့လူမျိုးက အိမ်ပစ်ပြေးပေမယ့် AA ကို ဆက်ထောက်ခံပြီး မအလကိုခံချပါတယ်။ ကြာတော့ မအလဖက်ဆစ်တပ်မှာ အကျအဆုံးများလာပါတယ်။ နောက်ဆုံး ဆက်ပြီးစစ်ဖြစ်နေရင် သူအာဏာသိမ်းချိန်နဲ့ ငြိလာနိုင်လို့ အမြန်အပစ်ရပ်ရပါတယ်။ ယခုအချိန်မှာ မအလ ဗိုက်နာနေပြီး AA ကသာ စိန်ခေါ်တောင်းဆိုရင် သူအလျှော့ပေးရမှာပါ။

ယခုစာရေးသူတို့အနေနဲ့ ရွာတွေကနေ ခံတိုက်တဲ့အခါမှာ မအလဖက်ဆစ်တပ်ရဲ့ အဓိကဗျူဟာက အဲ့ဒီသူတို့ကိုတိုက်တဲ့ ရွာအနီးနားက လူတွေကို ဖမ်း၊ ရွာမီးရှို့၊ ခိုး၊ ဓားမြတိုက်တာပါ။ ဒါဆိုရင် လူတွေကြောက်ပြီး သူတို့ရွာမှာ သူပုန်အကပ်မခံဘူးဆိုတဲ့ ဗျူဟာပါ။ မအလ မတွေးမိတာက သူ့ကို တစ်ရွာလုံးကမုန်းပြီး ခံချချင်နေတာပါ။ လက်နက်မရှိတာကသာ ပြဿနာပါ။ ဒါ့ကြောင့် မအလဖက်ဆစ်တပ်ကို ခံချနေတဲ့ နေရာတွေကို လက်နက်ရိက္ခာ ဘယ်လိုထောက်ပံ့မလဲ စစ်ဘေးရှောင်ကို ရခိုင်မှာလို ပြည်မက ဘယ်လိုကူညီနိုင်အောင်လုပ်မလဲ ပြင်ဆင်ထားကြရပါမယ်။ စာရေးသူအနေနဲ့ NUG အတွက်ဘယ်ဒေသဟာ လွတ်မြောက်နေမြေ ဖြစ်လာနိုင်သလဲဆိုတဲ့ မဟာဗျူဟာစာတမ်းကို NUG က ဝန်ကြီးတစ်ပါးထံ ပို့ပြီးပါပြီ။ နည်းဗျူဟာကတော့ သူတို့ဖာသာ စွဲဖို့ပါ။


ယခုအချိန်မှာ တိုင်းရင်းသားအားလုံး တစ်ညီတစ်ညွတ်ထဲသာ ဝိုင်းတိုက်ကြရင် မအလဖက်ဆစ်ဟာ ကုလမလိုဘဲ ပြုတ်ကျမှာပါ။ မင်းတပ်ကို AA က ကူညီရင် AA က ပလက်ဝကို ထိန်းချုပ်နိုင်ပါမယ်။ မအလကို တိုက်ထုတ်ဖို့ အချင်းချင်း ကူညီကြပါ။ ပြည်သူတွေလဲ ဖက်ဆစ်တပ်ရဲ့ နှိပ်ကွပ်မှုကို ရေတိုမှာ ခံရမှာဖြစ်ပေမယ့် ရေရှည်ကောင်းစားဖို့အတွက် ရေတိုပေးဆပ်ကြပါလို့သာ ပြောပါရစေ။ လက်ရှိမှာတော့ ပြည်သူ့စစ်ဗျူဟာနဲ့သာ ရန်သူ့စခန်းဝင်တိုက် အထိနာအောင် လုပ်ရမှာပါ။ ရန်သူဟာအကျအဆုံးများလာရင် သွေးပျက်လာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
May 09, 2021

ဦးမြတ်!!! ဖက်ဆစ်ထက် ဆိုးသွမ်းယုတ်ညံ့၍

အမည်ပြောင်းပါရစေ။

**အဝီစိငရဲ၏ စေတမန်များ**

ချမ်းသာသုခ လုံးဝမရှိ ၊ ဆင်းရဲဒုက္ခအပေါင်း အကြားအလပ် မရှိ ၊ ဆင်းရဲတခုပြီးသည်နှင့် နောက်ဆင်းရဲတခု လေသွေးချိန်မရအောင် နှိပ်စက်တတ်သောကြောင့် အဝီစိ ဟုခေါ်ပါသည်။

~ခံတွင်းထဲသို့ ဓါတုဆေး လောင်းချခြင်း။

~တက်တူးထိုး အရေပြားပေါ် တာယာမီးရှို့၍ ကျလာသော ရော်ဘာပျော်ရည် ပွက်ပွက်ဆူ လောင်းချခြင်း

~အမျိုးသမီး လိင်အင်္ဂါကို သွေးထွက် ဒါဏ်ရာရသည်ထိ ဖိနပ်နှင့် ဆောင့်ကန်ခြင်း

ဘယ်လောက်များ နာကျင် ခံ ခက်ပါမည်နည်း။

သည်လို အရိုင်းအစိုင်းများကို လက်နက်စွဲကိုင်ရုံမှတစ်ပါး ရွေးစရာ မရှိ။

မည်သို့ ကြိုတင်ပြင်ဆင်ပါမည်နည်း။

တော်လှန်ရေးမှ ာ *ဆက်သား/ တနည်း ဆက်သွယ်ရေး စနစ်* အဓိက ကျပါသည်။ လုံခြုံ ချောမွေ့ရန် လိုပါသည်။

~နယ်မြို့များနှင့် ကျေးလက်များ၏ ဆက်သွယ်ရေး(ဆက်သား)၏ အသက်သည် ဆိုင်ကယ် နှင့် လက်ကိုင်ဖုန်း ။ ပစ္စည်းအတွက် ဆိုင်ကယ်၊ သတင်းအတွက် ဖုန်း။ {{ ငရဲသားများ ဆိုင်ကယ်တွေဖမ်း ၊ ဖုန်းတွေ အဓမ္မ သိမ်းယူနေကြပါသည် }}

~အချက်ပြ စနစ်။ လက်နှိပ်ဓါတ်မီး နှင့် အုံးမောင်း တုံးခေါက်သံ။

မြို့ပြများနှင့် နယ်။ အောင်မြင်မှုအရာမှာ နယ်က သာလွန်ပါသည်။ မင်းတပ် ကန္နီ စံနမူ ။

ရင်း ရဲ သောကြောင့်!!!

လှိုင်သာယာဖြစ်စဥ်မှာ အဝိုင်းခံရတုန်း၊ နောက်ဖက်မှနေ၍ လိုက်ထရပ် အဟောင်းတစ်စီး တင်သင့်တဲ့ပစ္စည်း တင်ပြီး မောင်းသွင်းခဲ့လျှင် ရှေ့အာရုံစိုက်နေတဲ့အဖွဲ့ ကျောကော့အောင် ခံရပါမည်။ ယာဥ်မောင်း မလို။ ခြေနင်းပြားပေါ် တခုခု ထောက်လွတ်ရုံ။

ချင်းတွင်းတကြောမှာ လှေ ရင်းရဲသူ၊ လှည်း ရင်းရဲသူများကြောင့် အောင်မြင်သင့်သလောက်

အောင်မြင်ခဲ့ပါသည်။

မြို့နေ အလွှာ…

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page