top of page
Search

ဖြိုးသန့်ဖမ်းလား မဖမ်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 8, 2021
  • 1 min read

စစ်ကိုင်းတိုင်းကို အုပ်ချုပ်ရတဲ့ အနောက်မြောက်တိုင်းမှူးအသစ်က ဗိုလ်မှူးချုပ်ဖြိုးသန့်ပါ။ အားလုံးသိတဲ့အတိုင်း စစ်ကိုင်းနဲ့ချင်းက အာဏာသိမ်းပြီးကထဲက မအလဖက်ဆစ်ကို ခံချခဲ့ကြပါတယ်။ လွယ်သလားဆိုတော့ မလွယ်ပါ။ ပြည်သူတွေ မအလတပ်ကသတ်တာ မီးရှို့တာခံခဲ့ရပါတယ်။ အဆိုပါအခက်အခဲကြားက သွေးမကြောင်ဘဲ ခံချခဲ့ကြတာပါ။ အစပိုင်းမှာ ဒေသခံ တပ်ရင်း တပ်မတွေနဲ့ ရှင်းဖို့ကြိုးစားပါတယ်။ ပြည်သူတွေကခံချလို့ အသေများပါတယ်။ အဆိုပါအချိန်မှာ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ကိုလွှတ်ပြီး ရှင်းခိုင်းပါတယ်။ သူကယခင်တိုင်းမှူးဟောင်းပါ။ ဒါလဲ PDF တွေကို မနိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ဖိအားတွေများလာပြီး အောက်က မအလတပ်က စစ်ရာဇဝတ်မှုတွေ ပိုကျူးလွန်လာပါတယ်။ ဒါကို ကုလမှာ ဦးကျော်မိုးထွန်းကတင်ပြတော့အောက်ခြေမှာ ဖိအားပိုများလာပြန်ပါတယ်။

ထိုအချိန်မှာဘဲ မအလဖွတ်တွေဖြစ်တဲ့ ဘူးလက်တို့ မောင်မြင့်တို့က တိုင်းမှူးမကောင်းဘူး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ ပြောကြရေးကြပါတယ်။ ဖွတ်မီဒီယာ People Media ကလဲ တိုင်းမှူးလဲဖို့ ဖိအားပေးသလို Neo Politics ကလဲ အုပ်ချုပ်ရေးမှူးတွေကို မကာကွယ်ပေးနိုင်ဘူး ဘာညာဆိုပြီး ဖိအားပေးပါတယ်။

ဒါ့ကြောင့် နောက်အမှတ်(၁) စစ်ဆင်ရေးက ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်ကိုလွှတ်ပြီး ဖြိုးသန့်ကိုခုံရုံးဖွဲ့စစ်ဖို့ပြင်ပါတယ်။ (၃)ကလဲ အဖမ်းခံထားရလား မသိသေးပါ။ ထိုအချိန်မှာဘဲ ဖြိုးသန့်ကလဲ ငါ့ကိုတော့ ထိုးအကျွေးမခံဘူးဆိုပြီး CDM အသံထွက်ပုံပါ။ ဒါကိုသိသွားလို့ သူ့ကိုဖမ်းဖို့ကြိုးစားချိန်မှာသတင်းထွက်လာလို့ နမခထဲမှာ သူ့ကိုထောင်ထဲမထည့်ရဲဘဲ ယူနီဖောင်းနဲ့ အစည်းအဝေးတွေမှာ လိုက်ပြောခိုင်းနေပါတယ်။ အပြင်မှာတော့ သူပြေးလို့မရအောင် အစောင့်ထားထားပါတယ်။ အခြေအနေကဘယ်လောက်ဆိုးသလဲဆိုတော့ ဖွတ်ဩဇာခံ Peoples Media နဲ့ Neo Politics တို့က ဖြိုးသန့်သတင်းမဟုတ်ပါဘူးလို့ ငြင်းရတဲ့အထိပါ။ သူတို့မဟုတ်ရင် ပြောင်းပြန်ယူပေါ့။ သူသာတကယ်အဖမ်းခံရတယ်ဆိုတာ အခြားတိုင်းမှူးတွေသိသွားရင် ပိုကြောက်တာလဲ ဖြစ်နိုင်သလို ပိုပေါက်ကွဲတာလဲ ဖြစ်နိုင်ပါတယ်။

ယခုက ဖြိုးသန့်ကို မအလက ဘာဆက်လုပ်ရမလဲဆိုတာပါ။ ယခုဟာက စစ်ပြီး ရူးချင်ယောင်ဆောင်ပြန်လွှတ်ထားတဲ့သဘောပါ။ ယခုလို ဖြစ်လာတာဟာ အမေရိကန်ကြောင့် အင်္ဂလိပ်ကြောင့် တရုတ်ကြောင့် အာဆီယံကြောင့်မဟုတ်ပါ။ ယခုလို တိုင်းမှူးအဆင့်အထိ လှုပ်လာတာဟာ ပြည်သူတွေကြောင့်လို့သာ ပြောပါရစေ။ ပြည်သူသာ အဓိကပါ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 08, 2021

ပြောခဲ့သောစကား တချိန်က နားလျှံအောင်ကြားခဲ့ရသော စကားကလည်း

သက်သေပြနေပါပြီ။

ပြည်တွင်းအားသည် ပြည်တွင်းမှာသာ

ရှိသည်။


Like

Myint Soe Oo
Myint Soe Oo
Oct 08, 2021

ယနေ့သတင်းအရ

ကယားမှာ စကစ တပ်သားတွေ ဝတ်စုံနှင့် ကျည်ဆံများထား ထွက်ပြေးကြောင်း

သတင်းစာမျက်နှာများမှာ ဝေဝေဆာဆာဖော်ပြနေကြပါသည်။

စစ်ကိုင်းတိုင်းထဲမှာ ကျဆုံးမှုသတင်းတွေ မထင်မှတ်လောက်သော အရေအတွက်ဖြစ်လာပါသည်။

မောင်လှဆွေတောင် ထ အော်နေရသောအဖြစ်။

တချိန်တခါက အများသူငါ နားလျှံကျအောင် ပြောခဲ့သောစကား ခုမှ အသက်ဝင်လှုပ်ရှားလာပါပြီ။

*ှှှှှှှှှှှှှှှှ်ှှှှှှှှှှှှှှှှ်ှှှှှှှှှှှှှှှှ်ှှှှှှှှှှှှှှှပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်။

ခုခါပြည်တွင်းမက ပြည်ပအားများပါဝင်လာပါသည်။အဓိကကျသော ယုံကြည်ချက်နှင့် ယှဉ်သော ခံယူချက် ပျောက်ကွယ်စေသောအချက်မှာ

ယူကရိန်းနိုင်ငံမှ စကစ အဖွဲ့ဝင် ၁၈ ယောက်ကို ပြည်ဝင်ခွင့်ဗီဇာ မပေးြခင်းဖြစ်ပါသည်။

မည်သို့ပင် ဟန်ဆောင်ပြောငြား ယုံကြည်မှုပျောက်ဆုံးနေသော ပုံရိပ်များထင်ရှားနေပါပြီ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page