top of page
Search

ဖြိုးပြည့်စုံနဲ့ BPI အောင်ဇော်မတူပါ

Writer: Myat Tun Oo
Myat Tun Oo
Oct 10, 2019
1 min read


ဖြိုးပြည့်စုံနဲ့ BPI အောင်ဇော်မတူပါ

စာရေးသူအနေနဲ့ လက်ရှိဖြစ်နေတဲ့အမှုတွေကို ဝေဖန်လေ့မရှိပါ။ အချို့ ကိုနေမျိုးဇင်လိုကိစ္စကလွဲရင်ပေါ့။ ဒီနေရာမှာ အချို့ဆရာဝန်စာရေးဆရာတွေက ဖြိုးပြည့်စုံလွတ်တာနဲ့ BPI အောင်ဇော်ကို ရောပြီးလောလို့ ကွဲပြားအောင်ရေးပါ့မယ်။ ပုံမှန်နိုင်ငံတကာမှာ အမှုစစ်နေချိန်ဝေဖန်လို့မရပါ။ ဝေဖန်ရင်အမှုအပေါ်လွှမ်းမိုးနိုင်လို့ပါ။ သူတို့ဆီမှာက ဂျူယီလို့ခေါ်တဲ့ ပြည်သူတွေက အပြစ်ရှိ မရှိဆုံးဖြတ်ပြီးတရားသူကြီးက ထောင်ဒဏ်ကိုချလို့ပါ။

ပြန်ဆက်ရအောင်။ ဖြိုးပြည့်စုံနဲ့ အောင်ဇော်ဟာ ဆေးကျောင်းထွက်တာတူပါတယ်။ ပြီးရင်ကျန်တာကွာပါတယ်။ ဖြိုးပြည့်စုံက NLD ကအချို့နဲ့ ရင်းနှီးပါတယ်။ အောင်ဇော်က အဘမအလရဲ့ အိမ်မွေးခြံပေါက်ရဲ့ညီပါ။ သူက ဒီမိုမဟုတ် စစ်သားမိုးကျပါ။ သူက အောင်သောင်းလူပါ။ အဆင်အသွယ်ကောင်းလို့လဲ ဒီအလုပ်ရခဲ့တာပါ။

ဒါတင်ဘဲလား။ ဖြိုးပြည့်စုံက အကွက်ဆင်အဖမ်းခံခဲ့ရတာပါ။ အောင်ဇော်က သူအမှားလုပ်လို့ အဖမ်းခံရတာပါ။ ဒီနေရာမှာအောင်ဇော်ကိုလော်သူ FAME က ဆရာဝန်ကလဲ အမေရိကန်မှာလဲ သွေးကျဆေးLisinopril တွေ မှားထုတ်လို့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်ကြောင်း အရေးယူမခံရသယောင်လော်ပါတယ်။ သူ မပြောတာက အဲ့ဒီဆေးLisinopril ဟာ စားဆေးဖြစ်ပြီး အောင်ဇော်ထုတ်တာက သွေးကြောသွင်းဆေးရည်ပါ။ ဘိန်းကိုစားတာနဲ့ သွေးကြောထဲသွင်းရင် ဘယ်ဟာအသေမြန်နိုင်လဲ သာမန်လူတောင်သိပါတယ်။ နောက်အဲ့ဒီအမေရိကန်က ပြန်သိမ်းတဲ့ဆေးက လူကိုမသေစေနိုင်လို့ အမေရိကန်FDA ရဲ့ အင်တာနက်စာမျက်နှာမှာ ရေးထားပါတယ်။နောက်အဲ့ဒီဆေး ပြန်သိမ်းရလို့ ရှုံးတာက ကုမ္ပဏီပါ။ ပြည်သူ့ပိုက်ဆံမဟုတ်ပါ။

ဒါကြောင့် အောင်ဇော့်ကိုလော်လိုရင်လဲ လော်ပါ။ ဒါပေမယ့် ဖြိုးပြည့်စုံအမှုနဲ့ မနှိုင်းပါနဲ့။ နောက်ခံမတူသလို ဖြိုးပြည့်စုံက NLD ကိုအားပေးတဲ့ အနုပညာရှင်တွေကို လုပ်နေကြအတိုင်း ထောင်အဖမ်းခံရတာပါ။ နောက်ဖြိုးပြည့်စုံက လူတွေကို ဒုက္ခဖြစ်စေနိုင်တဲ့ဆေးဝါးကို သိလို့ဘဲဖြစ်ဖြစ် မသိလို့ဘဲဖြစ်ဖြစ်ထုတ်နေသူမဟုတ်ပါ။ သူဘာမှ မလုပ်ရဘဲနဲ့ ဘလိုင်းကြီး ထောင်ဖမ်းခံရတာပါ။ နောက်သူနဲ့ သူ့သူငယ်ချင်းတွေကို ရိုက်နှက်ခံခဲ့ရတာပါ။ အောင်ဇော်က သူ့လုပ်ရပ်ကြောင့်အဖမ်းခံရတာဖြစ်ပြီး ပြည်သူကိုအန္တရာယ်ဖြစ်စေနိုင်လို့ပါ။ နောက်အောင်ဇော့်ကို ရဲက လက်ဖျားနဲ့တောင်မတို့ရဲပါ။

မတူတာနှစ်ခုကို တန်းညှိပြီး မလော်ပါနဲ့။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page