top of page
Search

ဖွတ်က မိုင်းပျဉ်းမှာ ဘယ်လိုမဲခိုးဖို့ လုပ်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 20, 2020
  • 1 min read

မိုင်းပျဉ်းက လက်ရှိအမတ် ဦးစိုင်းထွန်းစွန်ဆိုတာ လွှတ်တော်နာယကဖြုတ်ဖို့ အဆိုတင်ခဲ့တဲ့ဖွတ်ဆိုတာအားလုံးမှတ်မိမယ်ထင်ပါတယ်။ သူက ထွေအုပ်၊ မြေစာရင်းတွေနဲ့ ပေါင်းပြီးမြေခိုးရောင်းစားတာလဲစာရေးသူတင်ပြခဲ့ပြီးပါပြီ။ နောက်သူက မျိုးစောင့်ဥပဒေနဲ့ ငြိစွန်းပြီး မိန်းမနှစ်ယောက်ကိုတစ်ပြိုင်နက် ပေါင်းသင်းနေထိုင်တာလဲ စာရေးသူ ပုံနှင့်တကွ တင်ပြပြီးပါပြီ။ တကယ်က နှစ်ယောက်မဟုတ်ဘဲ အငယ်က သုံးယောက်ပါ။ မိုင်းပြင်းမြို့ပေါ်မှာက တစ်ယောက်၊ မပရွာဖက်မှာတစ်ယောက်၊ တာချီလိတ်မှာတစ်ယောက်ပါ။ သူ့မိန်းမကြီး မသိတာလား မသိချင်ယောင်ဆောင်နေတာလားတော့ မသိပါ။ ခက်တာက ရှမ်းပြည်မှာ NLD အုပ်ချုပ်ရေးက အမည်ခံသာဖြစ်နေပြီး တောင်ကြီးမှာသာ NLD အုပ်ချုပ်တယ်လို့ ပြောလို့ရပါတယ်။


ရှမ်းပြည်မြောက်ပိုင်းမှာ ရွေးကောက်ပွဲမလုပ်လို့ ပါတီအချို့ အားမလို အားမရဖြစ်ကြတာကို နားလည်ပါတယ်။ အချို့ NLD အမတ်တွေတောင်ပါပါတယ်။ အဘကလဲ တပ်အင်အားတစ်သောင်းကို ကြိုတင်မဲပေးဖို့ ပြင်ထားပြီးကာမှ ယခုလို ရှမ်းမြောက်မှာမလုပ်တော့ ကြိုက်မှာမဟုတ်ပါ။

ပထမဆုံး ဖွတ်တွေက မိုင်းပြင်း/မိုင်းပျဉ်းနားက မိုင်းပူးအွန်က ဝမ်ပျက်ရွာ ဝမ်ခုမ့်ရွာဝမ်ကတ်ရွာ ဝမ်ကျမ်း ဝမ်ပေါင် ကျိုင်းတောင်း ဟိုနမ့်ပူးအပေါ်ရွာ အောက်ရွာက ရွာသားတွေကို ၁၈နှစ်ပြည့် မှတ်ပုံတင်လုပ်ပေးမယ်ဆိုပြီး စည်းရုံးပြီးမှတ်ပုံတင်အဟောင်းတွေကို သိမ်းသွားခဲ့ပါတယ်။

ဒီလိုစည်းရုံးသလို သူကသွားလာရင် ပြည်သူ့စစ်အစောင့်အရှောက်ဖြင့်သွားလာလေ့ရှိပါတယ်။ ဒါကြောင့် မဲဆွယ်ရင်လဲ သူတို့နောက်ခံအင်အားကို ယူထားသလိုဖြစ်နေပါတယ်။ ဒီနေ့လဲ ဖွတ်တွေက မြို့ထဲမှာ လှည့်ပါတယ်။ တစ်ရွာကို လူ ၅၀ လာခိုင်းပြီး ရွာ ၂၀ မိုလို့ အင်အားက လူတစ်ထောင်လောက်ရပါတယ်။ အဲ့ဒီနားက တပ်စခန်းတွေကလဲ မဲမစစ်ရင်တော့ ဖွတ်ကရဖို့များပါတယ်။ အဘကလဲ လှူထားပါတယ်။

ယခုဟာက NLD နဲ့ SNLD က အမတ်လောင်းတွေသိအောင် ပြောပြတာပါ။

News Credit: 7 Day News,

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page