top of page
Search
ပရမ်းပတာဒီမိုကရေစီဆိုတာဘာလဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2019
  • 1 min read
ree
ပရမ်းပတာဒီမိုကရေစီဆိုတာဘာလဲ
ပရမ်းပတာဒီမိုကရေစီဆိုတာဘာလဲလို့မေးရင်ဟိုညီလေးတပ်ယူနီဖောင်းနဲ့ပြောတာကအမှန်လားဘာလားထင်စရာရှိပါတယ်။သူကလွှတ်တော်ရော၊အစိုးရရောစည်းကမ်းလိုက်နာဘာညာပေါ့။ငါးစကားနွားရပြောသွားတာ။
ဒါပေမယ့်အသေအချာလေ့လာလိုက်ရင်ပရမ်းပတာဒီမိုကရေစီဆိုတာမြန်မာပြည်မှာဖြစ်နေပါတယ်။ယခုလိုလွှတ်တော်မှာရွေးကောက်ခံရခြင်းမရှိဘဲအရှက်မရှိညီလေးလာထိုင်နေတာကိုကပရမ်းပတာပါ။ဒါတင်လားဆိုတော့မဟုတ်သေးပါ။ညီလေးဒုဗိုလ်မှူးကြီးအဆင့်ဟာနိုင်ငံခြားတိုင်းပြည်တွေမှာလွှတ်တော်ထဲမှာဒီလိုထပြောရင်ထောင်ကျသွားတာကြာလှပါပြီ။အစိုးရအဖွဲ့ရုံးမှာခြံစောင့်အဆင့်လောက်ကလွှတ်တော်မှာဒီလိုလာပြောတာကလဲပရမ်းပတာပါ။နိုင်ငံခြားမှာညီလေးအဆင့်ကသမ္မတခွေးထိန်းအဆင့်​ေအာက်ပေါ့။အိုဘားမားရဲ့ခွေးထိန်းကဗိုလ်မှူးကြီးအဆင့်ပါ။
နောက်ဒီမိုအစိုးရအောက်မှာတပ်ကမရှိဘဲအမိန့်မနာခံဘဲထင်တိုင်းကြဲနေတာဟာလဲပရမ်းပတာပါ။ဒါကြောင့်လဲတိုင်းပြည်ကပရမ်းပတာဖြစ်နေတာပါ။
ဒါတင်လားဆိုတော့မဟုတ်သေးပါ။ညီလေးတို့လိုလူထုကရွေးမထားဘဲလွှတ်တော်မှာထိုင်နေသူတွေခွင့်ပြုမှခြေဥကိုပြင်လို့ရတာဟာလဲပရမ်းပတာဒီမိုကရေစီပါ။
နောက်ဆုံးပရမ်းပတာဖြစ်နေတာကညီလေးတို့ရဲ့အသုံးမကျတဲ့ညွှန်ချုပ်ကိုဒုသမ္မတရာထူးနဲ့အတူဘယ်ကမ္ဘာမှမရှိတဲ့အဆင့်ကိုလုပ်ထားတာကလဲပရမ်းပတာဒီမိုကရေစီပါ။ဒါကြောင့်လဲပရမ်းပတာလုပ်သူကိုကုလကအရေးယူဖို့လုပ်နေတာပါ။
ဒါကြောင့်တိုင်းပြည်ကိုဒုက္ခပေးနေတဲ့ပရမ်းပတာဒီမိုကရေစီဖြစ်စေတဲ့ဒီပရမ်းပတာခြေဥကိုပြင်ရမှာပါ။
ညီလေးတို့မပြင်ရင်ပြည်သူကပြင်မှာပါ။ဒါကိုအာဏာသိမ်းရင်ဆီးရီးယားဟာရာဇဝင်ထဲမှာကျန်ခဲ့ပါလိမ့်မယ်။ညီလေးတို့ရဲ့ခေါင်းဆောင်တွေဟာလဲအကောင်းဆုံးအခြေအနေမှာကမီလိုစီဗစ်လိုထောင်ကျသွားနိုင်သလိုအဆိုးဆုံးကဆဒမ်ဟူစိန်လိုဖြစ်သွားနိုင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကအရာအားလုံးကိုပေးဆပ်ပြီးသားပါ။ညီလေးအဘရဲ့မြေးမလေးတွေကငယ်ပါသေးတယ်။
Zawgyi version
Recent Posts
See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
NUG သတင်းက စိုးရိမ်စရာလား?
ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page