top of page
Search
  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 1, 2019
  • 1 min read
ပြည်သူ့အားကို အများကြီးလိုပါသည်
ree
ပြည်သူ့အားကို အများကြီးလိုပါသည်
မကွေးတိုင်းဝကခက မြေကိစ္စအစည်းအဝေးမှာပြောတာကိုချပြတယ်။ သိမ်းတယ့်မြေက မကွေးမှာ သိမ်းတယ့်တပ်က အခြားတစ်နေရာမှာ ဆက်စပ်မြေမဟုတ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးက သူတို့အဲ့ဒီမြေနဲ့ စိုက်ပျိုးစားနေရပါတယ်ဆိုလို့ အမက ထားလိုက်ဆိုတော့ သူတို့ထားလိုက်တယ်။ သူ့မှာလဲ သူ့ကိုရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူကိုပြောပြရမှာပေါ့။ ဒါကအမှန်လေ။ ဒါကို ရင်ကြားစေ့ရေးမူနဲ့ လွဲနေတယ်လို့ တပ်ကဖြေတာဟာ ပြည်သူကိုစော်ကားသလိုဖြစ်နေပါတယ်။ ရင်ကြားစေ့ရေးမူနဲ့လွဲနေတာက ဗိ်ုလ်ချုပ်ညီညီဆွေက ဓာတ်ခဲကို အပြတ်ခြေမှုန်းဖို့ DASSK ကပြောတယ်ဆိုပြီး မပြောဘဲနဲ့ ပြောတယ်ဆိုပြီး လိမ်ပြောတာလောက်မဆိုးပါ။ နောက်ဗိုလ်ချုပ်ညီညီဆွေဟာ အစည်းဝေးခန်းထဲမှာမရှိနေပါ။ မကွေးဝကခဒေါက်ညိုက အစည်းဝေးခန်းထဲမှာရှိနေတာပါ။ ဒါကြောင့်ဒေါက်ညိုက သူကြားတာပြောတာပါ။ ဗိုလ်ချုပ်ညီညီဆွေက ကိုယ်မတက်ရတယ့်အစည်းအဝေးကိုအသံခိုးဖမ်းမနားထောင်ဘဲ မသိနိုင်ပါ။
ယခု ဝကခများဟာ ဒီမိုအတွက် နှစ်ပေါင်းများစွာ အသက်ပေးပြီးလုပ်လာသူများပါ။ ဒေါက်ဇော်၊ ကွီးဖြိုး၊ ဒေါက်ညို၊ ဒေါ်နန်းခင်ထွေးမြင့်တို့ဟာ ထောင်ကျခံ အနစ်နာခံလုပ်လာသူများပါ။ DASSK စကားကိုလဲ နားထောင်သူများပါ။ ဒါက သူတို့ရဲ့အခက်အခဲကိုပြနေပါတယ်။ လူတွေက ဆဲရင်လဲ ဝကခတွေကိုပါ။ သူတို့မှာ ရင်ထဲကဟာ ပြောပြရင်လဲ အပြောခံရပါတယ်။
ဒီနေရာမှာ အင်းဒင်အမှုကလဲ DASSK ဥရောပမသွားခင် ပြည်ပမီဒီယာနဲ့အဘတို့က DASSK နဲ့ တိုင်းပြည်ဒုက္ခရောက်အောင်ထပ်လုပ်တာပါ။ ဝ လုံးတို့ကိုလွှတ်လိုက်လို့ အနောက်နဲ့အဆင်ပြေခါနီးမှာ ပြဿနာဖြစ်အောင်ပြန်လုပ်တာပါ။
ပြည်တွင်းမှာလဲ ခေတ်သစ်ကရေးတာတွေကြည့်ရင် အစိုးရနဲ့ ပြည်သူကိုသာရန်တိုက်ပေးပြီး အဘတို့ဒုက္ခရောက်မှာမျိုးမရေးပါ။ မကွေးဝကခက အဲ့ဒီလိုပြောလိုက်တာနဲ့ သူလာဘ်စားတယ်ဆိုပြီး မဟုတ်သတင်းကို ခေတ်သစ်တို့က စဖွလာပါတယ်။ ယခင်ကတော့ ကွီးဖြိုူကို တိုက်တာပေါ့။
နောက် ဧရာဝတီကယ်တင်မယ့်အဖွဲ့တွေထဲ အစိုးရမကောင်းပြောသူ ကိုဌေးအောင်တို့ပါတာဟာ သူတို့နောက်မှာ ဘယ်သူဆိုတာကိုပြနေပါတယ်။
အစိုးရအနေနဲ့ ပြည်သူ့အားကို အများကြီးလိုနေပါတယ်။ အားမရလဲ ဒီမိုအစိုးရကို ဝန်းရံပါ။ သူတို့ဟာ ယခုအားမရသူများထက် ထောင်ကျခံခဲ့သူထောင်ကျခံဖို့ ဝန်မလေးသူများပါ။ သူတို့ကပြည်သူ့အားကိုအများကြီးလိုပါတယ်။ မဟုတ်ရင် စစ်ကျွန်ဘဝက အင်္ဂလိပ်ကျွန်ထက်ပိုဆိုးသွားပါမယ်။ အချို့ဘုန်းကြီးတွေကလဲ အီရန်လိုဖြစ်ချင်နေပါတယ်။ ပြည်သူ့အားကိုအများကြီးလိုနေပါတယ်။
Zawgyi
Recent Posts
See All
သတင်းသမား
သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး
နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page