top of page
Search

ပြည်သူ့အောင်ပွဲ နီးလာပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 2, 2021
  • 1 min read


မအလဟာ AA နဲ့ မြောက်ပိုင်းမဟာမိတ်က စာထုတ်အပြီးမှာ ရခိုင်ကို တပ်ပြန်ပို့နေရပါပြီ။ နောက်ပြီးစာရေးသူတို့ အာခြောင်နေချိန်မှာ ကလေး ဂန့်ဂေါနားက တိုက်ပွဲတွေမှာ တူမီးသေနတ်သမားကိုတောင်တပ်က စက်သေနတ်နဲ့ ပစ်တာမနိုင်လို့ ရဟတ်ယဉ်နဲ့ စစ်ကူခေါ်ရတဲ့အထိပါ။ အဆိုပါနေရာမှာဖြစ်နေတာက ပြောက်ကျားတိုက်နေလို့ မအလအဖွဲ့က AA နဲ့ ပလက်ဝမှာ ခံနေရသလို ခံနေရတာပါ။ တစ်ခုကွဲပြားတာက AA က ခေတ်မှီလက်နက်နဲ့ မအလကို ဆော်တာဖြစ်ပြီး ယခုက တူမီးသေနတ်နဲ့ ဒေသခံက လုပ်နေတာပါ။ စစ်ကိုင်းတိုင်းက တပ်တွေဟာ ပြည်မထဲကို ကျွန်နေလို့ အထိုင်တပ်လောက်သာကျန်ခဲ့တာပါ။ ဒေသခံတွေရဲ့ စစ်ဗျူဟာကိုတောင် မနိုင်ဖြစ်ပြီး ရဟတ်ယဉ်ခေါ် ဗုံးကြဲဖို့တောင် စက်နဲ့ခေါ်ပါသေးတယ်။ ဒါကလက်ရှိအခြေအနေပါ။

ရန်ကုန်မှာ မီးလောင်တာစိတ်မကောင်းပါ။ ဘယ်သူရှို့ရှို့ လောင်ဖို့က အဓိကပါ။ စာရေးသူကတော့ မြဝတီနဲ့ မိုင်တဲမလောင်ရင် မအလအိမ် မီးမလောင်ရင် အဆိုပါမီးဟာ စရဖရှို့မီးလို့သာ သတ်မှတ်ပါတယ်။တရုတ်စက်ရုံအချို့ကို တပ်စရဖက ရှို့တယ်ဆိုတာ တရုတ်နိုင်ငံက သိထားလို့ မအလကို ဗြောင်သတိပေးထားပါတယ်။ ဝ ကသာ မအလကို စတိုက်ရင် ဘယ်နိုင်ငံခြားတပ်မှမလိုဘဲ အတွင်းအပြင်ဆော်ရင် မအလခံရမှာပါ။ ယခုအထိကတော့ အမေရိကန်နဲ့ အင်္ဂလိပ်က သူ့နိုင်ငံသားတွေကို ပြန်ခေါ်နေပြီး တရုတ်က နယ်စပ်ပိတ်တာလောက်သာ ရှိသေးပါတယ်။


ပြည်သူတွေအနေနဲ့ ဇွဲရှိရှိနဲ့သာ မိမိလုပ်စရာရှိတာကို လုပ်ပါ။ ကုလကမဝင်လဲ CRPH အစိုးရဖွဲ့ပြီးနိုင်ငံခြားတပ်ကို ဝင်ကူဖို့ခေါ်ရင် အနည်းဆုံး မြေပြင်တပ်မလာရင်တောင် ဗုံးကြဲပေးမှာပါ။ ဧပြီ ၄ မှာအမေရိကန်က စစ်ရေးစလေ့ကျင့်မှာမိုလို့ ရေတပ်ကို စောင့်ကြည့်ခိုင်းထားပါတယ်။ ပြည်သူတွေကလဲမအလအခက် ပြည်သူ့အချက်ဆိုပြီး အခွင့်အရေးကို အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။


(အင်တာနက်ပြတ်ပေမယ့် scheduled နဲ့ တင်ခဲ့တဲ့ ဆောင်းပါးအချို့ အချိန်နဲ့တပြေးညီမဟုတ်ပေမယ့်တက်နိုင်မယ်ထင်ပါတယ်။ နောက်ပိုင်းတော့ အခြေအနေအရပါဘဲ။)

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page