top of page
Search

ပြည်သူ့မဲကြောင့် ရပ်ထားရသောစစ်

Writer: Myat Tun Oo
Myat Tun Oo
Dec 21, 2020
1 min read

ရခိုင်ဒေသမှာ ဓာတ်ခဲက ၂၀၂၀ အိပ်မက်ဆိုပြီး ထတိုက်တယ်။ သာဝကလဲ ပြန်တိုက်ပေါ့။အပြန်အလှန်တိုက်ကြတယ်။ ဓာတ်ခဲက သာဝကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ICC ပို့မယ်လို့ ထကြေငြာတယ်။ သာဝကလဲ မိမိလူကို ပြည်ထဲရေးပို့ပြီး မတရားအသင်းကြေငြာတယ်။ ထိုးစစ်ကို အရှိန်မြှင့်တယ်။ ပုံမှန်ဆိုရင် ဘယ်လိုမှ ရင်ကြားစေ့လို့ ရစရာမရှိဘူး။ ဓာတ်ခဲက ရွေးကောက်ပွဲမတိုင်ခင်NLD အမတ်လောင်းတွေကိုဖမ်းပြီး ဇတ်ရှိန်မြှင့်တယ်။ ပုံမှန်ဆို သူက NLD အမတ်လောင်းတွေကိုဖမ်းလို့ အဆိုပါဒေသက ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။

ပြည်သူအများစုက ကိုဗစ်ကိုအန်တုပြီး နိုဝင်ဘာ ၈ ရက်မှာ NLD ကို မဲပေးလိုက်တယ်။ သာဝနဲ့ ဓာတ်ခဲငိုင်သွားတယ်။ နောက်ငါးနှစ်ဆက်တိုက်ပြီး ကန့်လန့်တိုက်မလား? အပစ်ရပ်မလား? တရုတ်က လာပြီးစေ့စပ်ပေးရင် ပုံမှန်မှာ ရပ်ရမယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက တရုတ်ရဲ့ဩဇာကြောင့် အပစ်ရပ်ရတယ်ဆိုတာကို မလိုလားဘူး။ ထိုအချိန်မှာ သူတို့ရဲ့ ဂွင်ထဲကို ဂျပန်ကဝင်လာတယ်။ ဟိုက စာထုတ်ဆိုတာနဲ့နှစ်ဖက်စလုံးက အငန်းမရစာထုတ်တယ်။ နေ့ချင်းဘဲ တပ်တွေဟာ အလံဖြူထောင်ပြီး မောင်းတယ်။ မပစ်တော့ဘူး။ လုံးဝရပ်သွားတယ်။ သူတို့ရဲ့ တောင်းဆိုချက်က ဒီဇင်ဘာမှာ ရွေးကောက်ပွဲ လုပ်လို့ရအောင် ရပ်ပေးတာလို့ ပြောထားတယ်။ ဆိုလိုချင်တာက ဒီဇင်ဘာ ရွေးကောက်ပွဲပြီးရင် ပြန်တိုက်နိုင်တယ်ဆိုတာမျိုး။ ပုံမှန်မှာ ကြားဖြတ်ရွေးကောက်ပွဲက လွှတ်တော်အသစ် သက်တမ်းစပြီးမှသာ လုပ်လို့ရမှာပါ။ သာဝအတွက်က အကယ်၍ ရွေးကောက်ပွဲတွေ ဒီဇင်ဘာမှာ လုပ်ခဲ့ရင် သူကန့်ကွက်တဲ့နေရာတွေမှာလဲ ပြန်လုပ်နိုင်အောင် ရည်ရွယ်ပုံပါ။

ဒါပေမယ့် ရွေးကော်က ပြည်ပဖိအားကို လက်မခံဘဲ မိမိဥပဒေအတိုင်းသာ ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ယခုအချိန်မှာ ဓာတ်ခဲနဲ့သာဝဟာ သူတို့ပြောသလို ဒီဇင်ဘာမှာ ရွေးကောက်ပွဲမလုပ်ပေမယ့် ပစ်တာကို ရပ်လိုက်ရပါတယ်။ ရွေးကောက်ပွဲဟာ ပုံမှန်မှာလဲ ဖမ်းထားတဲ့ NLD ပါတီဝင်တွေကို ပြန်မလွှတ်ပေးဘဲ လုပ်လို့ရမည်မထင်ပါ။ မကျေနပ်လို့ ပြန်တိုက်ကြလဲ သူတို့သဘောပါဘဲ။ ယခုတော့ သူတို့မှာ အစိုးရကို ကန့်လန့်တိုက်ပြီး နောက်ငါးနှစ် ရှေ့ဆက်တိုက်ရမလား ပူးပေါင်းဆောင်ရွက်မလားရွေးရတော့မှာပါ။ ပြည်သူတွေရဲ့ မဲတန်ခိုးကြောင့် ရခိုင်မှာတော့ လောလောဆယ် ပစ်တာ ရပ်သွားခဲ့ပါပြီ။ ရွေးကော်နဲ့ အစိုးရဟာ သေနတ်မရှိဘဲ ပြည်သူ့အင်အားနဲ့ အပစ်ရပ်ထားနိုင်ခဲ့ပါပြီ။ ပြည်သူသာအဓိကပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 21, 2020

ဦးမြတ်!!! ကချင် ကရင် ကယား မွန် ဗမာ ရခိုင် ရှမ်း။ လူမျိုးစုကွဲပြားနေငြားသော်လည်း တစ်မြေတည်း နေ၊ တစ်ရေတည်းသောက်ကြရာသည့် မြန်မာပြည်ကြီးအတွက် သဘာဝတရားက ပေးထားသော လက်ဆောင်တစ်ခုပါ။တနည်း အမိမြန်မာပြည်၏

#သဘာဝရင်သွေးများဖြစ်ကြပါပါသည်။

တနည်း သဘာဝ၏ ရင်သွေးငယ်များ။ သူတို့အလိုချင်ဆုံးအရာက

ငြိမ်းငြိမ်းချမ်းချမ်း ချမ်းချမ်းသာသာ နေလိုကြလိုသူတွေချည်းပါ။

ဒါ့ကြောင့် သူတို့ ယုံကြည်သည်က

**သည်ကမ္ဘာမှာ စစ်••စစ်••စစ် မဖြစ်ရာမြေ တစ်နေရာရာမှာတကယ်ပင် ရှိရမယ်လေ။

~ပိုင်ဆိုင်မှု အားလုံး စွန့်ကာလေ

မနာလိုစရာလည်း မရှိတော့ပေ

~ဘယ်သူမဆို အားလုံး တန်းတူ နေ ၊ ညီအကိုလို ကြင်နာမှုနဲ့လေ

~လောကသစ်တစ်ခု တည်နေ

အရာရာ လှ လှ လှရာ မြေ

အရာရာ သန့် သန့် သန့်ရာ အနေ

နက်ရှိုင်းမှုအဖြစ်

ထာဝရ ငြိမ်းချမ်းမှု ရှာကာဖွေ

သဘာဝရဲ့ ရင်သွေးငယ်တွေ။


*****************************


သို့သော်ငြား မငြိမ်းချမ်း။ အကြောင်းရှာသော်~

**အိုးချင်းထား အိုးချင်း ထိ

**ကြိုးချင်းထား ကြိုးချင်း ငြိ

ကြိုးတွေ တစ်လိမ် နှစ်လိမ် ပွေလိမ် ရှုပ် ။ အမေဘုတ်ရဲ့ ချည်ခင်အလား။ ရှင်း မရတော့။

ငယ်စဥ်က ဗကပ၊ကေအန်ယူ

ခုကာလမှာတော့ မိုးဦးကျ မှိုပေါက်သလို!!!တောင်ပို့ မှို ၊ ကောက်ရိုး မှို ၊ ဆန်ကွဲ မှို ၊ မှို နားတို=================>>>>>


#ငြိမ်းချမ်းရေးက

#မင်းအနားနားမှာပါ။

***မင်း မကြည့်လို့၊ မသိတာပါ။

***စိတ် မရှိလို့ ၊ မရိပ်မိတာပါ။

***မင်း မစွဲလို့ ၊ မတွဲမိတာပါ။


(ဆရာလိတ်နှင့် ဗိုထီး!!!ခွင့်လွှတ်ပေးဖို တောင်းပန်ချင်ပါသည်)


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page