top of page
Search

ပြည်သူတွေက စကားပြောပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 17, 2020
  • 1 min read

မနေ့က ခေတ်စားနေတာက News Watch ရဲ့ ဗီဒီယိုလေးပါ။ ခေါင်းစဉ်က NLD ကျေးဇူးကြောင့်ဆေးဆိုးပန်းရိုက်စျေးကွက် လှုပ်ခတ်ဆိုတာလေးပါ။ အဆိုပါကိစ္စမတိုင်ခင်က PPP က လူကြိုက်များသလိုလို၊ ကြံ့ဖွတ်ကလူကြိုက်များသလိုလို၊ ဘရွှေမန်းပါတီက လူကြိုက်များသလိုလို၊ ကိုကိုကြီးပါတီက လူကြိုက်များသလိုလိုပါ။ သူတို့အောက်မှာ ပုံမှန် like တွေ ကွန်မန့်တွေက သာမန် ဆယ်လီလောက်တောင်မရှိကြပါ။ ဒါကြောင့် အဆိုပါပါတီကြီးတွေ အဆင်ပြေပါ့မလားလို့ သံသယဖြစ်ခဲ့ပါတယ်။နောက်ပိုင်း Facebook က ကိုကိုကြီးပါတီကလွဲရင် အခြားပါတီတွေက ပိုက်ဆံဘယ်လောက်သုံးပြီးFacebook မှာကြော်ငြာလဲဆိုတာပြောသွားလို့ သူတို့ရဲ့ ငွေအင်အားကို ခန့်မှန်းနိုင်လိုက်ပါတယ်။ ဖွတ်အဖွဲ့ရဲ့ ဥက္ကဌကြီးတောင် ဒေါ်လာတွေသုံးပြီးတင်မှ လူသိတယ့်သဘောပါ။ ယခင်က စာဖတ်သူအချို့က ရွာအချို့မှာ UBP ပါတီရဲ့အလံတွေအများကြီးတွေ့လို့ စိုးရိမ်ကြောင်းလဲ ပြောခဲ့ဘူးပါတယ်။

စာရေးသူတို့ဖတ်ရတဲ့ စရဖကကောက်ထားတဲ့ စစ်တမ်းအရလဲ လူတွေက NLD ကို မဲပေးမယ်လို့သာတွက်ထားပါတယ်။ ဒါကြောင့် ၃၄ ပါတီနဲ့ အမြန်တွေ့ရတာပါ။

မနေ့ကတော့ News Watch က ဆေးဆိုးပန်းရိုက်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ အင်တာလိုက်ဗျူးပါတယ်။စီးပွါးရေးသမားဆိုတာကတော့ မိမိရိုက်ပြီး မရောင်းရမယ့်ပါတီရဲ့ အလံတွေ၊ အင်္ကျီတွေကို မလုပ်ပါ။သူတို့ရောင်းရတာ သူတို့က ဘယ်သူ့ကိုမဲပေးမယ်ပြောသွားတာဟာ သိပ္ပံနည်းကျမဟုတ်ပေမယ့် အမှန်အတိုင်းဖြစ်နေပါတယ်။

ဒီ News Watch ရဲ့ အင်တာဗျူးလေးက ဘယ်လောက်ကြည့်ကြည့် ပီတိဖြစ်စေပါတယ်။ အတိုက်အခံ ၃၄ပါတီလဲ မခံနိုင်ရင် အဘပုံလေးနဲ့ မဲဆွယ်ကြည့်ပါ။ အခြေအနေကို သိရတာပေါ့။


ပြည်သူအားလုံးက မေမေနိုင်မှဖြစ်မှာပါဆိုတာကို သိနေသလိုပါဘဲ။


Video credit: News Watch

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


naynanmyint629395
naynanmyint629395
Aug 18, 2020

အစတော့ မမစု ရဲ့မေတ္တာ နဲ့

အုပ်ချုပ်မယ် ဆိုတာကို

စိုးရိမ်ခဲ့မိတာ အမှန်ပါ


ရင်ကြားရေးမူဝါဒ ဟာ

ပြည်သူ ကို မကာကွယ်နိုင်ဘဲ

စစ်တပ်ကိုသာ ကာကွယ်သလို

ဖြစ်နေလို့ ဝမ်းနည်းခဲ့မိတာ လဲ

အမှန်ပါ

မမစု ကို သံသယဖြစ်တာမဟုတ်ပါ


စစ်တပ်ရဲ့ လူမပီသ မှု က

တိုင်းပြည် တိုးတက်ရေးကို

အခက်အဖြစ်နေစေတာ သိလို့ပါ


အခု တော့ ICJ နဲ့ Covidကြောင့်

မမစု ရဲ့မေတ္တာ နဲ့ အုပ်ချုပ်မှု ဟာ

ပြည်သူပြည်သားများအပေါ်

မိခင်ကြီးသဖွယ် ကာကွယ်ပေးနေတာ ကိုပြည် သူများသာ မက

ပြည်ပ ကပါ သိသွာကြပါပီ


မြနိမာပြည်ဟာ မမစု ရဲ့

မေတ္တာ ကိူ ခံစားခွင့်ရ လို့

ပိုအေးချမ်းအောင် 2020 မှာလဲ

NLD ကိုသာ ဆက်ပေးရပါလိမ့်မယ်


Like

Myint Soe Oo
Myint Soe Oo
Aug 18, 2020

ဦးမြတ် ! ရေးပြလာတော့လည်း ပြန်ပြောပြချင်ပါသည်။


အများဖြစ်ထွေက စားဝတ်နေ

အစား အဓိကနဲ့ ပထမအရာထား

ဒု အဝတ်ကို မျှ

အနေနောက်ဆုံး ဤသို့သုံးကြ။

စားစရာ မကြွယ် ၊ ယခု ခါနှယ်

အဝတ်တွေ ဘာလို့များ ဝယ်

ဝတ်ဆင်ရေး ဦးစားပေးပါလိမ့်။

လှဖို့လည်း မဟုတ်

ကြွားဝါရန်လည်း မရည်ရွယ်။

အဝတ်အထည်နှင့် တွဲပြော

ရင်ထဲက သရုပ်သဘော

အဟုတ်ပါ စု

အမှန်အဟုတ် သဏ္ဍာန်လုပ်

အမှန်ပါ စု

ထုတ်ပြန်ချင်လို့

တကယ်ပါ စု။

ရင်ထဲက နီ

အမြင်မှာ ရှင်း

ထင်၍ လင်း စေချင်လို့။

အဆင်မခွဲ

ပြည်သူကို ရဲကိုးတာကြောင့်လည်း နီ

ပြင်ရဲတာကြောင့်လည်း နီ

အထင်မလွဲ ခိုင်မြဲတာမို့လည်း နီ

ယုံကြည်တာကြောင့်လည်း နီ

နီနီ နီနီ နီနီစုစု

နီနိုင်မှ အတည်ပြု

ဒုက္ခအစု လွတ်မည်ဟု။

မေတ္တာဝေစည် သစ္စာနဲ့မသွေဖည်

ကိုယ်မှာကပ်၍

ကြေညာစာတမ်း ထုတ်ပြန်လိုက်သည်။


မေတ္တာခြုံ၍ လုံ

သစ္စာဆောင်၍ အောင်နိုင်ကြပါစေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page