top of page
Search

ပြည်ပျက်နေချိန် စီးပွါးဖြစ်နေသော မအလတပ်ဖွဲ့ဝင်အချို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 25, 2022
  • 1 min read

ree

ယခုအချိန်တိုင်းပြည်ပျက်နေပါတယ်။ ဒါပေမယ့်အချို့မအလတပ်ထဲကလူတွေ ဘာလို့ CDM မလုပ်တာပါလဲ? အချို့က မိသားစုရှိလို့ ဘာညာပြောသူများရှိပါတယ်။ ဒါလဲ မှန်သင့်သလောက်တော့မှန်ပါတယ်။ ဒါပေမယ့် အများစုက ဒီအချိန်မှာ အခြားအကြောင်းတွေကြောင့်ပါ။

ပထမ ခင်ညွန့်လက်ထက်မှာ စစ်ထောက်လှမ်းရေးက တိုင်းမှူးတွေကို ပြန်ကိုင်ထားပါတယ်။ ဒါကြောင့်သူတို့ဝါးလဲ စည်းနဲ့ဝါးရပါတယ်။ ယခုက စရဖက တိုင်းမှူး၊ ဗျူဟာမှူးတွေအောက်မှာပါ။ ယခုအချိန်မှာအရပ်ဖက်အစိုးရလဲ မရှိတော့ပါ။ ဒါကြောင့် မြို့နယ်စီမံခန့်ခွဲမှုကောင်စီမှာပါတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးကအရပ်သားဥက္ကဌထက် ဩဇာပိုကြီးပါတယ်။ သူတို့က မြေသိမ်းတာ၊ ကျူးဖယ်တာတွေကို ငွေယူပြီးလုပ်ပါတယ်။ လယ်ယာမြေကို အခြားသုံးပြောင်းပေးပါတယ်။ ပြီးရင် မြေကို အကွက်ချပါတယ်။ ပြီးရင်သူတို့နာမည်မခံဘဲ အရပ်သားထံပြန်လွှဲပါတယ်။ အဲ့ဒီအရပ်သားက ခြံခတ် မြောင်းဖောက်၊ အပင်စိုက်ပြီး ဆယ်လီခေါ်ကာ မြေကွက်တွေကို ရောင်းစေပါတယ်။ အဆိုပါငွေကို စရဖ၊ စကစမြို့နယ်အဖွဲ့တပ်ကလူ၊ ဗျူဟာမှူး၊ တိုင်းမှူးအဆင့်ဆင့် ဝေစားကြပါတယ်။ ဒါကမြို့နယ်တိုင်းမှာ ပွဲတော်ပါ။ ဒါကြောင့် ဗိုလ်ကြီး၊ ဗိုလ်မှူးလေးတွေက ဒီဂွင်နဲ့ ရှေ့တန်းမထွက်ရအောင် လာဘ်ပြန်ထိုးပြီး နေနေကြတာပါ။

နောက်ဂွင်ကတော့ မူးယစ်ဆေး၊ ဆေးပြားနဲ့ မှောင်ခိုပစ္စည်းတွေပါ။ ယခင်ကဆို မှောင်ခိုသမား၊ဆေးသမားက ရဲကြောက်ရ၊ အကောက်ခွန်ကြောက်ရ၊ မူးယစ်အဖွဲ့ကြောက်ရ၊ အရပ်သားအစိုးရကြောက်ရနဲ့ အဖွဲ့စုံနေပါတယ်။ ယခု အဆိုပါပစ္စည်းသယ်လိုသူများက စစ်တပ်ကဗိုလ်တွေနဲ့ချိတ်လိုက်ရင် သူတို့ကစရဖနဲ့ချိတ်ဆက်ပြီး တရုတ်နယ်စပ်မှသည် အိန္ဒိယနယ်စပ်အထိ အစစ်အဆေးမရှိအဆင်ပြေအောင် ဝန်ဆောင်မှုကို မအလတပ်က ပေးပါတယ်။ ထိုကိစ္စက အမြတ်ငွေ ပိုများပါတယ်။ရငွေကို စရဖ၊ တပ်ရဲ့ မြို့နယ်စကစအဖွဲ့ဝင်၊ ဗျူဟာမှူး၊ တိုင်းမှူးအဆင့်ဆင့် ခွဲဝေကြပါတယ်။

တတိယဂွင်ကတော့ တော်လှန်ရေးအိမ်တွေကို ဖောက်ထွင်းပြီး ရွှေ၊ငွေ၊ အတွင်းပစ္စည်းရောင်းရငွေပါ။

စတုတ္တကတော့ သူတို့အပစ်ခံရရင် မိုင်းဆွဲခံရရင် တွေ့သမျှလူ အကုန်ဖမ်းပြီး နောက်ပိုင်းမှာ အပြစ်မရှိလဲ မလွှတ်ပေးဘဲ ငွေနဲ့လာရွေးခိုင်းတာပါ။ ဒါကလဲ ပိုက်ဆံအတော်ရပါတယ်။

နောက်သစ်၊ ကျောက်ထုတ်ရောင်းတာတွေကတော့ မပြောတော့ပါ။

ဖမ်းစရာလူမရှိရင် ရွှေကုန်သည်၊ ဆီသမား၊ ခရိုနီတွေကိုဖမ်းပြီး ပိုက်ဆံတောင်းတာကလဲ ခေတ်စားလာနေပါပြီ။

ယခုမအလလက်ထက် ထူးခြားတာက ဘယ်သူမဆို လေဆိပ်မှာ ချမ်းသာပုံရရင် ဖမ်းစစ်ပြီး ငွေညှစ်တာပါ။ ပြီးရင် လေယာဉ်ပေါ်မတက်ခင် မိမိသဘောနဲ့အစစ်ခံပါတယ်ဆိုပြီး လက်မှတ်ထိုးခိုင်းပါတယ်။

အကျဉ်းချုပ်ရရင် မအလတပ်ထဲမှာ CDM မလုပ်တာက အားလုံးဟာ ခိုးလို့ရလို့ ဆက်ခိုးနေသူ၊ ဓားပြတိုက်စားသူ၊ ဘိန်းသယ်၊ ဆေးပြားသယ်နဲ့အဆင်ပြေနေသူ၊ မြေကွက်သိမ်းပြန်ရောင်းသူများနဲ့ ခေတ်ပျက်မှာ စီးပွါးဖြစ်နေလို့ပါ။ လက်ရှိမအလတပ်ဟာ တကယ့်ကို အကြမ်းဖက်အဖွဲ့ ISIS ကြီးနဲ့ တူလာနေပါပြီ။ ယခုလိုရေးတာက မအလတပ်အထဲမှာ CDM မလုပ်ဘဲ ဘယ်လိုစီးပွါးရှာနေလဲဆိုတာ သိအောင်ပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page