top of page
Search

ပဲခူးတိုင်းဝန်ကြီးချုပ်ကို ဘယ်လိုမြင်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 12, 2019
  • 1 min read

ပဲခူးတိုင်းဝန်ကြီးချုပ်ကို ဘယ်လိုမြင်လဲ

အမျိုးတစ်ယောက်က စာရေးသူကိုမေးပါတယ်။ သူပြောခဲ့တာကို ဘယ်လိုမြင်လဲပေါ့။ စာရေးသူ အဲ့ဒီလူထုနဲ့တွေ့ဆုံပွဲအခွေကို အစအဆုံးနားထောင်ပါတယ်။ စတင်တာက ဖွတ်နဲ့ တပ် အကောင့်တုကပါ။နောက်ဒီမိုခွထိုင်၊ နောက်ဒီမိုစစ်စစ်တွေကပါ ပြောလာတာတွေ့ရပါတယ်။

အခွေရဲ့အစက ဆရာမတွေအတွက် ဝန်ထမ်းအိမ်ရာ ဆောက်ပေးဖို့ တင်ပြပါတယ်။ ဒါပေမယ့် လက်ရှိခြေဥအရ ဘတ်ဂျက်က ဗဟိုက ကိုင်ထားတာပါ။ တာဝန်ရှိသူက ဗဟိုက ပညာရေးပြည်ထောင်စုဝန်ကြီးပါ။ ဒါက တိုင်းရင်းသားဒေသမဟုတ်ဘဲ ဗမာနေတဲ့ ပဲခူးပါ။

ဒါကြောင့်ဒီခြေဥက ဖယ်ဒရယ်မစစ်လို့ လူတိုင်းကို ဒုက္ခပေးပါတယ်။ ပြည်နယ်တွေမှာ ဒုက္ခပေးသလိုပြည်မမှာလဲ ဒုက္ခပေးပါတယ်။ ဝကခတွေရဲ့အဖြစ်က ဒါတောင် ဆောက်လို့မရအောင် ခြေဥကချုပ်ထားတာပါ။ သူက တိုင်းပညာရေးက ဖြေအပြီးမှာ အရွှမ်းဖောက်ပြီး အာခြောင်လိုက်တာပါ။ သူကဆရာမတွေ ရွာသားနဲ့ အိမ်ထောင်ကျရင် အဆင်ပြေမယ်ပေါ့။ ဒါပေမယ့် အဘတုန်းက နယ်လှည့်ပါးရိုက်ချိန်ကတောင် စာမထုတ်ရဲတဲ့ သမ္မဂတွေကလဲ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့။ ဟို YMBA ကဆုပေးတာကို ဘယ်သမ္မဂက ကန့်ကွက်တာကြားဖူးလဲ။

စာရေးသူအနေနဲ့ကတော့ သူမပြောမိရင်ပိုကောင်းပါမယ်။ သူပြောမိတော့လဲ သူကမနေ့က RFA ကနေတောင်းပန်သွားပါတယ်။ ဒါပေမယ့် သူပြောတာဟာ ရာဇဝတ်မှုကျူးလွန်အောင် မှားတာတော့ မဟုတ်ပါ။ ဒါကြောင့် သူကတောင်းပန်လို့ ပြီးပါပြီ။ ဒါဟာ ထွက်ရလောက်တဲ့ အဖြစ်မဟုတ်ပါ။ ခြေဥသာ ဖယ်ဒရယ်စစ်ခဲ့ရင် မိမိပြည်နယ်တိုင်းမှာ မိမိဖာသာ အခွန်ကောက်ပြီး ဘတ်ဂျက်သုံးနိုင်သလို ပြည်သူကလဲဝကခကို တိုက်ရိုက်ဖြုတ်နိုင် ရွေးနိုင်မှာပါ။

ဝကခတွေလဲ အပြောအဆို အပေါင်းအသင်း သတိထားပါ။ ရန်သူက အကွက်ပေါင်းစုံက ချောင်းနေပြီးသူတို့ရဲ့ မွေးစားထားတဲ့ အဖွဲ့တွေကနေ မွှေဖို့ကြိုးစားပါလိမ့်မယ်။ စာရေးသူကတော့ သူ့မှာ လိုတာရှိနိုင်ပေမယ့် သူဟာဖွတ်ဉာဏ်ဝင်းတို့ထက်တော့ သာတယ်ဆိုတာ သိသာပါတယ်။ သမ္မဂတွေအနေနဲ့စုပေါင်းပြီး ခြေဥပြင်ဖို့ ထောက်ခံပွဲလေးလုပ်ရင်ပိုအကြိုးရှိပါမယ်လို့ ပြောပါရစေ။ ဒါဆိုမိမိမကြိုက်ရင် တိုက်ရိုက်ရွေးနိုင်တဲ့အခွင့်အရေးနဲ့ ဖယ်ဒရယ်စစ်စစ် ရပါလိမ့်မယ်လို့ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့် ထရမ့်

အော်ထရမ့် ထရမ့် နေပြည်တော်ကို ယခင်အစိုးရတွေလက်ထက် စီးပွါးရေးပိတ်ဆို့တာ နှစ် ၃၀ ကျော်၊ ဘာမှမဖြစ် ဘာမှ မမှု။ ထရမ့်က မာဒူရိုဝင်ဖမ်း မအလ လုံခြုံရေးပြန်သုံးသပ်၊ အစည်းအဝေးတွေလုပ်၊ ယခု အီရန်ကို စနေဝင်တိုက်၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page