top of page
Search

နတ်ပေး၊ မအလနဲ့ စီးပွားရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2022
  • 1 min read



အချို့ကိစ္စက ဆန်းကျယ်တယ်။ စီးပွားရေးပိတ်ဆို့ရတာ အင်မတန်ခက်တာ။ ကမ္ဘာက ရုရှားကို ဝိုင်းပိတ်ဆို့တာယခုအချိန်ထိ ရုရှားက အေးဆေးပါ။ ကျူးဘားဆို မနိုင်ဘူးလို့ တောင်ပြောလို့ရပါတယ်။ မြန်မာကိစ္စဆို ထိုင်း၊တရုတ်၊ အိန္ဒိယ၊ အာဆီယံ အားလုံး ညီမှရမှာ။ ပုံမှန်မှာ NUG က တော်တော်လုပ်ယူရမယ့်ကိစ္စပါ။ ယခုမအလကဒေါ်လာကို လိုက်သိမ်း အချိန်တိုအတွင်း မူဝါဒ ပြောင်းလို့ သူ့ခရိုနီတွေတောင် စီးပွားရေ: ထိုးရပ်နေကြပါပြီ။ ယခုကုန်သည်တွေက NUG က သတ်မှတ်တဲ့ ငွေလှဲနှုန်းနဲ့ အလုပ်လုပ်လာနေတာ တွေ့ရပါတယ်။ NUG ရဲ့ နတ်ပေးကအချိန်တိုအတွင်း ဗဟိုဘဏ် နေရာကို ယူလာမယ်လို့ ဘယ်သူထင်ခဲ့မှာပါလဲ။ ယခုဆိုရင် အဘတ စီးပွားရေးသမားတွေ ကိုယ်တိုင်က မအလကို ထိန်းပေးဖို့ ပြောလာနေကြပါပြီ။ ဒါကပုံပြင်မဟုတ်ပါ။ ပြဿနာက မအလအစည်းအဝေးမှာ လျှောက်ပြောရင် အောက်က ထထကြောင်တာကနေ စီးပွားရေးမူဝါဒ ဖြစ်လာတာပါ။ ဒါကြောင့်မအလနဲ့ စီးပွါးလုပ်လိုတဲ့ တရုတ်နဲ့စင်ကာပူတောင် မအလမူဝါဒကြောင့် ခံနေရပါပြီ။ စီးပွားရေးကျရင် မအလတို့တွက်တာက လူတွေ နိုင်ငံရေး အာရုံမစိုက်နိုင်ဘူးဆိုတဲ့ ယခင်ကသီအိုရီပါ။ စာရေးသူတို့ အာရုံစိုက်ရမှာက လူတွေငတ်တာဟာ မအလကြောင့် ဆိုတာကို မီးမောင်းထိုးပြရမှာဖြစ်ပြီး ထိုငတ်သူတွေက မအလ ကို မုန်.ဟင်းခါးကျွေးနိုင်အောင် ဝိုင်းကူညီဖို့ပါ။ ဒါဆိုရင် ဒေါသတွက် နေတဲ့ ငတ်နေတဲ့ လူအုပ်ကြီးဟာ ပြင်သစ်တော်လှန်ရေးမှာ လူဝီဘုရင်ကို ဖြတ်ချနိုင်သလို သေမထူး နေမထူး လုပ်လာနိုင်မှာပါ။ အချို့ကိစ္စတွေက ကြိုးကွင်းဟာ မိမိကိုယ်တိုင်စွပ်ရင် ပိုထိရောက်တတ်ပါတယ်။ ဒါမှမဟုတ် လူယုံကစွပ်ပေးခဲ့ရင်ပေါ့။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page