top of page
Search

နေပြည်တော်က ဗုံး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 14, 2024
  • 1 min read

နေပြည်တော်က ဗုံး

မရေးဘူးလို့ လက်ရှောင်နေပေမယ့် ရေးစရာရှိတာ ရေးလိုက်ပါ့မယ်။ မအလကို မုန့်ဟင်းခါးကျွေးရန် ကြံစည်သူတွေရှိတယ်ဆိုတာက အတည်ပြုနိုင်ပါတယ်။ သူမရှိရင် ဘာဖြစ်မလဲဆိုတာက မသိပါ။ သိတဲ့အဖြစ်အပျက်တစ်ခုက မအလ ရထားသွားစစ်ချိန် ရမခကျတဲ့နေ့က မအလကြည့်မယ့်နေရာမှာ ဗုံးတွေ့တာပါ။ ဗုံးဟာ သာမန်ဗုံးမဟုတ်ဘဲ အဆင့်မြင့်တာကို တွေ့ရပါတယ်။ အဆိုပါနေရာကို မလာခင်ညက စစ်ပြီးသားပါ။ မနက်မလာခင် နာရီပိုင်းအလိုစစ်ချိန်မှာ တွေ့တာပါ။ ထောင်သွားတဲ့ဗုံးက အဆင့်အလွန်မြင့်ပါတယ်။ တပ်ထဲက (သို့) နိုင်ငံခြားထောက်လှမ်းရေးလောက်သာ လုပ်နိုင်မှာပါ။ မေးခွန်းက ညကစစ်တဲ့အဖွဲ့က လွတ်သွားတာလား ထောင်သွားတာလား ဒါမှမဟုတ် မလာခင် နောက်အဖွဲ့က ထောင်သွားတာလားဆိုတာပါ။ မအလဟာ ထရမ့်လို လုပ်ကြံခံရချိန် သတ္တိရှိရှိ ဆက်တိုးတာမဟုတ်ဘဲ ဗုံးတွေ့တာနဲ့ သူလာချိန်ကို ပြောင်းခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ လုံခြုံရေးအဖွဲ့တွေ အစစ်ခံနေရပါတယ်။ ပထမသံသယဖြစ်ခံရသူက ရာထူးလွတ်သွားသူ ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် အဆိုပါဗုံးပေါက်ရင် သူပါမုန့်ဟင်းခါးဖြစ်မှာမိုလို့ ဒီသီအိုရီက မဖြစ်နိုင်ပါလို့ သုံးသပ်ပြီး သူ့ကို ယခုအချိန်အထိ မဖမ်းသေးပါ။

ဒါဖြစ်ခဲ့တာတော့ သိပါတယ်။ NUG/PDF က ဘာမှ မထုတ်ပြန်တာ၊ သတင်းတွေမှာ မတက်တာကိုကြည့်ရင် ယခုအချိန်မှာ ဒီကိစ္စက အတွင်းလူလုပ်တာ (သို့) နိုင်ငံခြား ထောက်လှမ်းရေးကဖြစ်ဖို့ သေချာသွားပါပြီ။ ဒါဆို အာဏာသိမ်းတဲ့သတင်းကမှားလား? မအလထံက အာဏာသိမ်းလိုသူတွေက ယခုအချိန်မှာ ယခင်ကထက် ပိုများလာတာ သေချာပါတယ်။ သူတို့အားလုံးက ဒီမိုကရေစီပေးချင်လို့မဟုတ်ပါ။ မည်သူမှ မသိသေးတဲ့အကြောင်းက မိုးမြင့်ထွန်းကို ဝင်ဖမ်းဖို့ ကြိုးစားချိန်မှာ မိုးမြင့်ထွန်းကလဲ သူ့အောက်ကတပ်နဲ့ ခံချဖို့ ကြိုးစားခဲ့တယ်ဆိုတာပါ။ သူက ဒီမိုကရေစီပေးချင်လို့မဟုတ်ဘဲ မအလဟာ သူအာဏာသိမ်းပေးထားလို့ ဒီရာထူးရသူ သူ့ကိုဖြုတ်ချိန်မှာ လာဖမ်းသူ မောင်မောင်အေးကို မင်းဘာကောင်လဲဆိုတဲ့သဘောပါ။ ပြည်သူတွေကို ဒီမိုကရေစီပေးချင်လို့ မဟုတ်ပါ။ ဒါကြောင့် သူ့အမှုက နိုင်ငံတော်ပုန်ကန်မှုပါတာပါ။


မနေ့က ဖမ်းပွဲတွေဖြစ်သွားခဲ့ပါတယ်။ မအလရဲ့ လက်ထောက် ဗိုလ်ချုပ် မိုးမြင့်ဆွေက အာဏာထွားပါတယ်။ သူက မေမြို့မအလဒုံးနဲ့ အပစ်ခံရချိန် မအလက ပြန်တယ်ဆိုပြီး ကျင်းထဲမှာနေချိန် သူ့မိန်းမကို ပွဲတက်ခိုင်းချိန်မှာ သူ့ကို ကြူကြူ့အနားမှာ အစောင့်ထားခဲ့တာပါ။ သူဟာ ဂူဂူကို အိတ်ထဲထည့်တာ၊ လိုင်းဝင်တာ၊ ယခင်က NLD အစိုးရကို အပုတ်ချဖို့လုပ်တာ၊ ယုန်လေးတို့ကိစ္စ စီစဉ်တာ၊ ဦးကိုနီကိစ္စ စီစဉ်တာ၊ ပန်ဆယ်လိုနာမည်ဖျက်ဖို့ စီစဉ်တာတွေမှာ စရဖလိုင်းကမဟုတ်ဘဲ အခြားလိုင်းက မအလအတွက် လုပ်ပေးသူပါ။ သူ့ကိုဖမ်းဖို့ကြိုးစားရင် မအလကို ဖမ်းဖို့ကြိုးစားတာနဲ့ အတူတူပါ။ သတင်းက လုံးဝမှားတာတော့ မဟုတ်ပါ။ နောက်ရက်ပိုင်းမှာ ပိုသိလာပါလိမ့်မယ်။


ဝမ်ရီက DASSK နဲ့ တွေ့လိုတာကို မအလကိုပြောခဲ့ပေမယ့် ပေးတွေ့ မတွေ့ ယခုစာရေးချိန်အထိ မသိသေးပါ။ သူ့ကိုယ်စားလှယ်က တောင်းဆိုထားခဲ့ပေမယ့် ထိုအချိန်က အကြောင်းမပြန်ခဲ့ပါ။ သိရင်တော့ ရေးပါ့မယ်။ အားလုံးကို သိဖို့တော့ မဖြစ်နိုင်ပါ။ မအလဟာ အရေးကြီးလူအများစုကို စရဖညွှန်ချုပ်နဲ့တွဲပြီးသာတွေ့နေတာ အားလုံးသတိထားမိမှာပါ။ သူယုံကြည်ရသူက နည်းလာတာကို ပြနေပါတယ်။ ရာထူးအပြောင်းအလဲကတော့ လိုက်လို့တောင်မမှီပါ။


အကျဉ်းချုပ်ရရင် မအလကို မုန့်ဟင်းခါးကျွေးဖို့ ကြိုးစားမှုက တပ်ထဲမှာ အမြဲရှိနေပါတယ်။ ကြိုးစားသူတိုင်းက ဒီမိုပေးချင်လို့မဟုတ်ဘဲ ပိုမလာလိုလို့ဆိုသူများလဲ ရှိနိုင်ပါတယ်။ သူ့ကိုဖြုတ်ဖို့ကျန်နေတဲ့ ပြည်ပနိုင်ငံတွေလဲ ရှိနိုင်ပါတယ်။ ဥပမာ အမေရိကန်လိုပေါ့……….။ ဒါပေမယ့် မအလဟာ လွယ်လွယ်ဆင်းမည်မဟုတ်ပါ။ ပြည်သူက ဝေဝါားမနေဘဲ ယခင်ကလို နေတိုးတို့ R2P တို့ မမျှော်ဘဲ တရုတ်မမျှော်ဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်ကြပါ။ ကောက်ရိုးမီးမဖြစ်ဖို့ NUG/PDF အားကောင်းဖို့သာ ဇွဲနဲ့ PRF ကတဆင့် ထောက်ပံ့ကြပါ။ PRF မှာ လစဉ်ထောက်ပံ့တာနည်းပြီး AAလို TNLA လို MNDAA လို လက်နက်နဲ့တိုက်ချင်လို့မရပါ။ ပြည်သူညီရင် နိုင်မှာပါ။ ပြည်သူသာ အဓိကပါ။ ဘာတွေဖြစ်နေနေ ဘာကြောင့် စစ်နိုင်နိုင် NUG PDF အားကောင်းမှ ဖယ်ဒရယ် ဒီမိုကရေစီရမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page