top of page
Search

နိုင်ငံရေးဆိုတာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 9, 2020
  • 1 min read

အနောက်နိုင်ငံတွေမှာက နိုင်ငံရေးသမားတွေအတွက် ထားထားတဲ့စံနှုန်းက မြင့်မားပါတယ်။ မိမိသာမက မိန်းမမပြောနဲ့ သားသမီးတောင် ပြိုင်ဖက်ပါတီက မျက်စိဒေါက်ထောက် ကြည့်နေတာပါ။

ဒီနေ့မနက် ကြားရတဲ့သတင်းက အမေရိကန် ရွေးကောက်ခံသမ္မတသစ် ဘိုင်ဒင်ရဲ့သားကို အခွန်မှုနဲ့ဗဟိုအစိုးရက စစ်နေတယ်ဆိုတာပါ။

သူတို့နိုင်ငံတွေမှာ ချမ်းသာလာရင်လဲ ပိုက်ဆံဘယ်ကရပြီး ဒီကုမ္ပဏီကို ထောင်တာလဲ ပြရပါတယ်။ သူ့သားက ယူကရိန်းက ရေနံကုမ္ပဏီမှာ ဘုတ်အဖွဲ့ဝင်မိုလို့ ထရမ့်က နဂိုကထဲက ပြဿနာရှာချင်နေတာပါ။ ယခုကတော့ တရုတ်အခွန်ကိစ္စလို့ ဆိုပါတယ်။ သူတို့ဆီမှာက စံနှုန်းကမြင့်ပါတယ်။

မြန်မာပြည်မှာက ယခင်က နိုင်ငံရေးသမားတွေကို ဘိန်းပစ်ဖမ်းတာ၊ စီးပွါးရေးလုပ်မရအောက် လိုက်နှောက်ယှက်တာတွေကို မှတ်မိကြမှာပါ။ အမေရိကန်မှာက စစ်တပ်က ၂၅% လွှတ်တော်မှာ မရှိပါ။ ဒါ့ကြောင့် ဘိုင်ဒင်ပြုတ်လဲ ဒီမိုကရေစီက ဘာမှမဖြစ်သွားပါဘူး။

ကမ္ဘာပေါ်က နာမည်ကြီး ကုမ္ပဏီတွေကိုလေ့လာရင် ပစ္စည်းတစ်မျိုး လိုင်းတစ်မျိုးနဲ့ စီးပွါးဖြစ်လာကြတာပါ။ လူတစ်ယောက်ထဲက ကုမ္ပဏီတွေအများကြီးဖွင့်ထားရင် ငွေမဲကို ငွေဖြူလုပ်တာတွေ နာမည်ခံတွေဖြစ်ဖို့များပါတယ်။

မြန်မာပြည်မှာ အားနည်းနေတာက ယခင်ကထဲက ငွေကြေးခဝါချမှုအဖွဲ့ရဲ့ ဥက္ကဌကို ပြည်ထဲရေးဝန်ကြီးကို ပေးခဲ့တာကိုက မှားနေပါတယ်။ NLD အစိုးရအနေနဲ့ ကုမ္ပဏီတွေထောင်ရင် ဥပမာ ရုပ်ရှင်ကုမ္ပဏီကြီးဆိုရင် ဘယ်ကပိုက်ဆံရလဲ ငွေမဲလား ငွေဖြူလား စစ်ရပါမယ်။ မိမိအဖွဲ့မှာလဲ ငွေမဲနဲ့ချမ်းသာသူတွေ ကုမ္ပဏီထောင်သူတွေဟာ အဓိကနေရာက မပါဖို့တော့ လိုပါတယ်။

ဒီနေ့ ဘိုင်ဒင်သား အစစ်ခံရတဲ့ သတင်းကနေ စဉ်းစားမိအောင် ဗဟုသုတအနေနဲ့ ရေးလိုက်တာပါ။

News Source: CNN, BBC

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 10, 2020

ဦးမြတ်! ရိုးရိုးကျင့် မြင့်မြင့်ကြံ၊ ပုရွက်ဆိတ် နှင့် နှံကောင် သင်ခန်းစာများ အရ ဖြေးဖြေးမှန်မှန် စုဆောင်းမှ အန္တရယ်ကင်းသော ချမ်းသာမှုကို ရရှိပါသည်။

သာမာန်ဘဝမှ နေ့ချင်းညချင်း မယုံနိုင်လောက်အောင် ချမ်းသာသူအပေါင်း၍ နောက်ကွယ်မှာ မရိုးသားသော ရှာဖွေမှုများ ရှိကြစမြဲ။

လ္ဘက်ရည်ဆိုင်မှသည် နှစ်နှစ် သုံးနှစ်အတွင်း တိုက်ဆောက်ကားစီး၊ အဆင့်မြင့် ဟိုတယ်ထောင်နိုင်သူတယောက် အံသြအောင်ချမ်းသာသွားသည်။ နောက်မှ ဝင်ဖမ်း၍ သိရပါသည်။ ဝမ်း တူး သရီး။ ချမ်းသာသော်လည်း အန္တရာယ်မကင်း။

သာမန်ကုန်စုံဆိုင်မှသည် စတိုးဆိုင်ကြီးကြီး အပြင် လက်ညိှုးထိုးမလွဲ မြေကွက်များ ဆယ်စုနှစ်တခုအတွင်း ပိုင်ဆိုင်ကြွယ်ဝသွား၏။

နောက်ကွယ်မှာ???ဆိုင်ရာကို ပိုင်သဖြင့် ယနေ့တိုင် အေး ဆေး။

မကြာခဏ တင်ပြသော ဥပမာ

**ထောပတ်အိုးထဲ လက်ဖြောင့်ဖြောင့် ထည့်ပြီး ဖြောင့်ဖြောင့်လေး ပြန်နုတ်၊ ပါလာသော ထောပတ်ကိုစား ၊ တဝမ်း ဝရုံမျှသာ။

***ထောပတ်အိုးထဲ စ နှိုက်ကတည်းက ကွေးထည့် ၊ ပြန်နှူတ်တဲ့အချိန် ကောက်ကွေးပြီးပြန်နှုတ်၊ ပါလာသော ထောပတ် တဝမ်း မက. အသိုင်းအဝန်းပါ ဝအောင် စားနိုင်ပါသည်။

ဆိုင်လျှင် ဆိုင်သလို

ပိုင်လျှင် ပိုင်သလို

ချမ်းသာ ကြွယ် ပိုး ကြပါသည်။


အမှန်မြင်နိုင်ကြပါစေ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page