top of page
Search

နိုင်ငံခြားမှ ဂုဏ်ပြုထိုက်သည့် ကြိုးစားပြီးမဲပေးခဲ့သူများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 18, 2020
  • 1 min read

နိုင်ငံခြားရောက် မြန်မာများဟာ ပုံမှန်အလုပ်တွေကြားထဲက ကြိုတင်မဲကိုပေးကြရတယ်ဆိုတာနားလည်ထားပါတယ်။ နိုင်ငံခြားမဲဟာ တပ်ကြိုတင်မဲနဲ့ ပြောင်းပြန်ပါ။ သူက NLD ကိုပေးမှာက အများစုမိုလို့ပါ။ ဒီနှစ်မှာတော့ ကိုဗစ်ရှိလို့ ယခင်ကထက်ပိုပြီး ဒုက္ခခံပြီး မဲပေးကြရတယ်လို့ နိုင်ငံခြားက တူတူမတွေထံက သိရပါတယ်။ ဒီ ၂၀၂၀ မှာ ယခင်ကထက် နိုင်ငံခြားကနေ မဲလာပေးဖို့ စာရင်းပေးထားတာကို တွေ့ရပါတယ်။ အခက်အခဲကြားက မဲပေးခဲ့သူအားလုံးကို လေးစားပါတယ်။ ထိုအထဲကမှစာရေးသူ အထူးလေးစားမိတဲ့နှစ်ယောက်အကြောင်း ရေးပြပါ့မယ်။

အဆိုပါမဲလာပေးသူများထဲက စာရေးသူသတိထားမိတာက ကိုရီးယားက လူငယ်လေးတစ်ဦးနဲ့ ယူကေက စာရေးသူနဲ့ Facebook မှာသာသိပြီး အပြင်မှာမသိတဲ့ ဆရာဝန်မတစ်ဦးပါ။ ကိုရီးယားက လူငယ်လေးကတော့ ကိုအောင်မျိုးဟိန်းလို့ ခေါ်ပါတယ်။ သူဟာ ကိုးရီးယားနိုင်ငံ အောက်ပိုင်း ဂျင်ဂျူမြို့မှာနေထိုင်သူပါ။ ကိုရီးယားမှာ ချူဆော့ပိတ်ရက်က မဲပေးဖို့ ရောက်လာပေမယ့် လူများလို့ မပေးဖြစ်လိုက်ပါဘူး။ နောက်ရက် အလုပ်ပြန်လုပ်နေစဉ်မှာ မတော်တဆ ထိခိုက်မိပြီး ဆေးရုံတက်ခဲ့ရပါတယ်။ပေါင်ရင်းမှာ အချက် ၄၀ ကျော် ချုပ်ရလို့ သူ့ဒဏ်ရာက ကြီးပါတယ်။ သူနေတဲ့ ဂျင်ဂျူမြို့ဟာ သံရုံးနဲ့အသွားအပြန် ၇ နာရီလောက် ကြာလို့ သံရုံးကလဲ ဆေးရုံကို မဲသွားယူပေးဖို့ အဆင်မပြေခဲ့ပါဘူး။ ဒီလိုအခြေအနေမှာ သူ့နေရာမှာ သာမန်လူသာဆိုရင် လက်လျှော့လိုက်မှာပါ။ ကိုယ့်ထမင်းကိုယ်စားနေတာလေ။ သူကတော့ အမေစုစကားကိုနားထောင်ပြီး လက်မလျှော့ခဲ့ပါ။ သူဆေးရုံကအဆင်း ခြေထောက်ကို ပတ်တီးစည်းထားတဲ့ ကြားက ကိုအောင်မျိုးဟိန်းဟာ လူကိုယ်တိုင် သံရုံးကို KTX စီးပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တဲ့ကြားက လာရောက်မဲပေးသွားခဲ့ပါတယ်။ အင်မတန်လေးစားဂုဏ်ပြုထိုက်စရာစိတ်ဓာတ်ပါ။


ဒုတိယကတော့ ယူကေကဆရာဝန်မလေး နန်းခမ်းအုံပါ။ သူမဟာ ရှမ်းလူမျိုး ဖြစ်ပေမယ့် NLD ပါတီနဲ့အမေစု၊ ကွီးဖြိုးတို့ကို အမာခံထောက်ခံသူပါ။ သူမဟာလဲ ယူကေအပြင်က ကျွန်းတစ်ခုမှာ အလုပ်လုပ်ရာကနေ လေယဉ်နဲ့ လန်ဒန်ကိုလာ ညတည်းခိုခန်းမှာနေပြီး သူ့ကျွန်းကိုပြန်ရင်လဲ ၇ ရက် Q ဝင်ရမယ်ဆိုတဲ့ အခက်အခဲတွေကြားထဲက သူမဟာ အမေစုပါတီ NLD ကိုမဲပေးဖို့ ပြည်မကို အခက်အခဲကြားကလာမဲပေးသွားခဲ့ပါတယ်။ သူမဟာ ဒီမဲပေးတာတင်မဟုတ်ဘဲ ဟို ICJ ကိစ္စတုန်းကလဲ The Hague ကိုသွားပြီး DASSK ကိုထောက်ခံကြောင်း ပြသခဲ့တဲ့ မျိုးချစ်စိတ်ရှိတဲ့ တိုင်းရင်းသားလူမျိုးပါ။ သူမတို့ကDr Sasa တို့လိုပေါ့။ အမြင်ကျယ်သူများပါ။

စာရေးသူတို့ပြည်တွင်းက ညီအစ်ကို မောင်နှစ်မများ တပ်ထဲက ညီနောင်များလဲ နိုဝင်ဘာ ၈ ရက်မှာ မိမိနေရပ်က မဲရုံကိုထွက်ပြီး မဲပေးဖြစ်အောင် ပေးကြပါ။ စာရေးသူတို့ဟာ ကိုရီးယားကညီလေး၊ ယူကေက ဆရာဝန်မလေးလောက် မဲပေးရတာ မခက်ခဲပါ။ မဲထွက်မပေးရင် ဘောလခဲနဲ့ မိတ္တိလာလိုနေရာတွေက အရေးကြီးလွန်းလို့ပါ။


News Credit: Yan Naing Htun Thi, Nang Kham Ohn

(စာကြွင်း၊ အချိန်ကန့်သတ်ချက်ကြောင့် သက်ဆိုင်သူများကို ခွင့်တောင်းချိန်မရဘဲ တင်ခဲ့တာ ခွင့်လွှတ်ပါ။ နားလည်ပေးမယ်လို့ ထင်ပါတယ်။)

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page