top of page
Search

နောင်ချိုကပေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအတွက်သတင်းစကား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 15, 2025
  • 2 min read

နောင်ချိုကပေးသည့် တိုင်းရင်းသားလက်နက်ကိုင်များအတွက်သတင်းစကား

NUG ကိုဝေဖန်တာဖတ်ချင်သူများကတော့ ဒီစာကိုမဖတ်ဘဲကျော်သွားပါလို့ပြောချင်ပါတယ်။ အချိန်ကုန်မှာစိုးလို့ပါ။ လူတွေက ဝေဖန်ရာမှာ မိမိနိုင်သူကိုသာ သတင်းသမားရော ဝေဖန်ရေးသမားရောဂါက ဝေဖန်နေတာတွေ့ရလို့ပါ။ NUG အကြောင်း ဘာပြောင်းလဲရမယ်ဆိုတာ လွန်ခဲ့တဲ့နှစ်လ‌ လောက်ထဲက ရေးခဲ့ပြီးပါပြီ။ အတိုချုပ်ရရင် ယခုလို နည်းနည်းနဲ့ကျယ်ကျယ်ဝိုင်းတာမဟုတ်ဘဲ ဗမာဒေသဂရုစိုက်ဖို့ ဗမာဒေသမှာအာဏာတည်ဆောက်ဖို့ NUCC နဲ့ ခပ်စိမ်းဆေးနေဖို့ပါ။ ဆရာဇော်ကိုလဲ ဗမာဒေသ ကျန်းမာရေးစောင့်ရှောက်မှုကို ယခုထက်မြှင့်တင်ပေးဖို့ပါ။

ယခု နှောင်ချိုအကြောင်း ဆက်ရေးပါ့မယ်။ TNLAတပ် နောင်ချိုရောက်ချိန်မှာ ဆက်ပြီးတိုက်ရင် ပြင်ဦးလွင်၊ မန္တလေးအထိ ဆက်တိုက်ပြီး စစ်နိုင်နိုင်တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ TNLA၊ ကိုးကန့်နဲ့ AA တို့ဟာ ညီနောင်မဟာမိတ်ဆိုပြီး အဖွဲ့ ဖွဲ့ထားတာပါ။ ယခင်က NLD အစိုးရတက်ချိန်မှာ ဝေဖန်တာက NLD အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မကာကွယ်လို့ဆိုပြီး ဝိုင်းဝေဖန်ခဲ့ကြတာပါ။ ဒီနေရာမှာ NLD အစိုးရကို ကာကွယ်ရေးသားပေးမှာမဟုတ်ပေမယ့် ထောက်ပြလိုတာက NLD ပါတီက အဆိုပါလက်နက်ကိုင်အဖွဲ့တစ်ခုချင်းစီနဲ့ အပြန်အလှန် မဟာမိတ်စာချုပ် ချုပ်ထားတာမရှိခဲ့ပါ။

ရှမ်းမြောက်မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ PDF တွေက ပါဝင်ခဲ့ကြပါတယ်။ တိုက်ခိုက်သိမ်းပိုက်ပြီးအနိုင်ရချိန်မှာတော့ အလံထောင်တာက NUG အလံမဟုတ်ခဲ့ပါ။ BPLA အလံလဲမဟုတ်၊ PLA အလံလဲ မဟုတ်ခဲ့ပါ။ NUG က ဗမာလူမျိုးကြီးဝါဒမိုလို့ အုပ်ချုပ်တာမခံချင်ဘူးဆိုရင်တောင် မိမိသိမ်းထားတဲ့နယ်ထဲက ရှမ်းတွေ၊ ကချင်လက်နက်ကိုင်တပ်တွေနဲ့ အဆင်ပြေအောင် လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ပါ။ ဒါက NUG မှာ တာဝန်မရှိပါ။

ယခုတရုတ်ဖိအားကြောင့် တရုတ်ကိုကြောက်ရပါတယ်ဆိုပြီး ကိုးကန့်က မိမိနဲ့လက်မှတ်ထိုးထားတဲ့ညီနောင်သုံးဖွဲ့ အပစ်မရပ်ခင်မှာ စပြီးအပစ်ရပ်ခဲ့ပါတယ်။ ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတုန်းက အားလုံးနဲ့‌ တွေ့မှဆိုပြီး ရွေးကောက်ခံအစိုးရကို တောင့်ခံခဲ့ပေမယ့် တရုတ်ကြီးပြောတဲ့အချိန်မှာတော့ အပစ်ရပ်ခဲ့ပါတယ်။ လားရှိုးကိုလည်း ပြန်ပေးခဲ့ပါတယ်။ အခြားဒေသတွေကိုလည်း ပြန်မပေးဘူးမပြောပေမယ့် မအလကပြန်တောင်းနေပြီး တရုတ်ဖိအားအပေါ်မူတည်ပြီး ပေးရနိုင်ပါတယ်။

ထိုအချိန်မှာ TNLA ဟာ ထီးထီးကြီး ကျန်ခဲ့ပါတယ်။ ကိုးကန့်ထဲက ဗမာလက်နက်ကိုင်တွေကိုလည်း ထွက်သွားစေခဲ့ပါတယ်။ ဒါတွေဟာ ဒီမိုကရေစီ မူတွေနဲ့ အင်မတန်မှ ဆန့်ကျင်ပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စတွေကို ဒီမိုကရေစီကိုအလွန်မြတ်နိုးတဲ့ ကိုဆောင်းခတို့၊ ကိုတေဇဆန်းတို့၊ ကိုခွန်ဘီထူးတို့က အသံမထွက်ခဲ့ပါ။ ကွန်မြူနစ်တွေလည်း အသံမထွက်ရဲခဲ့ပါ။

ယခုအချိန်မှာ ကျန်ခဲ့တဲ့ TNLA ကို မအလတပ်က ထိုးစစ်ဆင်ပြီး နောင်ချိုကို သိမ်းတော့မှာပါ။ မအလဟာ ရနိုင်ရင် နောင်ချိုနဲ့တင်ရပ်မှာမဟုတ်ဘဲ သူသိမ်းလို့ရသမျှကိုမြို့ကို ပြန်သိမ်းမှာပါ။ စစ်မှာ အရှိန်ရသွားရင် ထိန်းရခက်ပါတယ်။

ဒီကိစ္စကနေဘာကိုပြသလဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငါ့နယ်မြေပြန်ရလို့ တိုက်ပွဲရပ်မယ်ဆိုရင် လောလောဆယ်အဆင်ပြေနိုင်ပေမယ့် ရေရှည်မှာ မိမိနယ်မြေကို ပြန်လည်ဆုံးရှုံးရမယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့။

ရခိုင်မှာလည်း လက်ရှိမှာ အဆင်ပြေနေပေမယ့် မအလဟာ ရိုဟင်ဂျာတွေကိုလက်နက်တပ်ဆင်ပေးပြီး ရခိုင် ဘူးသီးတောင်၊ မောင်းတောနယ်ဘက်ကိုထိုးဖောက်ခိုင်းနေပါတယ်။ ဒါကြောင့် မအလတပ်ကို အနားမပေးဘဲ စစ်တိုက်နေမှသာ အဆင်ပြေမှာပါ။

ဒီအချိန်မှာ အားလုံးစဉ်းစားရမှာက ငါတို့က ငါတို့ပြည်နယ်ထဲက တစ်မြို့ပြီးတစ်မြို့သိမ်းပြီးမှ ပြည်မကိုသိမ်းမယ်ဆိုရင် မအလကလည်း ထိုပြည်နယ်တွေထဲက တစ်မြို့ချင်းစီကို အသေအချာ ခုခံမှာပါ။ ခုခံဖို့လည်း ပြင်ဆင်ထားပါတယ်။ ယခုတောင် ဗန်းမော်တိုက်ပွဲက ယခင်မြို့သိမ်းတိုက်ပွဲတွေထက် ပိုကြာလာတာ အားလုံးသတိထားမိမှာပါ။

ဒါဆိုရင် ငါတို့ကဘာလုပ်ရမှာလဲ။ NUG ကို အပြစ်ပုံချနေတာက ပြဿနာကို မပြီးသွားစေပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များဖြစ်တဲ့ AA, TNLA, KIA, MNDAA, KNU တို့ စဉ်းစားရမှာက ငါတို့ဟာ ငါတို့နေရာလေးတင်ကွက်မတိုက်ပဲ ငါတို့လူမျိုး ထာဝရလွတ်မြောက်ရေးအတွက် နေပြည်တော်ကို ဘယ်လိုချီတက်မလဲဆိုတာ စဉ်းစားပြီး ဗျူဟာချရပါမယ်။ လက်ရှိသမ္မတကြီးကိုတော်တယ်ထင်လဲ မိမိတို့သမ္မတအဖြစ်အသိအမှတ်ပြုပြီး ဝန်းရံရပါမယ်။ ဒါမှမဟုတ် ကိုတေဇာဆန်းကိုသမ္မတတင်လိုရင်လည်း တင်ပြီးတော့ ဝန်းရံပြရပါမယ်။ NLDကလူမှ မဟုတ်ပါဘူး။ ကိုတေဇာဆန်းကလည်း NUG ကိုအားမရသဖြင့် မိမိကိုယ်တိုင်ထပြီး ထိုအဖွဲ့တွေကို အသေအချာစည်းရုံးပြီး ခေါင်းဆောင်မှု leadershipကို အသေအချာပြရပါမယ်။ ကို‌တေဇာဆန်းကမပြနိုင်ရင်လည်း အဖွဲ့တွေအားလုံးနဲ့အလွန်နီးစပ်တဲ့ ကိုဆောင်းခကပြပြီး ဦးဆောင်မှုကို အပြီအပြင်ပေးရပါမယ်။ ကိုဆောင်းခကို အားမရရင်လည်း ဗိုလ်နဂါးကဦးဆောင်ပြီးတော့ ခေါင်းဆောင်မှုပြရပါမယ်။ NLD လက်ထက် အမေစုအစိုးရက မစည်းရုံးနိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဗမာလူမျိုးကြီး ဝါဒမရှိတဲ့ NLD နောက်ခံမဟုတ်တဲ့ လက်ရှိယာယီသမ္မတကြီး ဒါမှမဟုတ် ကိုတေဇဆန်း၊ မောင်ဆောင်းခ၊ ဗိုလ်နဂါး၊ ခွန်ဘီထူးတို့က စည်းရုံးပြီး အလုပ်နဲ့ သက်သေပြနိုင်ခဲ့ရင် ပြည်သူက ကြိုဆိုမှာပါ။

ဒီနေရာမှာ NUGက ဘာလုပ်မလဲဆိုတာမဟုတ်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေက အနာဂတ်မြန်မာပြည်ကြီးမှာဘာဖြစ်ချင်လဲဆိုတာကိုဝိုင်းပြီးစဉ်းစားအဖြေရှာကြရတော့မှာပါ။ အားလုံးဝိုင်းမတိုက်ရင် မိမိနယ်လေးလွတ်မှ နောက်ကိစ္စစဉ်းစားရင် ဗမာလူမျိုးကြီးဝါဒရှိတဲ့ ပဒေသရစ် မအလစစ်တပ်ကြီးက ထင်တိုင်းလုပ်တာကိုညခံနေကြရမှာပါ။ အားလုံး မိမိလူမျိုးအတွက်စဉ်းစားပြီး မိမိလူမျိုးထာဝရလွတ်မြောက်ဖို့ နေပြည်တော်ကိုချီတက်နိုင်ကြပါစေ။ နေပြည်တော်ကိုချီမတက်ဘဲ မိမိနယ်မှာ ရပ်လိုက်မယ်ဆိုရင်တော့ နောင်ချိုနဲ့ လားရှိုးအပြီးမှာ မအလစစ်တပ်က ကိုးကန့်မြို့တော်အထိရောက်လာပါလိမ့်မယ်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page