top of page
Search

ဓာတ်ခဲနဲ့ ငြိမ်းချမ်းရေး

Writer: Myat Tun Oo
Myat Tun Oo
Oct 26, 2019
1 min read

ဓာတ်ခဲနဲ့ ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးမရရင် လူတွေက တပ်ကိုသာ အပြစ်ပြောတာများပါတယ်။ ဒီနေရာမှာ ဓာတ်ခဲက ရဲစခန်းကို ဝင်တိုက်ရာကနေ ယခုရခိုင်စစ်မီးစခဲ့တာပါ။ သူကလာတိုက်ရင်တော့ ကိုယ်က ပြန်ပစ်ရပါတယ်။သူလာတိုက်တာကို အလှထိုင်ကြည့်နေလို့မရပါ။

ဒီနေရာမှာ မီဒီယာတွေနဲ့ပြောရင် ခိုင်သုခက သူတို့ဘယ်လိုနိုင်နေကြောင်း တပ်က ၃၅ ယောက်ကျချိန်မှာ သူတို့က ၂ ယောက်သာကျကြောင်း ပြောလေ့ရှိပါတယ်။ ဒီအချိုးဟာ အမေရိကန်တပ်၊ အစ္စရေးတပ်ထက်တောင် ဓာတ်ခဲက ပိုတော်နေတဲ့သဘောပါ။ သူပြောတာကို ဘီဘီစီကလံ လွှင့်ပေးခဲ့ပါတယ်။ဘီဘီစီနဲ့ အနောက်တိုင်းမီဒီယာက ဆီးရီးယားမှာ သူပုန်နိုင်မယ်ဆိုပြီး ၂၀၁၁ ထဲက လွှင့်ခဲ့တာကိုအမှတ်ရစေပါတယ် ။

သင်ဟာ ဓာတ်ခဲထောက်ခံသူဆိုရင် ဓာတ်ခဲပြောတာယုံနိုင်ပါတယ်။

ဒါပေမယ့် မနေ့ကဘဲ ဓာတ်ခဲက ကြေညာချက်ထုတ်ပါတယ်။ သူကတပ်က ပြင်းထန်စွာ ထိုးစစ်ဆင်နေမယ်ဆိုရင် သူ့ရဲ့ညီနောင်မဟာမိတ်က တိုက်ရမယ်ဆိုပြီး ကြေညာတာပါ။ အမှန်က ဓာတ်ခဲအနေနဲ့ သူတို့ကြေညာတဲ့အတိုင်း ၃၅း၂ နဲ့ တိုက်နိုင်နေတယ်ဆိုရင် ဆက်တိုက်ရုံပါ။

ဒါဆိုအမှန်ကဘာလဲ။ ဓာတ်ခံဟာ ခြုံခိုတိုက်တာ၊ မိုင်းစွဲတာမှာ ဒေသခံသတင်းပေးကြောင့် သူကလက်ဦးပြီး ဖြတ်တိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ သူ့တပ်စခန်းကို တပ်ကတွေ့ရင်တော့ မပြေးနိုင်ရင်လေတပ်နဲ့ အမြှောက်တပ်ကြောင့် သူအသေများပါတယ်။ ဒါကြောင့် ဓာတ်ခဲမှာက စခန်းချဖို့ခက်နေပါတယ်။ သူ့ရဲ့ထောက်ပို့လမ်းကြောင်ရဟာလဲ ကျဉ်းလာနေပါတယ်။

လက်ရှိအခြေအနေမှာ ဓာတ်ခဲက ၂၀၂၀ အိမ်မက်ပေးထားလို့ ငြိမ်းချမ်းရေးက ကြာပါဦးမယ်။ နောက်လက်ရှိဒီမိုအစိုးရက ငြိမ်းချမ်းရေးစာချုပ်ချုပ်လဲ ဘိန်း၊ ဆေးပြားပေးမလုပ်လို့ ယခုလိုသာ သမ္မတစီမံချက်နဲ့ဖမ်းပြီး အစိုးရကဘစိန်လုပ်ခဲ့သလို ပါမစ်တွေမချပေးရင် ထွက်ပေါက်ပိတ်နေပါလိမ့်မယ်။

ဒါပေမယ့် ၂၀၂၀ အလွန်မှာ အမှန်တရားကို မြင်လာပါလိမ့်မယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page