top of page
Search
ဓာတ်ခဲခေါင်းဆောင်နဲ့တပ်ချုပ်ဘာကွာလဲ
  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 2, 2019
  • 1 min read
ree
ဓာတ်ခဲခေါင်းဆောင်နဲ့တပ်ချုပ်ဘာကွာလဲ
တူတာလေးတွေနဲ့စလိုက်ရအောင်။သူတို့နှစ်ယောက်စလုံးဟာဒီမိုခေါင်းဆောင်ကိုမကြိုက်တာခြင်းတူပါတယ်။ဓာတ်ခဲခေါင်းဆောင်ရောတပ်ချုပ်ကြီးကရောသူတို့သာမြန်မာပြည်ကိုအုပ်ချုပ်နိုင်ခဲ့ရင်တိုင်းပြည်ဟာယခုထက်ပိုတိုးတက်လာမယ်လို့ထင်နေကြပါတယ်။နောက်တူတာကအိမ်မက်ရှိတာခြင်းတူသလိုအိမ်မက်ဟာ၂၀၂၀အခြေခံတာခြင်းတူပါတယ်။ဓာတ်ခဲခေါင်းဆောင်က"2020 Arakan Dream " ရှိသလိုတပ်ချုပ်ကြီးကလဲ၂၀၂၀မှာရွေးကောက်ပွဲနိုင်ပြီးသမ္မတဖြစ်ချင်တဲ့အိမ်မက်ရှိပါတယ်။လက်နက်အားကိုးတာချင်းလဲတူပါတယ်။
မတူတာကဘာလဲ။နှစ်ယောက်စလုံးကဝေဖန်တာမခံနိုင်တာချင်းတူပါတယ်။တပ်ချုပ်ကိုဝေဖန်သူဆိုရင်တရားစွဲခံရပါတယ်။ဓာတ်ခဲခေါင်းဆောင်ကိုဝေဖန်သူတွေဆိုရင်တော့တော်လှန်ရေးလိုအပ်ချက်အရဆိုပြီးမိမိလူမျိုးအချင်းချင်းသတ်ပစ်ပါတယ်။တပ်ချုပ်ကြီးကိုပြည်တွင်းပြည်ပကဝေဖန်ပေမယ့်ထွန်မြတ်နိုင်ကိုသူ့ပြည်နယ်အမတ်တွေကမဝေဖန်ရဲပါ။
နောက်တပ်ချုပ်ကြီးကလူမျိုးရေး၊ဘာသာရေးမခွဲခြားတတ်ပါ။သူ့ကိုဝေဖန်ရင်ဗုဒ္ဓဘာသာဘုန်းကြီးကိုလဲတရားစွဲသလို၊ခရစ်ယန်ဘုန်းကြီးကိုလဲတရားစွဲပါတယ်။ဘယ်တိုင်းရင်းသားမဆိုတန်းတူညီမျှတရားစွဲပါတယ်။ကိုနေမျိုးဇင်၊ဒေါင်းမျိုးဆက်သစ်ကိုဗမာမိုလို့မညှာသလိုကချင်မှာသူ့ကိုဆန္ဒပြလဲမျှတစွာတရားစွဲပါတယ်။ဓာတ်ခဲခေါင်းဆောင်နဲ့သူ့အဖွဲ့ကတော့သူ့လူမျိုးကသူ့ကိုဝေဖန်ရင်တရားမစွဲဘဲသတ်ပစ်ပါတယ်။ပြီးရင်သူ့နယ်ထဲမှာနေတဲ့အခြားတိုင်းရင်းသားတွေစစ်သားလူထွက်တွေကိုသတ်ပစ်ပါတယ်။သူ့အမတ်များကတပ်ချုပ်ကြီးကိုဝေဖန်ရဲပေမယ့်ဓာတ်ခဲကိုမဝေဖန်ရဲပါ။
နောက်သူတို့နှစ်ယောက်စလုံးကချမ်းသာပါတယ်။တပ်ချုပ်ကနိုင်ငံတော်ကတရားဝင်တောင်းလို့ရပြီးဓာတ်ခဲကတော့ဘိန်း၊ဆေးပြားလုပ်ပါတယ်။မိခဲ့ရင်တော့မိမ်တို့အဖွဲ့ကထွက်သွားပြီဖြစ်ကြောင်းဖွတ်တွေလိုကြေညာပါတယ်။
သူတို့မှာတူတာလေးတွေတော့ရှိမှာပါ။အဲ့ဒါကိုသိနိုင်သူကတော့သူတို့အကြောင်းစုံစမ်းနေသူများသာဖြစ်မှာပါ။မြန်မာပြည်ကြီး၂၀၂၀အိမ်မက်ကလန့်နိုးလာပြီးရင်တော့အဆင်ပြေမှာပါ။
zawgyi version
Recent Posts
See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ
NUG သတင်းက စိုးရိမ်စရာလား?
ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော
Comments
Join my mailing list
Thanks for submitting!
© 2023 by The Book Lover. Proudly created with Wix.com
bottom of page