top of page
Search

ဓားစားခံချင်းလဲမလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 12, 2019
  • 1 min read

ree

ဓားစားခံချင်းလဲမလား?

ဓာတ်ခဲကဖမ်းသွားသူတွေကို တပ်ကလိုက်ကယ်ချိန်မှာ ဓာတ်ခဲက သူ့လှေကိုပစ်လို့ အားလုံးသေသွားပြီလို့ ထကြေညာပါတယ်။ နာရီပိုင်းအတွင်းမှာပါ။ ရဟတ်ယဉ်တောင်စခန်းပြန်မရောက်သေးပါ။ တင်သူကတင်သလို တပ်ကိုဆဲလိုသူကလဲ ဆဲပြီးသွားပါပြီ။ စာရေးသူက နောက်နေ့မှာ သိသလောက်ရေးတင်ခဲ့ပါတယ်။ အဓိကက ရဟတ်ယဉ်က ဓာတ်ခဲပြောသလို အကုန် indiscriminate မပစ်တဲ့အကြောင်းပါ။နောက်ပိုင်းလွတ်လာသူတွေရှိလို့ ဓာတ်ခဲပြောသလို အကုန်ပစ်ရင် ဒီလူတွေလွတ်စရာအကြောင်းမရှိဘူးဆိုတာ စာဖတ်သူတွေ နားလည်နိုင်မယ်ထင်ပါတယ်။

ဒီနေ့မှာတော့ ဓာတ်ခဲက သူဖမ်းထားတဲ့လူစားရင်းကိုထုတ်ပြီး သူ့ခေါင်းဆောင်ရဲ့ ညီ၊ ညီမ၊ ယောက်ဖတို့နဲ့ လဲလိုကြောင်း ပြောလာပါတယ်။ ဒီသတင်းကနေသုံးသပ်လို့ရတာက ဓားစားခံ ၁၇ ဦး ဓာတ်ခဲလက်ထဲမှာရှိနေတယ်ဆိုတာ သေချာသွားပါတယ်။ ဒါကြောင့် ၁၅+၁၇ စုစုပေါင်း ၃၂ ယောက် အသက်ရှင်ခဲ့ပါတယ်။ ဒါကအနည်းဆုံးပါ။

ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကထဲက ဓာတ်ခဲက သူ့ညီ ညီမတွေကို လွှတ်စေချင်နေတာပါ။ ဒီနေရာမှာ ဓာတ်ခဲရဲ့ညီနဲ့ ညီမတွေအဖမ်းခံရပုံကိုလေ့လာရအောင်။ ပထမဆုံးသူ့ညီက အစိုးရက ဖမ်းခိုင်းတာမဟုတ်ပါ။ ထောက်လှမ်းရေးကလဲ ဘာမှအကြီးအကျယ်မသိပါ။ ထောက်လှမ်းရေးက ထိုင်းမှာအားကောင်းပေမယ့် အခြားနိုင်ငံတွေမှာ ဒီလောက်မဟုတ်ပါ။ စတာက မြန်မာပြည်မှာ ဒီမိုအစိုးရကတက်လာလို့ ယခင်ကလို အစိုးရဆန့်ကျင်တိုင်း အိမ်နီးချင်းနိုင်ငံတွေက လွှတ်မထားတာက စပါတယ်။စင်ကာပူမှာ ဓာတ်ခဲနေ့ကျင်းပရာက စင်ကာပူထောက်လှမ်းရေးက စထောက်လှမ်းပြီး ငွေကြေးစုဆောင်းတာ၊ လူမျိုးရေးပြောဆိုတာတွေ့ချိန်မှာ မြန်မာပြည်ကိုပြန်ပို့လိုက်တာပါ။ စင်ကာပူက လူမျိုးပေါင်းစုံနေလို့ လူမျိုးရေးအဖြစ်မခံပါ။ သူကပြန်ပို့လို့ အချိန်မှီလိုက်ဖမ်းရတဲ့အဖြစ်ပါ။ ကံကောင်းသွားတာပေါ့။

ဓာတ်ခဲညီမနဲ့ ယောက်ဖကတော့ မန္တလေးလက်နက်နဲ့ ငွေလွှဲတဲ့နောက်လိုက်ရင်းနဲ့ ရလာတဲ့သတင်းတွေပါ။ သူ့ယောက်ဖက ထိုင်းမှာဆေးကုနေတယ်လို့ပြောပါတယ်။ ဆေးကုရင်ဘယ်လောက်ကုန်တယ်ဆိုတာ လူတိုင်းသိပါတယ်။ သူ့ယောက်ဖဘာဝင်ငွေရှိလဲဆိုတာလဲ သိမှာပါ။ ဒီနေရာမှာ အစိုးရက သူ့အမျိုးတိုင်းကို လိုက်ဖမ်းနေတာမဟုတ်ပါ။ ဥပဒေအတိုင်းလုပ်နေတာပါ။ သူ့ရဲ့ညီမက တပ်ကစစ်ဗိုလ်နဲ့လိုက်ပြေးထားတာပါ။ အဲ့ဒီတစ်ယောက်ကို မဖမ်းပါ။

အားလုံးမှတ်မိမှာပါ။ သူ့ညီမနဲ့ ယောက်ဖကိုဖမ်းချိန်က အားလုံးထအော်ကြပါတယ်။ လူ့အခွင့်အရေးသမားတွေတောင်ပါပါတယ်။ သူတို့ဟာ တရားရုံးမှာမိုလို့ အထောက်အထား မခိုင်လုံရင် လွတ်လာမှာပါ။ သူတို့နဲ့ ဓာတ်ခဲဓားစားခံက အဖမ်းခံရတာချင်းမတူပါ။ သူတို့က အခြားအမှုကိစ္စလိုက်ရင်းနဲ့ မိသွားတာပါ။ ထောက်လှမ်းရေးညံ့ခဲ့ပေမယ့် လက်ရှိအစိုးရ ကြံဖန်ကံကောင်းသွားတာပါ။ ထွန်းမြတ်နိုင်အနေနဲ့လဲ မိမိအမျိုးတွေ ဘာမှမဟုတ်တာမလုပ်ထားရင် ကြောက်စရာမလိုပါ။ သူ့အလိုလို ပြန်လွတ်လာမှာပါ။

ဓားစားခံတွေကို လဲ မလဲက အစိုးရက ဆုံးဖြတ်ရမှာပါ။ အမေရိကန်၊ အင်္ဂလိပ်နဲ့ ရုရှားကတော့ ပြန်ပေးသမားတွေနဲ့ အပေးအယူလုပ်လေ့မရှိပါ။ သေချာတာကတော့ သတင်းစစ်ပွဲမှာ ဓာတ်ခဲကိုတောင်ဗိုလ်ချုပ်ထွန်းထွန်းညီတို့ မနိုင်သေးဘူးဆိုတာပါ။

News source: Irrawaddy

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Shwe Eain
Shwe Eain
Nov 12, 2019

ရှယ်ပြီး နော်ဆရာမြတ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page