top of page
Search

ဒလန်မဟုတ်သော ဒလန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 7, 2022
  • 2 min read

စာရေးသူက ဒလန်လို့ပြောရင် အများစုမျက်စေ့ထဲမြင်တာက အုပ်ကြီး၊ ပျူနဲ့ ဖွတ်တို့ပါ။ သူတို့က ထင်သာမြင်သာရှိပါတယ်။ သူတို့ထက်ဆိုးတာက သက်သက်ခိုင်၊ အေးမောင်၊ အေးနုစိန်၊ သိန်းညွန့်၊ ခင်မောင်ဆွေတို့လို နီကူးတွေပါ။ သူတို့ဟာ တပ်ထွက်မဟုတ်ပါ။ စရဖမဟုတ်ပါ။ သူတို့ကို အစပိုင်းမှာကြည့်ရင် DASSK ကို ဝေဖန်တာကနေစတာ တွေ့ရမှာပါ။ ဝေဖန်တာက ဒီမိုကရေစီမိုလို့ ဘာမှအပြစ်မဟုတ်ပါ။ ဒါပေမယ့် သူတို့ဟာ မအလတပ်ကို မဝေဖန်ဘဲ ဒီမိုတွေကိုသာ ဝေဖန်လာပြီး နောက်ပိုင်းမှာ အာဏာသိမ်းဖို့ ပေါ်တင်ပြောပြီးနောက် မအလနဲ့ပေါ်တင်ပူးပေါင်းပြီး သစ္စာဖောက်တာပါ။ အချို့က စစ်တပ်နဲ့ DASSK ဆို DASSK ကို ပိုမုန်းသူတွေ ရှိပါတယ်။ သူတို့ကပူးသတ်တွေပါ။

စာရေးသူတို့ တော်လှန်ရေးမှာ သတင်းလုံခြုံမှုက အင်မတန်အရေးကြီးတာ အားလုံးလက်ခံမှာပါ။ စာရေးသူ ဒီမို NLD ခေတ်မှာ စရဖက NLD ကို မကောင်းရေးတာကိုမခံနိုင်လို့ ပြည်သူတွေ နားလည်အောင် အစိုးရလုပ်တာတွေကို ချပြရေးပြခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာပါ။ ဒါပေမယ့် စာရေးသူက လုံခြုံရေးကို ဂရုစိုက်ခဲ့ပါတယ်။ စာရေးသူအနေနဲ့ ပုံတင်တာ၊နေရာတင်တာလုပ်ရင် ထိုအချိန်က Like များနိုင်ပါတယ်။ ဒါပေမယ့် လုံခြုံရေးကို ဦးစားပေးခဲ့ပါတယ်။ မိမိအဖွဲ့ဟာ အာဏာသိမ်းနိုင်မှန်းလဲသိခဲ့ပါတယ်။ အာဏာသိမ်းရင် ပြင်စရာရှိတာကိုလဲ DASSK ထံပေါက်မယ်ထင်တဲ့ မိမိထောက်ခံသူကနေ ပြောခဲ့ပေမယ့် သူမနားကပ်သူများကို ထိုးဖောက်နိုင်ခဲ့ပုံမရပါ။ ယခုအချိန်အထိတော့ မအလအနေနဲ့ စာရေးသူကို ခြေရာခံလို့ မရသေးပါ။ အာဏာသိမ်းအပြီးမှာလဲ စာရေးသူကို ယခုအဖမ်းခံထားရသူ အရေးကြီးသူက ဆက်သွယ်ပေမယ့် signal နံပတ်မပေး လိုင်းပေါ်မှာ မျက်နှာချင်းဆိုင်မတွေ့ထားလို့စာရေးသူ ကပ်လွတ်သွားခဲ့ပါတယ်။ ဒါကသတင်းလုံခြုံမှု အရေးကြီးတာကိုပါ။ စာရေးသူအရေးကြီးသူလို့ ခံယူထားတဲ့သူကို ထောက်ခံသူကို လုံခြုံရေးပေးလိုလို့ အခြားကိစ္စတွေကိုစတေးရတဲ့သဘောမျိုးပါ။ အချို့တွေက မိမိကိုမခံချင်အောင်ရေးလဲ ကျော်သွားခဲ့ပါတယ်။

ယခုတော်လှန်ရေးသမားတွေ လုံခြုံရေးအတွက် သတိထားရမှာလေးတွေ ပြောပါ့မယ်။ NUG ကို ဝေဖန်တာက ဝေဖန်ပါ။ စာရေးသူလဲ NUG ထဲမပါလို့ ဘာမှမဖြစ်ပါ။ ဒါပေမယ့် အဆိုပါဝေဖန်သူလူငယ်ကြောင့် တော်လှန်ရေးသမားတွေ ဒုက္ခရောက်တာ ပြောပြပါ့မယ်။ အဆိုပါလူငယ်က Live လွှင့်ပါတယ်။ NUG ကိုဝေဖန်လို့ စရဖကလဲ လိုက်ကြည့်ပါတယ်။ မန္တလေးမှာမြေအောက်လူငယ်အချို့မိပါတယ်။ မအလတပ်က စစ်ပါတယ်။ ဟိုအဖမ်းခံရသူလူငယ်တွေက သူတို့မြေအောက်အဖွဲ့ကလို့ ဝန်မခံသေးပါဘူး။ ဒါပေမယ့် အဆိုပါလူငယ်က သူ့သူငယ်ချင်းတွေအဖမ်းခံရကြောင်း နယ်စပ်ကနေ Live လွှင့်ချိန်မှာ စရဖက မင်းလူကမင်းကိုUG လို့ပြောနေပြီ PDF လို့ပြောနေပြီဆိုပြီး သူ့ Live ကိုပြပြီး ဗျင်းပါတယ်။ အဆိုပါလူငယ်တွေ ပြန်လွတ်လာရင် မေးကြည့်ပါ။ ဒါကသူ့ကြောင့် ထောင်ထဲကလူဒုက္ခရောက်တာပါ။နောက်သူက NUG ကို သိက္ခာချလိုတော့ ဘယ်ဝန်ကြီးက ထိုင်းရဲကို ဘယ်မှာဘာညာဆိုပြီးရေးတင် Live လွှင့်တင်ပါတယ်။ စရဖက ထိုင်းစစ်သံကနေ ထိုင်းရဲကို ကျပ်ပါတယ်။ ထိုင်းရဲက ဝင်ရှာတာ စစ်တာတွေလုပ်ပါတယ်။ သူဝေဖန်တဲ့ ဝန်ကြီးက လုံခြုံလို့ ဘာမှမဖြစ်ပေမယ့်ကြားလူတွေနေရာပြောင်းရ ရွှေ့ရနဲ့ ဒုက္ခရောက်ပါတယ်။ ဒါက အာခြောင်ရာကနေသတင်းပေး ဒလန်ဖြစ်မှန်းမသိ ဖြစ်နေတာပါ။ သူနယ်စပ်ထွက်ချိန်က သူ့မိဘတွေကို ရှာခဲ့ပေမယ့် သူ NUG ကိုဝေဖန်ချိန်ကစလို့ သူ့မိဘတွေကို ရှာတဲ့စာရင်းထဲက ထုတ်လိုက်ပါတယ်။

နောက်စစ်မြေပြင်တိုက်ပွဲတွေကိစ္စပါ။ ယခုအချိန်မှာ အလှူငွေရဖို့ မိမိတို့တိုက်တာကို လိုင်းပေါ်တင်ပြတာ ပုံမှန်လိုဖြစ်လာတာတွေ့နေရပါတယ်။ KIA စခန်းသိမ်းတာ လိုင်းပေါ်မတင်ပါ။ကြေညာချက်သာထုတ်ပါတယ်။ ယုံတာ မယုံတာဂရုမစိုက်ပါ။ ဘာလို့လဲဆိုတော့ လုံခြုံရေးအတွက်ပါ။ ပုံမှန်မှာ မအလတပ်က ကားပေါ်ကနေသွားချိန် အတိုက်ခံရလို့ ဘာနဲ့တိုက်တယ်ဘယ်လိုပစ်တယ် အတိအကျမသိနိုင်ပါ။ ဒါပေမယ့် ဗီဒီယိုအချို့ကနေ မိုင်းခွဲပုံ မိုင်းအမျိုးအစား အဝေးထိန်းစနစ်တွေကို သိသွားခဲ့ပါတယ်။ ဒါကြောင့် စစ်ဆင်ရေးမှာ ဖုန်းလိုင်းဖြတ်တာ၊ jammer သုံးတာ၊ ရန်သူ့လက်နက်အနေအထားကိုတွက်ချက်ပြီး လက်နက်ကြီးသုံးတာတွေ လုပ်လာနိုင်ခဲ့ပါတယ်။ သူကမြေပြင်အထိ စုံစမ်းစရာမလိုဘဲ စာရေးသူတို့က ဗီဒီယိုကနေတဆင့် သတင်းပေးမိသလိုဖြစ်သွားတာပါ။

နောက်အရေးကြီးဆုံးက မိမိစခန်းတည်နေရာကိစ္စပါ။ လေကြောင်းကတိုက်ရာမှာ မိမိစခန်းတည်ရာကို အတိအကျမသိရင် တိုက်မရပါ။ ပုံမှန်မှာ စစ်စခန်းတွေကို မတိုက်ခင်ထောက်လှမ်းရတာက အချိန်များစွာကုန်ပါတယ်။ ဒါပေမယ့် စစ်ကိုင်းမှာအချို့က လူ့အခွင့်အရေးကိစ္စစုံစမ်းသလိုလို ဘာလိုလိုနဲ့ စာတမ်းလုပ်ပြီး နိုင်ငံခြားကိုပို့ပါတယ်။ သူတို့ပို့ရာမှာနိုင်ငံခြားကနေ NUG ကို ပုံမှန်ဝေဖန်လေ့ရှိတဲ့လူအချို့နဲ့ သတင်းသမားအချို့ထံပါ။ NUG ကိုဝေဖန်သူများရဲ့အများစုဟာ မအလနဲ့ နီးစပ်နေတတ်ပြီး အဆိုပါကိစ္စက စရဖထံရောက်ပါတယ်။ အဆိုပါအစီရင်ခံစာမှာ ဘယ်ရွာမှာဘယ်လိုစခန်းချတယ် ဘာညာရေးထားလို့ ဟိုကအဲ့ဒီရွာလောက်ကို ကွက်ထောက်လှမ်းပြီး ရဟတ်ယာဉ်နဲ့ဆင်းချ ရွာမီးရှို့ လူသတ်ပါတယ်။ ဒါကြောင့် သူတို့က PDF က အသတ်ခံရတဲ့ လူအယောက် ၂၀ အတွက် တရားမျှတမှုရှာရာကနေတစ်ရွာလုံးပြာကျ လူတွေများစွာသေခဲ့ပါတယ်။ နောက်စစ်ကာလမှာ သတင်းထောက်တွေကိုအမေရိကန်တပ်၊ ရုရှားတပ်မှာ စင်ဆာဖြတ်ပါတယ်။ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်မပေါက်အောင်ပါ။ ဒါပေမယ့် NUG မှာ ထိုကဲ့သို့ထိန်းချုပ်နိုင်တဲ့ ဩဇာမရှိသေးပါ။ အဆိုပါအချိန်မှာ သတင်းသမားကလဲ မိမိနာမည်ကြီးဖို့ ဖွတ်တွေ၊ Non CDM တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာကိုရေးရင်း မလိုလားအပ်တဲ့ အသေးစိတ်တွေပါတာကနေ မအလတပ်ရဲ့ရွာကိုစီးနှင်းတာခံရ၊ မီးရှို့တာခံရ၊ သတ်ဖြတ်တာခံရပါတယ်။

အကျဉ်းချုပ်ရရင် စစ်ရေးကာလ တော်လှန်ရေးကာလမှာ လူတိုင်းဟာမိမိရေးတာ Live လွှင့်တာကို လုံခြုံရေးသတိနဲ့ ဆင်ခြင်ဖို့ပါ။ မဟုတ်ရင် မိမိဟာ ဒလန်မဟုတ်သောဒလန် ဖြစ်နေတတ်ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Johnny JOE
Johnny JOE
Jun 07, 2022

ကိုကဗဟုသုတရှိလို့ သတိပေးရင်သူတို့က စဆရက လုပ်တယ်ထင်ပြီး ့နားမထောင်တဲ့အပြင် ဆယ်လီမဟုတ်တော့လဲ ့့စာပို့သတိပေးတာတောင်ဂရုမစိုက် ့့ခံရတော့မှ မြေလူး နေကြတာ ့့့ဆိုတော့ ့့

Like
Nay Nann myint
Nay Nann myint
Jun 08, 2022
Replying to

နာမည်ကြီးချင်သောရောဂါ

ဝင်မှန်းမသိဝင်နေတာပေါ့ရှင် ။

အငုံ့စိတ် လါး

အတ္တလါး ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page