top of page
Search

ဒေါ်အောင်ဆန်းစုကြည် PDF ကိစ္စဘာပြောခဲ့လဲ

Writer: Myat Tun Oo
Myat Tun Oo
Jul 5, 2022
1 min read



မအလက PDF အစပိုင်းမှာ PDF, NUG, CRPH ကိစ္စသူမရှေ့နေတွေကတဆင့် ပြောလို့ရပါတယ်ဆိုပြီး ရေလာမြာင်းပေးလုပ်တာ အားလုံးမှတ်မိမှာပါ။ ဒါပေမယ့် DASSKက ပြည်သူတွေ စည်းလုံးဖို့ တစ်ယောက်ကိုတစ်ယောက်ကူညီဖို့သာ အဓိကပြောခဲ့ပြီး PDF ကိစ္စမပြောခဲ့ပါ။ သူမအနေနဲ့ သတင်းစာ၊ MRTV နဲ့ မြဝတီကလောက်တော့ PDF က အားကောင်းနေတာကို သိပါတယ်။ သူမသိသင့်သလောက်တော့ သိပုံရပါတယ်။ ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ကိစ္စ သူမ သိပါတယ်။

ထူးဆန်းတာက သူမကိုနေရာမပြောင်းခင်မှာ မအလအောက်က ရာပြည့်တို့အဖွဲ့က PDF ကို မထောက်ခံတာမျိုး၊CRPH, NUG ကို သူမ မထောက်ခံတာမျိုး ပြောဖို့ ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးတာမျိုးမဟုတ်ပါ။ DASSK က မလုပ်နိုင်ကြောင်း ဘယ်ကိစ္စမဆို NLD CEC တွေနဲ့ တွေ့ပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း သူမတစ်ဦးချင်းရဲ့သဘောထားလဲ မပေးနိုင်ကြောင်းပြောခဲ့တယ်လို့ သိရပါတယ်။ ဒါက သူမဟာ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်တာကို ပြလိုက်တာပါ။

ဒီနေရာမှာ မအလက ဒါမျိုး DASSK ကို ဖိအားပေးရဲပါ့မလားလို့ မေးသူများရှိနိုင်ပါတယ်။ သူက မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောပြီးသားပါ။ အဲ့ဒီလို ငြင်းအပြီးမှာ တိုက်ဆိုင်စွာနဲ့ သူမကို ထောင်ကိုရွှေ့ခဲ့တာပါ။

DASSK က PDF, NUG, CRPH တို့ကို မအလပြောစေချင်သလို မပြောလိုက်တာက မအလအတွက် ဒေါသထွက်သွားစေခဲ့ပါတယ်။ သူမက ထောက်ခံပါတယ်လို့ ထွက်မပြောပေမယ့် ပြည်သူတွေကို စည်းလုံးကြပါ အချင်းချင်းကူညီကြပါဆိုတာကိုက မအလကို ဒေါသဖြစ်စေခဲ့ပါတယ်။

ယခုလဲ တရုတ်က နေပြည်တော်မလာဘဲ ပုဂံလာပြီး မအလကိုမတွေ့ဘဲ ပြန်သွားခဲ့ပါတယ်။ အကြောင်းကနေပြည်တော်ကိုလာရင် DASSK နဲ့ပေးတွေ့ဖို့ ခွင့်တောင်းခဲ့တယ်လို့ ခိုင်လုံတဲ့ အတွင်းဌာနက ပြောခဲ့ပါတယ်။တရုတ်ရဲ့ ပေါ်တင်ဝင်မစွက်ရေးအရသာ အသံမထွက်ခဲ့တာပါ။ မအလက ပေးမတွေ့လို့ ဟိုကနေပြည်တော်လဲမလာ မအလလဲ မတွေ့ခဲ့ပါ။ နောက်တရုတ်က ဝဏ္ဍဖွတ်လွင်ကို ရွေးကောက်ပွဲလုပ် DASSK နဲ့တွေ့ သူမ ပါနိုင်အောင်လုပ်ဆိုတာလဲ ထပ်ပြောသွားခဲ့ပါသေးတယ်။ အရေးကြီးဆုံးက သူ့အကျိုးစီးပွါးထိရင်နာမယ်လို့ သတိပေးသွားတာပါ။

အကျဉ်းချုပ်ရရင် သူမရဲ့သဘောထားက ပြည်သူတွေနဲ့ ထပ်တူပါ။ နောက်ဆုံးက ပြည်သူသာအဓိကဖြစ်ပြီး ပြည်သူအချင်းချင်း ကူညီခြင်းဖြင့် ဒီတိုက်ပွဲကို ပြည်သူတွေက နိုင်အောင်တိုက်နိုင်မှာပါ။ ပြည်သူညီရင် တရုတ်၊ အမေရိကန်၊ ရုရှားမလိုပါဘူး။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page