top of page
Search

ဒီမိုကရေစီကို ပရမ်းပတာရှိ မရှိ လေ့လာခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 3, 2019
  • 1 min read

ဒီမိုကရေစီကို ပရမ်းပတာရှိ မရှိ လေ့လာခြင်း

Democracy ဟာ ဂရိစကား “δημοκρατία dēmokratía” ကလာပြီး ပြည်သူက အုပ်ချုပ်တာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီမိုကရေစီကို အင်္ဂလိပ် အဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ရင် “a system of government by the whole population or all the eligible members of a state, typically through elected representatives” မြန်မာလိုဆိုရင် ရွေးကောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များက အုပ်ချုပ်သောအစိုးရလို့ဆိုပါတယ်။ ဒါကြောင့်ဂရိအရရော အင်္ဂလိပ် အဘိဓာန်အရပါ မြန်မာပြည်မှာ ဒီမိုကရေစီမရသေးပါ။

ကမ္ဘာပေါ်က ဝါရင့်ဒီမိုနိုင်ငံတွေရဲ့ ဒီမိုကရေစီစနစ်ကို လေ့လာကြည့်ရအောင်။

အင်္ဂလန်ဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီကျင့်သုံးတာ ကြာခဲ့ပါပြီ။ အင်္ဂလန်မှာ ၁၃ ရာစုမှာ ဘုရင်ကMagna Carta စာချုပ်နဲ့ စည်းမျဉ်းခံ ဘုရင်စနစ်ပြောင်းတာကနေ ပါလီမန်ပေါ်လာပြီးအုပ်ချုပ်ခဲ့ပါတယ်။ သူ့မှာ ရေးထားတဲ့ ခြေဥမရှိဘူးဆို စာဖတ်သူများ ယုံပါ့မလား။ ယခုဥရောပက ခွဲထွက်ရေးမှာအစိုးရက ပါလီမန်ကိုပိတ်၊ တရားရုံးချုပ်က ပြန်ခေါ်ခိုင်း ခွဲရေး၊ တွဲရေး ဆန္ဒပြသူတွေကလဲ နေ့စဉ်ပါ။အာဏာသိမ်းလိုသူများအတွက်ဆို ပရမ်းပတာကြီးပေါ့။ ဒါပေမယ့် ဘယ်ဒုဗိုလ်မှူးကြီးအဆင့်ကမှပရမ်းပတာဖြစ်နေပြီလို့ မပြောရဲပါ။ သူ့တပ်ချုပ်တောင် မပြောရဲပါ။ သူ့တပ်ချုပ်ကလဲ ညွှန်ချုပ်ပါ။

နောက် အမေရိကန်။ ယခုထရမ့်နဲ့ ပါလီမန်နဲ့ ရန်ဖြစ်သလို သူ့ကို ထောက်ခံသူ ကန့်ကွက်သူများဟာလဲနေ့စဉ် ဆန္ဒပြကြပါတယ်။ ပရမ်းပတာလို့ထင်စရာပေါ့။ ဒါပေမယ့် ဘယ်တပ်ချုပ်ကမှ ထရမ့်ကို မပြောရဲပါ။ သူ့တပ်ချုပ်ကလဲ ညွှန်ချုပ်အဆင့်ပါ။

ပြင်သစ်မှာလဲ ရဲတွေဆန္ဒပြ၊ လူတွေဆန္ဒပြနဲ့ ရှုပ်နေပါတယ်။ ပရမ်းပတာလို့ထင်စရာပါ။

ဒီမိုကရေစီဆိုတာ အာဏာရှင်စနစ်မဟုတ်လို့ မြောက်ကိုရီးယားလို ငြိမ်မနေသလို တရုတ်ကွန်မြူနစ်ပါတီလို ဖြစ်မနေပါ။ ဒီလိုဖြစ်နေတာကိုက ဒီမိုကရေစီပါ။

ပရမ်းပတာက နေရာမှားပြီး ရန်သူ့ကို တိုက်ရမယ့်နေရာမှာ မရှိဘဲ လွှတ်တော်ထဲ ရောက်နေတာကပရမ်းပတာဖြစ်နေသလို ညွှန်ချုပ်အဆင့် တပ်ချုပ်က ဒုသမ္မတအဆင့်ဖြစ်နေရင်လဲ အဲ့ဒီတိုင်းပြည်ဟာပရမ်းပတာဖြစ်ပြီး မတိုးတက်နိုင်ပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page