top of page
Search

ဒီနှစ်အတွင်း အားရမိသော NUG

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 11
  • 1 min read

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။

ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေးနဲ့သာ မြှောက်ပေးပြီး သူ့ဆီကို ဒုက္ခသည်လျှောက်သူတွေကို ကြမ်းကြမ်းကိုင်တော့မှာဖြစ်ပါတယ်။ ယူကရိန်းကိုလဲ အမေရိကန်မကယ်လဲ ဥရောပက ကယ်မလိုလိုနဲ့ တကယ်ကတော့ လက်တွေ့မှာ ဘာမှမကယ်ပါ။

အမေရိကန်ကလဲ ဗီနီဇွဲလားကို သူ့အကျိုးစီးပွါးအတွက် ကိုင်ခဲ့ပြီး ယခု အီရန်ကို ကိုင်ဖို့ပြင်နေပါတယ်။

ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ NUG ကို သတိထား စောင့်ကြည့်နေခဲ့ပါတယ်။ NUG ရဲ့ လော်ဘီအများစုက ဒီမိုကရက်ပါတီနဲ့ ရင်းနှီးလို့ ရင်တမမနဲ့ စောင့်ကြည့်နေရတာပါ၊

ပထမဆုံးက NUG ဟာ US က ဗီနီဇွဲလားက အာဏာရှင်ကို ဝင်ဖမ်းတာကို စာမထုတ်တာက အလွန်မှန်ကန်တဲ့ ပထမခြေလှမ်းလို့ ပြောပါရစေ။ မိမိစိတ်ထဲဘာရှိရှိ ဟိုဗကသလို၊ ဗကပလို၊ NGO တွေလို စာမထုတ်မိဖို့က အင်မတန်အရေးကြီးပါတယ်။ ဒီကိစ္စကို NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောင်မြင်စွာ ကိုင်တွယ်သွားလို့ပါ။ ဖြစ်နိုင်ရင် ထောက်ခံပြီး ဗမာပြည်ဝင်ဖို့တောင် ဖိတ်သင့်တာပါ။ အနည်းဆုံး မကန့်ကွက်တာက NUG ဟာ NGO အဆင့်ထက်၊ တက်ကြွလှုပ်ရှားသူအဆင့်ထက် တွေးခေါ်မှုမြင့်တယ်ဆိုတာကို ယာယီသမ္မတက ပြလိုက်တာပါ။

ဒုတီယက NUG က တိုက်ပွဲတွေကို ဗမာ့မြေနဲ့ နေပြည်တော်နဲ့အနီးဆုံးမှာ ဖော်ဆောင်လာနိုင်တာပါ။ ဒါက အင်မတန်ကောင်းတဲ့ စစ်ရေးသတင်းစကားပါ။ မအလဟာ ဗမာနယ်မှာ အနည်းဆုံးထိန်းပြရမှာဖြစ်ပြီး ဒီကိစ္စက မအလရဲ့ ထိန်းချုပ်နိုင်မှုကို စိန်ခေါ်လာပြီး တန်ပြန်ထိုးစစ်အတွက် ပြင်ရတော့မှာပါ။ ယခင်က အချင်းချင်းမတိုက်ရဆိုတဲ့ ကရင့်နယ်မှာ အချိန်ကုန်နေရတဲ့ တပ်တွေအတွက် ရလာဘ်ကောင်းတွေ ယူလာနေပါပြီ။ မြို့မသိမ်းနိုင်ရင်တောင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်လမ်းတွေကို ထိန်းနိုင်နေလို့ ဖြတ်တောက်လာနိုင်လို့ တိုးတက်လာနေပါပြီ။ နောက်ပိုင်းမှာ NUG အနေနဲ့ ရန်ကုန်-မန္တလေးလမ်း အသုံးပြုမယ့် ကုန်ကားတွေကို လိုင်းပေါ်ကနေ NUG Pay နဲ့ အခွန်ကောက်ပြီး မပေးတဲ့ကုန်ကား၊ ခရီးသည်တင်ကားတွေကို ဥပဒေနဲ့အညီအကြမ်းဖက်ကားအဖြစ် သတ်မှတ်ဖမ်းဆီးနိုင်ရင် တရားဥပဒေစိုးမိုးမှုကို မြေပြန့်အထိ ချဲ့လာနိုင်မှာပါ။ မအလကလဲ တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်နေပေမယ့် တပ်တွေက အလကားမရပါ။

တတိယအချက်က တီကောင်ရဲ့ အခွန်ဂိတ်တွေကို စဖမ်းတာပါ။ NUG ကို လူမလေး ခွေးမခန့်လုပ်နေတဲ့ အဖွဲ့များစွာရှိပါတယ်။ ယာယီသမ္မတကြီးက NGO ကလာလို့ ချင့်ချိန်နေပေမယ့် တော်လှန်ရေးမှာ ပြတ်သားရမှာတွေရှိပါတယ်။ NUG က ဝန်ကြီးဆရာကြီးအချို့လဲ နိုင်ငံရေးပါးမဝခင်က တီကောင်ကို လောက်မှန်းမသိလို့ ထောက်ခံပြီး လက်နက်ပေးဖို့ မိမိဌာနနဲ့မဆိုင်တဲ့ အခြားဝန်ကြီးတွေကို ဖိအားပေးခဲ့ပေမယ့် ယခုတီကောင်က လောက်ကောင်ဆိုတာ သိသွားပြီး လုပ်သင့်တာကို ရဲရဲတင်းတင်းလုပ်လို့ အစိုးရနဲ့ ပိုတူလာပါပြီ။

နောက်ဆုံးအနေနဲ့ NUG ကို အားရတာက မြစ်ဆုံကိစ္စ စာထုတ်တာပါ။ NUG ဟာ တရုတ်ကို ရန်သူလို မဆက်ဆံပေမယ့် မိမိတိုင်းပြည်အတွက် ဘယ်စည်းကို မကျော်ရဘူးဆိုတာကိုတော့ ပြတ်ပြတ်သားသား ပြလိုက်ပါပြီ။ ဒါကလဲ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တရုတ်ဖိအားကို ဗဟိုအစိုးရနဲ့သာ ကျော်နိုင်မယ်ဆိုတာကို ပြလိုက်တာပါ။

၂၀၂၆ ဟာ အဘရဲ့ အဖော်တွေ အားပျော့လာတဲ့နှစ်ပါ။ ဗီနီဇွဲလားကို ဝင်ဖမ်းသွားလို့ နယူးယောက်က ဖမ်းဝရမ်းထုတ်ရင် သူအဖမ်းခံရဖို့က ICC ထက် ဖြစ်နိုင်ချေများတယ်ဆိုတာ မအလသိပါတယ်။ အီရန်ကို ဆန္ဒပြသူကို တကယ်ပစ်လို့ ဒုံးကျည်နဲ့ပစ်၊ ဗုံးကြဲရင် ဗမာပြည်မှာလဲ ဖြစ်နိုင်တယ်ဆိုတာ မအလသိနေပါပြီ။ အီရန်မှာ ဗုံးကြဲလို့ စစ်စခန်းတွေမရှိရင်တောင် စင်ပြိုင်တပ်မရှိလို့ ဘာဖြစ်မလဲ မသေချာပေမယ့် ဗမာပြည်မှာက နေပြည်တော်စစ်ရုံးနဲ့ အခြားလေတပ်လောက် ဗုံးကြဲရင်ကို ပြည်သူ့တပ်မတော် PDF က နေပြည်တော်အထိ တက်သိမ်းနိုင်တာကို မအလသိနေပါတယ်။ အီရန်ဟာ မအလငွေထုတ်ဖို့ ပစ္စည်းထောက်ပံ့တဲ့နိုင်ငံ၊ ဒရုံးရောင်းတဲ့နိုင်ငံဆိုတာ မမေ့ပါနဲ့။

ဘယ်သူမှ ငါတို့ကိုချစ်လို့ လာတိုက်ပေးမှာမဟုတ်ပေမယ့် သူတို့အကျိုးစီးပွါးအတွက်လုပ်ချိန် မိမိတို့ကလဲ တိုက်နိုင်အောင် မိမိတို့ရဲ့ NUG အောက်က PDF ကို အားကြီးအောင် ဆက်ထောက်ပံ့ပေးကြပါ။ NUG အောက်မဝင်တဲ့ တပ်တွေထဲက မျှော်နေတာလျှော့ပါ။ NUG စစ်ဆင်ရေး တပ်သား တစ်ထောင်မှာ ဆယ်ယောက်လောက်ဝင်ပါပြီး ယခင် တီကောင်က ခေတ်သစ်က ဂျင်းထည့်သလို ဂျင်းထည့်နေကြတာပါ။ သူ့အကျိုးကို ကိုယ့်အကျိုးရှိအောင် အသုံးချနိုင်ကြပါစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page