top of page
Search

ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်တာ အရပ်သားလား စစ်သားလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 1, 2020
  • 1 min read

ယခုလိုပြောရင် စစ်တိုက်တာဟာ စစ်သားအလုပ်ဖြစ်လို့ ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်တာဟာစစ်သားလို့ ထင်စရာရှိပါတယ်။

ဒီနေရာမှာ ဂျာမနီကို ဦးဆောင်ခဲ့သူ ဟစ်တလာဟာ အရပ်သားပါ။ သူက ဝန်ကြီးချုပ်ဖြစ်ပြီး ပြင်သစ်အထိ အချိန်တိုအတွင်းမှာ သိမ်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မဟာမိတ်တပ်ကလဲ ဆုတ်ခွါနေရပါတယ်။ပြင်သစ်တပ်ကလဲ ဆုတ်နေရပါတယ်။

စစ်စဖြစ်အပြီး မေလ ၁၀ ရက် ၁၉၄၀ မှာ အင်္ဂလိပ်ပါလီမန် Winston Churchill ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ပါတယ်။ အဲ့ဒီအချိန်မှာ ဂျာမန်တပ်က အင်္ဂလိပ်နဲ့ မဟာမိတ်တပ် ၃ သိန်းလောက်ကို ပြင်သစ်နိုင်ငံထဲက Dunkirk ဒန်ကတ် ဆိုတဲ့မြို့နားအထိ လာပိတ်တိုက်ဖို့ ပြင်ကြပါတယ်။ ဝန်ကြီးချုပ် ချာချီကို သူ့ဗိုလ်ချုပ်ကြီးတွေက တပ်တွေပိတ်မိနေပြီ အကုန်သေတော့မယ်လို့ တင်ပြပါတယ်။ တစ်ခုထဲသောနည်းက ဟစ်တလာနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဖို့ပါ။

ဒါပေမယ့် ဝန်ကြီးချုပ်ချာချီက ဟစ်တလာဟာ နာဇီအာဏာရှင် ငြိမ်းချမ်းရေးအတွက် မသင့်တော်သူလို့ဆုံးဖြတ်ပြီး သူ့တပ်ကို ရတဲ့နည်းနဲ့ကယ်ထုတ်ဖို့ စစ်ဗိုလ်တွေကိုအမိန့်ပေးပါတယ်။ သူကရမဲ့တပ်သားပေါင်း ၃ သိန်းကျော်ပါ။ နောက်သူက လူ ၄၀၀၀ လောက်ရှိတဲ့ အင်္ဂလိပ်တပ်ကို ဒန်ကတ်မြို့ကိုတိုက်ဖို့လာတဲ့ ဂျာမန်တပ်ကို ဝင်တိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒီနေရာမှာ တပ်သား သုံးသိန်းကျော်ကိုကယ်ထုတ်ဖို့ အရပ်သားသင်္ဘောတွေလိုရာမှာလဲ ချာချီက အရပ်သားတွေကို စည်းရုံးပြီး ရေတပ်ကိုထောက်ပံ့နိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာ ဂျာမန်တပ်က ရုတ်တရက်ထိုးစစ်ရပ်ချိန်မှာ မဟာမိတ်တပ်သားပေါင်း သုံးသိန်း သုံးသောင်းကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ တပ်မှူးတွေက အသေးစိတ်နည်းဗျူဟာစွဲတာမှန်ပေမယ့်ပြည်သူတင်တဲ့ ဝန်ကြီးချုပ်ချာချီက ပြည်သူကိုမိန့်ခွန်းပြောပြီး မဟာဗျူဟာစွဲခဲ့တာပါ။ နောက်ပြင်သစ်ကို ပြန်သိမ်းချိန် နော်မန်ဒီကမ်းတက်တိုက်ပွဲရဲ့ မဟာဗျူဟာကို ရေးစွဲရာမှာလဲ ချာချီက အဓိက ပါခဲ့ပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ် တပ်မှူးတွေက နည်းဗျူဟာသာ စွဲခဲ့ကြတာပါ။

ပြောချင်တာက တိုင်းပြည်မှာ ငြိမ်းချမ်းရေးရဖို့ဖြစ်ဖြစ် စစ်နိုင်ဖို့ဘဲဖြစ်ဖြစ် စစ်တပ်ဟာ အစိုးရအောက်မှာရှိမှရပါမယ်။ ဥပမာအနေနဲ့ပြောပါ့မယ်။ ဝ ကို တိုက်နိုင်မလားဆို ယခုလက်ရှိခြေဥနဲ့ ဝ မပြောနဲ့ဓာတ်ခဲတောင်အတော်ပစ်နေရပါတယ်။ လေတပ်ရော ရေတပ်ပါ ကူနေရတာပါ။ ဒါမှမဟုတ်ဘဲတကယ်လို့များ အစိုးရအောက်မှာသာ တပ်ရှိခဲ့ရင် အစိုးရက ဝ ကို ငြိမ်းချမ်းရေးဆွေးနွေးမရလို့DASSK ကသာ တိုင်းပြည်ကို မိန့်ခွန်းပြောပြီး ဘာကြောင့်တိုက်ရသလဲဆိုရင် ပြည်သူတွေအများကြီးက တပ်ထဲဝင်ပြီး တိုက်ပါလိမ့်မယ်။ အဲ့ဒါနိုင်ငံရေးပါ။

ဒါမှမဟုတ်ဘဲ တပ်ချုပ်က ဘုရားတည်သလို ဝက်မွေးသလို ကြက်မွေးသလို ကားတာယာစက်ရုံ ဝင်ကြည့်သလို ဖုန်းဆင်းကဒ်ရောင်းသလို သူပုန်ကို ကြက်ပေါင်းဟင်းချိုတိုက်သလို သွားလုပ်နေတဲ့တိုင်းပြည်မှာတော့ ငြိမ်းချမ်းရေးရဖို့ခက်သလို စစ်ပွဲနိုင်ဖို့လဲ ခက်နိုင်ပါမယ်လို့ ပြောပါရစေ။

Photo credit : The Churchill Project

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page