top of page
Search

ထောက်လှမ်းရေးသတင်းတွေဘယ်ကရ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 11 hours ago
  • 1 min read

ree

သတင်းတွေကို ထောက်လှမ်းရာမှာ သမားရိုးကျ လူလွတ်ပြီးထောက်လှမ်းတာ ဒလန်ကသတင်းပေးတာ၊ ဒါမှမဟုတ် ဆက်သွယ်ရေးစနစ်တွေကို ကြားဖြတ်နားထောင်တာ၊ ဒါမှမဟုတ်လိုင်းပေါ်ကနားထောင်တာ၊ ဒါမှမဟုတ် မောင်းသူမဲ့ လေယာဉ်ပျံတွေနဲ့ကောင်းကင်က ထောက်လှမ်းတာတွေ အချို့တိုင်းပြည်တွေမှာ ဂြိုလ်တုတွေနဲ့ ထောက်လှမ်းတာ‌တွေ လုပ်ကြပါတယ်။

ဒါဆို မအလရဲ့ထောက်လှမ်းရေက သတင်းတွေကို ဘယ်ကရနေပါသလဲ။

ဒေသအလိုက်လေ့လာကြည့်ရအောင်။ တောင်ပိုင်းကရင်ဒေသကိုပထမဆုံးကြည့်ရအောင်။ အဆိုပါဒေသမှာက မအလနဲ့မကင်းတဲ့ အဖွဲ့များပါတယ်။ KNU က ဥက္ကဌဟောင်းကြီးကိုယ်တိုင်က သူ့သားသမီးတွေက မအလစစ်တပ်နဲ့အဆက်အသွယ်ရှိသလို စောချစ်သူတို့လို အဖွဲ့တွေကလည်း မိမိအာဏာတည်မြဲရေးအတွက် သတင်းရောင်းစားဖို့ ဝန်မလေးကြပါ။ ဒါကြောင့် သူတို့တွေရဲ့အကူအညီနဲ့ သတင်းတွေကို ရလေ့ရှိပါတယ်။ ဒါ့အပြင် ယခင်ထဲက စစ်ထောက်လှမ်းရေးတွေဟာ အဆိုပါဒေသနဲ့ ထိုင်းနိုင်ငံတွေမှာ ဘာသာရေးအဖွဲ့မျိုးစုံ လူမှုကယ်ဆယ်ရေးအဖွဲ့အမျိုးစုံအမည်ခံနဲ့ နေနေကြပါတယ်။ ဒါအပြင် ISP (Myanmar) လို အဖွဲ့တွေကလည်း ပြည်တွင်းကနေ ထိုင်းကိုထွက်ခွာပြီး စစ်ထောက်လှမ်းရေးနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပါတယ်။ ထိုအဖွဲ့တွေက bbc မြန်မာပိုင်းက စစ်တပ်နဲ့နီးစပ်တဲ့ သူတွေကလာအင်တာဗျူးရင် ဆိုက်ဝါးတွေကို ကြားနေသလို ဖြေကြားပြီး NUG ကို နိုင်ငံတကာကအပြစ်မြင်အောင် အပုတ်ချပြောဆိုတာမျိုးတွေကို လုပ်ပြီး ဆိုက်ဝါးဖြန့်ပါတယ်။ နောက်ပြီး သုတေသနပုံစံနဲ့ သတင်းထောက်လှမ်းပြီး စရဖကို သတင်းပို့ပါတယ်။


ရှမ်းမြောက်

ရှမ်းမြောက်မှာက လူမျိုးပေါင်းစုံပါတယ်။ မအလစစ်တပ်ဟာ လူမျိုးစုံတဲ့အပေါ်မှာမူတည်ပြီး သွေးထိုး ဒလန်မွေးတာအင်မတန်ကျွမ်းကျင်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့နေရာများကို အဆိုပါ ဒေသခံထဲက မကျေနပ်တဲ့လူမျိုးတွေထံက ရရှိပါတယ်။ နောက်ပြီးအဆိုပါဒေသကအင်မတန်ဖွတ်ပေါလို့ သတင်းအချို့ကိုလည်း ဖွတ်များ၊ နန်းများထံကရရှိပါတယ်။ ဖွတ်တွေ၊ နန်းတွေဟာ သူတို့ကိုမိရင် ဘီဘီစီမြန်မာပိုင်းထံ သူတို့မိသားစုကသွားပြီး အပြစ်မရှိဘဲ အဖမ်းခံရသယောင် အင်တာဗျူးပေးပါတယ်။


ဒါဆို မြန်မာပြည်မှာ စရဖက တော်လှန်ရေးသတင်းတွေ ဘယ်ကရပါသလဲ? အဖြေက ဆိုရှယ်မီဒီယာကပါ။ AA မှာ AA တပ်ချုပ်၊ ဒုတပ်ချုပ်၊ ပြောခွင့်ရ ခိုင်သုခပြီးရင် ဘယ်သူလဲဆိုတာ စရဖက အင်မတန် ထောက်လှမ်းရခက်ပါတယ်။ ဘယ်သူက တပ်ရင်းမှူး၊ ဗျူဟာမှူးဆိုတာ သိဖို့ကတော့ အလွန့်အလွန်ခက်ခဲပါတယ်။ လူသိမှာ အဆိုပါသူများကိုကပ်ဖို့ ထောက်လှမ်းရေးကို လွှတ်ရတာပါ။

ဒါပေမယ့် ဒီမိုတွေဘက်မှာက စရဖဟာ ဆိုရှယ်မီဒီယာကနေ သတင်းများစွာကိုရနေပါတယ်။ ဒါ့အပြင် ဒီမိုတွေရဲ့ ‌နယ်မြေထဲမှာရှိတဲ့ ဖွတ်တွေ၊ နန်းတွေ၊ နောက် သတင်းသမားတွေ၊ နောက် ‌တကယ့် NGO အဖွဲ့တွေနဲ့ NGO အမည်ခံ NUG ဖောင်းထုအဖွဲ့တွေထံက သတင်းများစွာကို ရပါတယ်။ ဥပမာ အဖွဲ့တစ်ခုက ကျောင်းလှူတယ်ဆိုရင် အဆိုပါကျောင်းတည်နေရာကို လိုင်း‌ ပေါ်က ဓာတ်ပုံကသိပြီး နောက်ပိုင်း သူ့ဈေးသည်ဟန်ဆောင်တဲ့ စရဖ (သို့) ဒရုံးက အသေးစိတ်ထောက်လှမ်းပြီး ဗုံးကြဲတာ လုပ်ပါတယ်။ အညာဒူဘိုင်းက သတင်းကနေလာပါတယ်။ ဒီနေရာမှာ ပြည်တွင်းကလူတွေက ပြည်ပက သတင်းသမားနဲ့ပြောရင် လုံခြုံတယ်ထင်ကြပါတယ်။ ယခု VOA က မိန်းမကိစ္စ အလုပ်ပြုတ်သူ ဌာနမှူးက မအလပွဲကိုတက်တာ မြင်ချိန်မှာ စရဖလက်တံ ဘယ်အထိပေါက်လဲ ရိပ်မိပြီ ထင်ပါတယ်။

ဒါကို တော်လှန်ရေးမှာ ဘယ်လိုထိန်းမလဲဆိုတာက အင်မတန်အရေးကြီးတဲ့ မေးခွန်းပါ။ အောင်မြင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးများက ကွန်မြူနစ်စနစ်ပေါ်အခြေခံလို့ ဒီမိုစနစ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာက မေးခွန်းထုတ်စရာပါ။ သေချာတာက သတင်းကိုထိန်းနိုင်တဲ့ ဆိုရှယ်မီဒီယာကို ထိန်းနိုင်တဲ့ ရခိုင်နဲ့ မြောက်ပိုင်းဟာ တောင်ပိုင်းထက် အောင်မြင်မှုများနေတာ ငြင်းမရတဲ့အချက်ပါ။

လေကြောင်းရန်ကို ကာကွယ်ရာမှာ မဖြစ်နိုင်တဲ့ ဒုံးခွင်းဒုံးကို မမျှော်ဘဲ မိမိဒေသထဲ တပ်ထဲမှာ သတင်းလုံအောင်ထိန်းခြင်းဖြင့် တော်လှန်ရေးအောင်မြင်အောင် လုပ်နိုင်ကြပါစေ။ starlink ကို မိမိတပ်အတွက် အုပ်ချုပ်ရေးအတွက်သုံးပါ။ အခြားသူကိုတော့ ထိန်းနိုင်ပါစေ။ တော်လှန်ရေးကို အမေရိကန်စစ်တပ်လို နေတိုးတပ်လို တိုက်ဖို့ထက် လက်တွေ့နိုင်အောင် တိုက်နိုင်ပါစေ။ စစ်ပွဲသာနိုင်ခဲ့ရင် အမေရိကန်က အကြမ်းဖက်လို့ သတ်မှတ်ခံရသူတောင် ဆီးရီးယားမှာ သမ္မတဖြစ်ရင် ထရမ့်နဲ့ရော ပူတင်နဲ့ပါ တွေ့နိုင်ပါတယ်။ အားလုံးစဉ်းစားနိုင်အောင်ပါ။

 
 
 

Recent Posts

See All
မအလ၏ မော်စကိုအိမ်

မအလ မော်စကိုမှာ အိမ်ဝယ်တာကို မသိလို့ မတင်တာလား သိရဲ့သားနဲ့ မတင်ရဲလို့လား? သူ့သားသမီးတွေ မော်စကို အခေါက်ခေါက်သွား...

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page