top of page
Search

ထွက်ပေါက်မရှိသောတံခါးများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 12, 2022
  • 1 min read

မအလ အာဏာသိမ်းအပြီးမှာ သူ့ရဲ့အကွက်က ၂၀၀၈ ခြေဥအရ ရွေးကောက်ပွဲလုပ်ပြီး သမ္မတလုပ်မလား ဒါမှမဟုတ် ဘရွှေလုပ်သလို ခြေဥအသစ်ဆွဲမလားဆိုတာသာ ရှိပါတယ်။ ဒီအကွက်တွေက သူ့ရဲ့ထွက်ပေါက်ဖြစ်နိုင်လား လေ့လာကြည့်ရအောင်။

ပထမအကွက်က ၂၀၀၈ ခြေဥအရ အာဏာထိန်းထားတယ်ဆိုတဲ့အကွက်ပါ။ သူအာဏာသိိမ်းချိန်မှာဘောမအများက အာဏာသိမ်းတာမဟုတ်ဘူး အာဏာထိန်းတာဘာညာဆိုပြီး ဘောမခဲ့ကြတာပါ။ ပုံမှန်မှာ CRPH၊ NUG၊ PDF သာမပေါ်ခဲ့ရင် အလွန်လှတဲ့အကွက်ပါ။ ဒါပေမယ့် ယခုအချိန်မှာ ဒီအကွက်ကို အကောင်အထည်ဖော်ဖို့ ၂၀၂၃ ဖော်ဝါရီမှာ အနည်းဆုံးတိုင်းပြည်ကို မအလက ထိန်းနိုင်နေရပါမယ်။ စာရေးသူပြောတာကို ယုံယုံ မယုံယုံ မအလတပ်ထဲမှာ မဲရုံကိုလုံခြုံရေးပေးဖို့မပြောနဲ့ သူ့တပ်တောင်လုံခြုံရေးမနည်းပေးနေရတာပါ။ ဒီကြားထဲက ရွေးကောက်ပွဲလုပ်ရင် မဲရုံဟာ မုန့်ဟင်းခါးရောင်းတဲ့နေရာ ဖြစ်သွားမှာပါ။ ဒါဆိုရင် ဘောမတွေက ထပ်ပြောမှာပါ လူလာလာ မလာလာ မဲလိမ်ပြီးနိုင်မှာပါလို့။ မအလတပ်ဟာ အကြမ်းဖက်သူခိုးတပ်မိုလို့ လက်ရှိကော်မရှင်ဥက္ကဌဟာလဲ မဲသူခိုးမိုလို့ လိမ်တာဟာ သူတို့အတွက်လွယ်မှာပါ။ ၂၀၁၀ က ရွေးကော်ဥက္ကဌသိန်းစိုးဟာ သူခိုးကောက်ပွဲလုပ်ချိန်ကPDF မရှိခဲ့ပါ။ ၂၀၂၃ မှာ မိမိအသက်စတေးခံပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေးရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊အဖွဲ့ဝင်လုပ်ရလောက်အောင် အသက်မပေါဘူးလို့တော့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မအလရဲ့ရွေးကောက်ပွဲကို ကူညီသူတွေ ကူညီကျင်းပသူတွေဟာ NUG နဲ့ PDF က ခွင့်မပြုရင်အကြမ်းဖက်သမားဖြစ်သွားပြီး မုန့်ဟင်းခါးဖြစ်သွားမှာပါ။

ဒါကိုဘောမတွေက အခက်အခဲကြားက ရွေးကောက်ပွဲဖြစ်ပြီး ၂၀၀၈ ခြေဥအရ မအလက သမ္မတလုပ်မယ်လို့ ဇွတ်ပြောသူများရှိလာနိုင်ပါတယ်။ ဒါဆိုရင် မအလက သမ္မတဖြစ်သွားတယ်လို့ စကားအဖြစ်မှတ်လိုက်ပါ။ ဒါဆိုရင် သူကတပ်ကထွက်ပေးရပါမယ်။ နောက်တပ်ချုပ်ကို သူစိတ်ချပါ့မလား? နောက်တပ်ချုပ်က သူ့အတွက်လူဆက်သတ်ပေးနေမလားဆိုတဲ့မေးခွန်းက ရှိပါတယ်။ ဒါ့အပြင်နိုင်ငံရေးအရလဲ သူသမ္မတလုပ်ရင် ဘယ်သူကမှ ထောက်ခံမှာမဟုတ်ပါ။ စီးပွါးရေးအရလဲ သူသမ္မတလုပ်ရင် တိုင်းပြည်က ပြေလည်သွားမှာမဟုတ်ပါ။ စစ်ရေးအရလဲ သူ့ကို PDF ရော တိုင်းရင်းသားကပါဆက်တိုက်နေမှာပါ။ အရှိန်ပြင်းလာဖို့သာ ရှိမှ,ပါ။ သူနယ်မြေမထိန်းချုပ်နိုင်ရင် တရုတ်ကတောင်ထောက်ခံဖို့ခက်မှာပါ။ သူသမ္မတမလုပ်ပဲ အခြားလူကိုသမ္မတပေးလုပ် သူကတပ်ချုပ်အဖြစ်နေနေလဲသမ္မတသစ်ဟာ သိန်းစိန်လောက်တောင် လုပ်နိုင်မှာမဟုတ်လို့ ဘာမှထွက်ပေါက်မှ မဖြစ်ပါ။ ဘရွှေလိုအငြိမ်းစားယူဖို့က မအလအနေနဲ့ လုံးဝမဖြစ်နိုင်ပါ။

ဒါဆိုရင် ဘောမတွေက အာဏာသိမ်းတယ် ၂၀၀၈ ခြေဥဖျက်တယ် ခြေဥအသစ်ဆွဲပြီး နောက် ၁၀ နှစ်မင်းတို့စောင့်ရမယ်လို့ ပြောလိုသူတွေရှိမှာပါ။ ဒီလိုသာ ၂၀၀၈ ကိုဖျက်ပြီး အာဏာသိမ်းတယ်ကြေညာလဲ ပြည်သူတွေအတွက်က စစ်ကျွန်ခံနေရတာမိုလို့ ပေါ်တင် အာဏာသိမ်းပြီး ခံရတာနဲ့ သွယ်ဝှက်အာဏာသိမ်းခံရတာသာကွာမှာပါ။ သူကခြေဥဖျက်တယ်ကြေညာရင် သူ့ကိုအချိန်ပေးစောင့်ကြည့်လိုတဲ့ ဂျပန်၊တရုတ်၊ အာဆီယံအတွက်က အဖြူအမဲသဲကွဲသွားမှာပါ။ ထို့အတူ ယခုအချိန်မှာ လက်နက်မထောက်ပံ့သေးတဲ့ အနောက်အုပ်စုနိုင်ငံတွေအတွက်လဲ NUG ရဲ့ PDF ကို လက်နက်တပ်ဆင်ပေးမှရမယ်ဆိုတဲ့ အသိတရားကဝင်လာမှာပါ။ တချိန်ထဲမှာ အနောက်ကထောက်ပံံ့ပံ့ မထောက်ပံ့ပံ့ ပြည်သူတွေထံကရတဲ့ငွေနဲ့ PDF အတွက်ဝယ်ထားရတဲ့ လက်နက်တွေက နောင်နှစ် ၂၀၂၃ ဖေဖော်ဝါရီနဲ့ဩဂုတ်လမှာ PDF က ယခုထက်လက်နက်အင်အား ပိုကောင်းလာဖို့က ၁၀၀% သေချာနေပါတယ်။ ဒါကြောင့် မအလမဆင်းတာပိုသေချာလို့ လက်နက်ကိုင်တိုက်သူက ပိုများလာမှာဖြစ်ပြီး လက်နက်ကလဲပိုကောင်းလာနိုင်လို့ စစ်ရေးအရ NUG ရဲ့ PDF က နယ်မြေပိုစိုးမိုးလာဖို့သာ ရှိပါတယ်။ ထို့အတူ မအလစီးပွါးရေးနယ် ကျုံ့လာနိုင်ပြီး NUG စိုးမိုးတဲ့နယ်မြေက ကျယ်လာမှာပါ။ PDF အားကောင်းလာရင်တရုတ်ကလဲ NUG နဲ့ပိုဆက်ဆံလာရမှာပါ။ ဒါကြောင့် မအလက အာဏာသိမ်းလဲ တော်လှန်ရေးက ပိုကြီးမားလာမှာပါ။

ယခုအချိန်မှာ မအလဘယ်လမ်းရွေးရွေး ဘယ်တံခါးကထွက်ထွက် ထွက်ပေါက်မရှိတာ တွေ့နေရပါတယ်။ သူကရွာတွေကိုမီးရှို့လေ သူ့ထွက်ပေါက်က ပိတ်သွားလေလေပါ။ စာရေးသူအမြင်ကတော့ ဒီလိုအခြေအနေမှာ NUG အတွက် လက်နက်ကြီးတွေကို ပြည်သူက ငွေကြေးထောက်ပံ့ ဝယ်ယူနိုင်ခဲ့ရင်မြို့အချို့ကို စသိမ်းနိုင်ခဲ့ရင် တပ်တွင်းမှာ မအလကို မုန့်ဟင်းခါးကျွေးဖို့ သူတို့အချင်းချင်း စဉ်းစားလာကြမှာပါ။ ဒါကတိုင်းပြည်အတွက် သိက္ခာရှိတဲ့ထွက်ပေါက် ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တပ်ထဲက တပ်ဖွဲ့အချို့က မအလကို မုန့်ဟင်းခါးကျွေးနိုင်ခဲ့ရင် သူတို့ဂုဏ်သိက္ခာပြန်ဆယ်နိုင်မှာဖြစ်သလိုတပ်ချုပ်တစ်ယောက် နိုင်ငံခြားတရားရုံးမှာ တရားရင်ဆိုင်ရမယ့် အရှက်ကွဲစရာကိုလဲ ရှောင်နိုင်သွားမှာပါ။ ဒါ့အပြင် မိမိရဲ့အာဏာရူးနေတဲ့တပ်ချုပ်ကို မုန့်ဟင်းခါးကျွေး ဖြုတ်ချနိုင်ခဲ့ရင် ကျန်နဲ့စစ်တပ်ကပြုပြင်ပြောင်းလဲမှုလုပ်၊ နိုင်ငံရေးကထွက်ခွါမယ်လို့ ကတိပေးခဲ့ရင် ဆွေးနွေးမှုဖြစ်ဖို့ လမ်းစတွေ့နိုင်မှာပါ။

ဒါမှမဟုတ်ဘဲ မအလဘောဆက်မနေခဲ့ရင်တော့ ဘယ်လမ်းရွေးရွေး တိုင်းပြည်ဟာ ပြိုကွဲသွားပြီး ကျရှုံးတိုင်းပြည်ဖြစ်သွားမှာပါ။ ထိုအချိန်မှာ ပြည်သူတွေက ဘယ်သူတွေဘာပြောပြော NUG ကိုဆက်ထောက်ခံ ပံ့ပိုးပေးခဲ့ရင်တော့ PDF တွေဟာ စစ်ကိုင်းမှသည် နေပြည်တော်အထိ ချီတက်လာနိုင်မှာပါ။မအလပိုင်ဆိုင်ထားတာက ထွက်ပေါက်မရှိသော တံခါးများပါ။ စာရေးသူတို့က အဆုံးသတ်တိုက်ပွဲအတွက် မိမိကျရာနေရာက ပြင်ဆင်ထားပါလို့သာ ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


အမေ့သား ပေါက်ကြီး
အမေ့သား ပေါက်ကြီး
Jun 12, 2022

မအလကလဲ သမ္မတ လုပ်ခင်တယ်.သန်း​ဋ္ဌေးကလဲ လုပ်ချင် @

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page