top of page
Search

တလောကလုံးဗြောင်းဆန်နေလား မအလ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 26, 2021
  • 1 min read

မအလက ပြည်သူဘယ်လောက်သေသေ ဂရုမစိုက်ပါ။ သူအာဏာရဖို့ဆိုရင် မလုပ်ရဲတာဘာမှမရှိဘူးလို့ ပြောထားပြီးသားပါ။ ထို့အတူ သူ့အောက်ကလူတွေကလဲ အထိန်းအကွပ်မရှိ ရမ်းလာတာ အားလုံးသိမှာပါ။ ယခုက ရဲနဲ့ စစ်သားဆိုရင် သူခိုး ဓားမြလို့ ပြည်သူက နာမည်တပ်နေကြပါပြီ။ ဒါပေမယ့်အဆိုပါသူခိုးဓားမြများဟာ မိမိတို့လုပ်ချင်တာကို ထင်သလိုလုပ်အပြီးမှာ မိမိတို့အချင်းချင်းလဲ ချလာတာတွေ့ရပါတယ်။

ယခုတပ်ထဲမှာက တိုက်ဖို့လွှတ်လိုက်ရင် အသေများပြီး တပ်ရင်းတစ်ခုလုံးပြုတ်တာ ဒါမှမဟုတ် တပ်ဖွဲ့ဝင်တွေ တောခိုသွားတာ ဖြစ်လာတာ စိတ်လာနေပါတယ်။ မနေ့ကလဲ ကချင်ကိုပစ်ဖို့လွတ်လိုက်တဲ့လေတပ်ကလေယဉ်တွေက မိမိတပ်ကို ပြန်ပစ်မိပြီး လူအသေများခဲ့တဲ့သတင်းဟာ အမှန်မိုလို့ ကကကြည်းက လေတပ်ကို ဖြေရှင်းခိုင်းထားပါတယ်။ ဘယ်သူကမှတော့ တမင်မပစ်ပါ။ ဒီအပူမပြီးသေးဘူး ယခုလို အချင်းချင်းတွေ ထချကြပြီး ပစ်ကြ သေကြတာဟာ လူသိရှင်ကြားတွေ ဖြစ်လာတာပါ။တကယ်ဖြစ်တာက ယခုလူတွေသိတဲ့နေရာထက်ပိုပါတယ်။

ယခုအချိန်မှာတော့ မြို့ထဲတာဝန်ကျတဲ့တပ်တွေဟာ လက်နက်မပါတဲ့ ဆန္ဒပြသူတွေလောက်နဲ့သာရင်ဆိုင်ရပြီး လိုင်စင်နဲ့ ခိုးခွင့်ရနေလို့ ဂွင်လိုဖြစ်နေပါတယ်။ ဒါပေမယ့် နယ်စပ်ကနေ Gen. Z တွေကလက်နက်တွေနဲ့ ပြန်လာရင် တပ်ပြေးက ပိုများလာမှာပါ။ ယခုလို တပ်ပြေးများလာရင် CDM များလာရင် မအလရဲ့ ပြဿနာက ပိုကြီးလာမှာပါ။ ယခုက တကယ့်ကို တပ်ပျက်သလိုဖြစ်လာနေပါပြီလို့ ပြောပါရစေ။


Photo credit: Khit Thit Media

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Apr 26, 2021

ဦးမြတ်!!! ခေတ်ကို ပြောင်းချင်လို့ ၊ ခေါင်း(ဂေါင်း) ကို ပစ် ခိုင်းခဲ့တာ၊ တန်ပြန်အကျိုးက ဗကသည် ခေါင်းကို အပစ်ခံရ၍ သေ သွားကြောင်း သတင်းများအရ သိရပါသည်။

အတိတ် တဲ့ ၊ နိမိတ် တဲ့ {{ သူတို့တတွေ သက်ဝင်ယုံကြည်လွန်း အားကြီး၍ ညွုန်းဆိုရခြင်းပါ။}}

ရယူမှု အနည်းဆုံး နှင့်

ပေးဆပ်မှု အများဆုံး တဲ့။

လူထုနှင့် လူသားဆန်သူ ကမ္ဘာ့အသိုင်းအဝန်းရဲ့

ယုံကြည်မှုကို **ရယူမှု**ကတော့**အနဲဆုံး**

အဖြစ်သို့ ရောက်ရှိသွားပါပြီ။

**ပေးဆပ်မှု** *အများဆုံး*းကတော့

ဆောင်းပါးမှာပါသလို ကချင်မှာ အစုလိုက်အပြုံလိုက်ကို ပေးဆပ်လိုက်ရပါပြီ။

ခေတ်ကို ပြောင်းချင် ခဲ့တာကိုး

ပြောင်းလာခဲ့ပါပြီ။

ချင်းပြည်နယ်မှာ အမဲလိုက်ရာသုံးသော တူမီးသေနတ်သည် ယခုအခါ ၊ ရှေးနှင့်မတူ တမူထူးခြား တော်လှန်ရေး လက်နက်အဖြစ်

အသုံးပြုလာကြပါပြီ။

နောက်ထပ် နောက်ထပ် ခေတ် စနစ်တွေ ပြောင်းလဲလာပါ လမ့်မည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page