top of page
Search

တရုတ်ရန်ကို ကာကွယ်ဖို့ ICO2 ဝယ်ကြစို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 16, 2024
  • 1 min read

စာရေးသူယခင်က မကြာခဏရေးခဲ့သလိုပါဘဲ တရုတ်ဟာ မြန်မာပြည်ထဲက သူ့အကျိုးစီးပွါးတွေကိုကာကွယ်ဖို့ သူ့ဩဇာခံတပ်တွေလိုပါတယ်။

ပထမဆုံးက မြန်မာပြည်ထဲမှာ အနောက်ဩဇာခံ (သို့) ရုရှားဩဇာခံအဖွဲ့တွေ အာဏာရလာရင် သူ့အကျိုးစီးပွါးအတွက် စကားပြောနိုင်အောင် ကြားခံနယ်မြေ ဖန်တီးထားတာပါ။ ဒါက ရုရှားက ယူကရိန်းနားမှာ လုပ်တဲ့ပုံစံပါ။ ရုရှားက ဥရောပကိုပို့တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာလဲ ယူကရိန်းကဖြတ်ပါတယ်။ တရုတ်ပိုက်ကတော့ သူ့တိုင်းပြည်အတွက် မြန်မာပြည်ထဲက ဖြတ်တာပါ။

တရုတ်ဟာ ပိုက်လိုင်းတင်မဟုတ်ဘဲ ရထားလမ်း၊ ကားလမ်းတွေအထိပါ ဖောက်ဖို့အစီအစဉ်ရှိတာပါ။ ဒီနေရာမှာ တရုတ်ဆန့်ကျင်ရေးမဟုတ်ဘဲ တရုတ်က လူပါးဝလာရင် ဘယ်လိုတုန့်ပြန်ဖို့ ပြင်ဆင်ထားရမှာပါလဲ ဘယ်လိုကာကွယ်ရမလဲဆိုတာ ပြောပြလိုတာပါ။

တရုတ်ပိုက်လိုင်းကိုကြည့်ရင် ရခိုင်နဲ့ ရှမ်းမြောက်မှာ ဘယ်လက်နက်ကိုင်က ထိန်းချုပ် ထိန်းချုပ် သူ့အကျိုးစီးပွါးကို မထိခိုက်ဖူးလို့ ကျိန်ဆိုထားပါတယ်။ NUG ကလဲ ကတိပေးပေမယ့် တရုတ်ဟာ NUG ကို ရန်သူသဖွယ်ဆက်ဆံနေတာတွေ့ရသလို သူ့အကျိုးစီးပွါးအတွက် အညာဒေသမှာ သူ့ကိုစောင့်ရှောက်ဖို့ NUG မဟုတ်တဲ့ အခြားလက်နက်ကိုင်တွေကိုလဲ မွေးထုတ်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။

တရုတ်တပ်ဝင်လာဖို့က အာဆီယံနဲ့ ပြဿနာဖြစ်လာနိုင်လို့ သူက ရုရှားဆီးရီးယားမှာ လုပ်တဲ့နည်းအတိုင်း ကြေးစားတပ်နဲ့ သူ့အကျိုးစီးပွါး ကာကွယ်ဖို့လုပ်လာတာပါ။ ဒါပေမယ့် သူ့ကြေးစားတပ်ဟာ သူ့ရဲ့ အဓိကအဆောက်အအုံကိုကာကွယ်ဖို့သာလုပ်နိုင်မှာပါ။ ဥပမာ ကြေးနီစီမံကိန်းကို သူ့တရုတ်ကြေးစားတပ်က ကာကွယ်နိုင်ပေမယ့် ထိုအနီးတဝိုက် ကြေးနီသယ်တဲ့ကားလမ်းကြောင်း ကာကွယ်ဖို့က ပျူစောထီး (သို့) NUG ဩဇာခံမဟုတ်တဲ့ တပ်လိုမှာပါ။

ဒီနေရာမှာ ယခု ICO2 က ရင်းနှီးမြုပ်နှံမှုကနေ NUG ကို ထောက်ပံ့သလိုဖြစ်ပြီး NUG ကနေ သူ့လက်အောက်ခံ PDF ကို သွားမှာပါ။ ဒါမှ PDF က တရုတ်ရန်ကို ကာကွယ်နိုင်မှာပါ။ မဟုတ်ရင် တရုတ်ထောက်ပံ့တဲ့တပ်က လက်နက်ကောင်းလာပြီး အညာက လူငယ်တွေကလဲ NUG အောက်က PDF မဟုတ်ဘဲ အဆိုပါတပ်တွေထဲ ရောက်သွားနိုင်ပါတယ်။ ဒီနေရာမှာ ICO2 ရဲ့ အားသာချက်က ထရမ့်တက်အပြီးမှာ စတော့ဒ်ရှယ်ရာတွေတက်လာနေပြီး bitcoin တွေ DOGE coin တွေကလဲ တက်လာနေပါတယ်။ ဒါကြောင့် ဒီ ICO2 ဝယ်တာဟာ NUG PDF ကို အားပေးရာရောက်မှာဖြစ်သလို မိမိအကျိုးစီးပွါးလဲဖြစ်လာနိုင်မှာပါ။ နောက် NUG အောက်က SDB ဘဏ်မှာ ငွေစုရင်လဲ မိမိငွေတန်ဖိုးက မြန်မာပြည်ထဲကဘဏ်တွေလို မကျနိုင်ပါ။ ဒါတင်မဟုတ်ဘဲ ICO2 ဝယ်တာ၊ SDB ဘဏ်မှာ ငွေစုတာက တရုတ်ရန်ကိုလဲ ကာကွယ်ရာရောက်မှာပါ။

ဒါကြောင့် တရုတ်ရန်ကိုကာကွယ်ဖို့ ICO2 ဝယ်ကြစို့လို့ တိုက်တွန်းပါရစေ။


 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page