top of page
Search

တရုတ်နဲ့ ကမ္ဘောဒီယားတွေ့ဆုံပွဲကို မအလ အသံခိုးနားထောင်ခဲ့လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 23, 2022
  • 1 min read



မအလရဲ့ စရဖဟာ ယခင် NLD အစိုးရအဖွဲ့ အစည်းအဝေးတွေကို မှတ်တမ်းဆိုပြီး ပေါ်တင်အသံဖမ်းခဲ့သလို DASSK နဲ့ သူ့ပါတီလူကြီးတွေစကားပြောတာကိုလဲ နည်းမျိုးစုံနဲ့ ကြားဖြတ်နားထောင်ခဲ့ပါတယ်။ ဒီကြားထဲက DASSK ကို အမှုဆင်ရာမှာ ဘာအသံဖိုင်အထောက်အထားမှ မတင်ပြနိုင်ခဲ့ပါ။ ဘယ်အမှုမှာမ မတင်ပြနိုင်တာပါ။

တရုတ်ဟာ ဝဏ္ဍမောင်လွင်နဲ့တွေ့စဉ်က DASSK နဲ့တွေ့ပြီး လက်ရှိပြဿနာကို အဖြေရှာဖို့ မအလပြောထားတဲ့ ရွေးကောက်ပွဲမှာ DASSK ဦးဆောင်တဲ့ NLD ကို ဝင်ပါစေပြီး နိုင်သူကိုအာဏာလွှဲဖို့တိုးတိုးတိတ်တိတ် ပြောသွားခဲ့ပါတယ်။ ဒီအတိုင်းမလုပ်ရင် ထောက်ခံဖို့ခက်မယ်ဆိုတာကိုလဲပြောသွားခဲ့ပါတယ်။ ဒါကို နိုင်ငံခြားရေးဝန်ကြီးဌာနက မအလထံအစီရင်ခံစာမှာ ရေးထားခဲ့ပါတယ်။ ဒါကြောင့်လဲ မအလက တရုတ်မကယ်ရင် ရုရှားကယ်အောင် ရုရှားသွားပြီး ပူတင်နဲ့တွေ့ဖို့ကြိုးစားခဲ့ပါတယ်။ ရုရှားဟာ မအလကို စစ်လက်နက်ပစ္စည်းပံ့ပိုးပေမယ့် ပေါ်တင်မတွေ့တာကအံ့ဩစရာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက အာဆီယံကိုယ်စားလှယ်နဲ့ ပုဂံမှာတွေ့ချိန်မှာ စရဖက သူတို့ဘာပြောလဲသိဖို့ အသံဖမ်းနားထောင်ခဲ့ပါတယ်။ တရုတ်လုံခြုံရေးက အစည်းအဝေးမစခင် အခန်းကိုစစ်ခဲ့ပေမယ့် ဟိုတယ်အခန်းမိုလို့ စရဖအတွက် အသံဖမ်းရတာ လွယ်ခဲ့ပါတယ်။ တရုတ်ဟာ မအလကိုပြောခဲ့သလို အာဆီယံကိုယ်စားလှယ်ကိုလဲ DASSK နဲ့တွေ့နိုင်အောင်ကြိုးစားဖို့ သူမမပါဘဲ ပြဿနာဖြေရှင်းလို့မရနိုင်ကြောင်း ပြောခဲ့ပါတယ်။ ဒါက မအလကိုဒေါသထွက်စေခဲ့ပါတယ်။ဒါကြောင့် တရုတ်လမ်းမလိုက်ရင် ရုရှားနောက်လိုက်ရမှာပါ။

အကျဉ်းချုပ်ရရင် မအလရဲ့ စရဖဟာ သံတမန်ဥပဒေကိုချိုးဖောက်ပြီး အသံခိုးဖမ်းခဲ့ပေမယ့် သူကြားရတာက DASSK နဲ့တွေ့ပြီး ပြဿနာကိုရှင်းဖို့သာ တရုတ်ကထပ်ခါထပ်ခါ ရာဇသံပေးနေတာပါ။ ယခုကြွေးပြန်ဆပ်ရတဲ့ ဒေါ်လာတွေကလဲ တရုတ်ကြွေးအတိုးနဲ့ ရုရှားလက်နက်အတွက်ပါ။PDF ကိုတိုက်ဖို့ လေကြောင်းပိုသုံးရလေ ဒေါ်လာပိုကုန်လေပါ။ ဒါကြောင့် မအလရွေးရမှာကDASSK နဲ့တွေ့မလား NUG နဲ့တွေ့မလားဆိုတာပါ။ ရွေးစရာမရှိ ပြေးစရာမရှိလို့သာ ပြောပါရစေ။တရုတ်စကား နားမထောင်ရင် တရုတ်က PDF ကို AA ကိုထောက်ပံ့သလို လက်နက်ထောက်ပံ့ခဲ့ရင်မအလနာမှာပါ။ မအလအတွက်က အကွက်ပိတ်နေပါပြီ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page