top of page
Search

တရုတ်တပ် အညာကို ဘယ်လိုလာမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 2, 2024
  • 1 min read

တရုတ်ဟာ သူ့ပိုက်လိုင်းနဲ့ သူ့အကျိုးစီးပွါးတွေကို ဗမာဒေသမှာ ကာကွယ်ပေးဖို့ စစ်တပ်လိုပါတယ်။ ရခိုင်နဲ့ ရှမ်းမြောက်က ကာကွယ်ပြီးသားပါ။ ပထမဆုံး အားကိုးတာက မအလတပ်ပေါ့။ မအလတပ်က မလွှမ်းမိုးနိုင်ရင် သူ့အကျိုးစီးပွါးလုံခြုံရေးအတွက် ပုံမှန်က NUG ကို အားကိုးရမှာပါ။ သူက NUG နဲ့စကားမပြောဘူးလို့ပြောထားလို့ တရုတ်အကျိုးစီးပွါး ကာကွယ်ဖို့က တရုတ်တပ်လွှတ်ဖို့က မဖြစ်နိုင်ပါ။ တရုတ်တပ်နာမည်က PLA People’s Liberation Army ပါ။ ဒါဆိုရင် ကိုးကန့်တပ်၊ ဝ တပ်ကို လွှတ်မလား? သူတို့အညာဒေသကိုလာရင်လဲ အညာက  ဒီတပ်တွေကို လက်ခံမည်မထင်ပါ။

ဒါဆိုရင် အညာမှာ သူ့အကျိုးစီးပွါးကို လုံခြုံရေးပေးနိုင်ဖို့ သူယုံကြည်ရတဲ့တပ်က ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ခံ PLA နဲ့ တရုတ်တပည့် ကိုးကန့်ကမွေးထားတဲ့ NUG လက်အောက်မနေဘူးလို့ ကတိပေးထားတဲ့ မွေးစားတပည့် BPLA ပါ။ ဒါဆို ဗမာတွေက တရုတ်ဆန့်ကျင်ရေးသိပ်မအော်တော့ဘဲ တရုတ်ဆန့်ကျင်ရေး အော်ခဲ့သူတွေတောင် BPLA လက်ခံမယ်ဖြစ်သွားပါတယ်။ အချို့က NUG အောက်မဟုတ်တဲ့ ယော YDF ထောက်ခံသူ၊ အချို့က ဇေယာလွင်လို ယခင်က NLD ယခု NUG ကို မီဒီယာနဲ့ပေါင်းပြီး ဖောင်းထုသူများပါ။ PLA မှာ B လေးတတ်လိုက်ရင် တရုတ်အတွက်လဲအဆင်ပြေ ဗမာတွေလဲ ငြင်းခုံကြနဲ့ အဆင်ပြေပါတယ်။ တရုတ်ဆဲတဲ့ မီဒီယာတွေတောင် ထောက်ခံသလို အော်နေတာ တွေ့ရပါတယ်။ မီဒီယာအများစုက အသုံးမကျတဲ့ အမေရိကန်က ကောင်ကို တရုတ်ကျွမ်းကျင်သူဆိုပြီး အင်တာဗျူးကထဲက သူတို့ IQ ကို သဘောပေါက်ပါတယ်။ အချို့က ဘီဘီစီက အလုပ်ထုတ်ခံရပြီး စားစရာမရှိသူများပါ။ တရုတ်တပ်ကို ဗမာမြေမှာ အခြေချခံရင်တော့ ဗမာတွေခံရမှာပါ။ သူတို့က မအလတပ်ကို တိုက်ပြမှာပါ။ ဒီနယ်မြေမှာ မအလမရှိမှ တိုက်ပွဲမရှိ လုံခြုံမှာပါ။ ပြီးမှ တရုတ်ပိုက်လိုင်းထိရင် ဝင်ဖမ်းပြီး ကိုးကန့်မှာလို သေဒဏ်ပေးမှာပါ။ တရုတ်တအမိန်တ်ကို့ကို လွန်ဆန်သူတွေကို ကိုးကန့်မှာတင်မဟုတ်ဘဲ အညာဒေသမှာ ဖမ်းပို့တာတွေ လုပ်လာမှာပါ။ လိုအပ်ရင်ဆန့်ကျင်နိုင်တာက ပြည်သူကတင်မြောက်ထားတဲ့ NUG သာ ရှိပါတယ်။ ယခင် ခင်ညွန့်စစ်ထောက်လှမ်းရေးတွေ တရုတ်ပြည်သွားတာ အပျော်ခရီးထွက်တာ မဟုတ်ပါ။ နဂါးက ကြိုဆိုတယ်ဆိုတာက တရုတ်ရှေ့ပြေးတပ်က နောက်တပ်ကို ကြိုဆိုတာပါ။ တရုတ်ကို ရန်မဖြစ်လိုပေမယ့် ဗမာပြည်မထဲ ခြေရှုတ်လာရင်တော့ ဒီတရုတ်အကျိုးစီးပွါးကို ဘာလုပ်မလဲ စဉ်းစားထားကြပါ။ ပြင်းပြင်းထန်ထန် တိုပ်ထုတ်မှ တရုတ်က မရှုတ်ရဲမှာပါ။ တရုတ်က အပစ်ရပ်ခိုင်းလို့ အပစ်ရပ်ရပါတယ်ဆိုတဲ့အဖွဲ့တွေ အညာအထိရောက်လာရင်တော့ ကြိုဆိုသူတာဝန်ယူရပါလိမ့်မယ်လို့ ကြိုပြောထားပါရစေ။ ယခု​ခေတ်မှာ တရုတ်တပ်ကြီး ကျူးကျော်လာမှ ကျူးကျော်စစ်မဟုတ်ပါ။ မအလလို လက်နက်အင်အားကြီးသူကိုတောင် ဆုံးမပြခဲ့ပြီးပါပြီ။ မွေးစားသားရဲ့ မွေးထားသူကို ပိုက်လိုင်းစောင့်ဖို့ လက်နက်ပေးလွှတ်လိုက်လဲ ရပါတယ်။ အ ရင်တော့ အ သူတွေ ခံရမှာပါ။ သန္ဓေမကောင်းရင် အစကထဲက မမွေးလာတာကောင်းပါတယ်။ မဟုတ်ရင် အာဏာရဖို့ ဘာမဆိုလုပ်ရဲတဲ့ နောက်မအလတစ်ယောက်ကို သင်တို့က မွေးပေးလိုက်တာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page