top of page
Search

တပ်မရှိဘဲ ဦးဝှေ့တင်းကို ကယ်ထုတ်ခဲ့သူ DASSK

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 21, 2020
  • 1 min read

ree

တပ်မရှိဘဲ ဦးဝှေ့တင်းကို ကယ်ထုတ်ခဲ့သူ DASSK

ဦးဝှေ့တင်းကို ဓာတ်ခဲက ဖမ်းတယ်။ စဖမ်းကထဲက မဖမ်းသင့်တာပါ။ ဓာတ်ခဲက ဘာတောင်းဆို ညာတောင်းဆိုပေါ့။ ဒါပေမယ့် အစိုးရက မပေးဘူး။ တပ်ကလဲ သူ့လူပျောက်ရင်ရှာသလောက်တောင်လွှတ်တော်ကိုယ်စားလှယ်ကို မရှာဘူး။ ဒါတောင်ဓာတ်ခဲက ဦးဝှေ့တင်းကို စွပ်စွဲတာက တပ်နဲ့ပေါင်းလို့နော်။ ဦးဝှေ့တင်းက ဖွတ်အမတ်ဆိုရင်တောင် သူစွပ်စွဲတာက စဉ်းစားစရာပါ။

ဒါဆို တပ်မရှိတဲ့အစိုးရက ဦးဝှေ့တင်းကို လက်နက်မပါဘဲ ဘယ်လိုကယ်မလဲ။ ပုံမှန်ဆို မတွေးဝံ့စရာပါ။ ဒါပေမယ့် ဓာတ်ခဲမှာလဲ အဘလို ကြောက်ရသူတွေရှိပုံပါ။ ဟိုပုံလေးကို မှတ်မိကြလား? အမကတော့ ငြိမ်းချမ်းရေးရအောင်ကူပါ။ သူပုန်ကို ကြားခံမထားပါနဲ့လို့ပြောခဲ့ပါတယ်။

ဒီနေ့မှာတော့ သေနတ်တစ်ချက်မဖောက်ရဘဲ ဦးဝှေ့တင်းကို လွှတ်အောင်လုပ်နိုင်လိုက်ပါပြီ။

ဒါဟာ DASSK ရဲ့ခေါင်းဆောင်မှုနဲ့ မေတ္တာထားနိုင်မှုကြောင့်ပါ။ အချို့ကိစ္စတွေမှာ စစ်ရေးအမြင်ရှိတယ်ဆိုတာ မဟာဗျူဟာအရ အမြင်ရှိတယ်ဆိုတာကိုလဲ ပြောတာပါ။

စာရေးသူလို ပုံမှန်အဘသားက ဝင်တိုက်မယ် ဗုံးကြဲမယ် ကယ်ထုတ်လိုက်မယ် ဓာတ်ခဲကို ဆဲလိုက်မယ်ပေါ့။ ဒါပေမယ့် DASSK ကတော့ မဟာဗျူဟာအရ နိုင်ငံရေးနဲ့သာ ကယ်ထုတ်သွားခဲ့ပါတယ်။ ကျေးဇူးပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page