top of page
Search

တပ်မတော်တစ်ခုမွေးဖွားခြင်းနိမိတ်

Writer: Myat Tun Oo
Myat Tun Oo
Mar 14, 2021
1 min read


စာရေးသူတို့ရဲ့ တိုင်းပြည်မှာ အစိုးရအဖွဲ့၊ လွှတ်တော်၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေရှိနေပါပြီ။ လိုနေတာက ပြည်သူကိုစောင့်ရှောက်မယ့် လက်နက်ကိုင်တပ်ဖွဲ့ပါ။ ဒီနေရာမှာ လက်နက်ကိုင်ပြီး အကြမ်းဖက်နေတဲ့ မအလကို တိုက်မယ်ဆိုရင် အချို့ကလဲ လက်နက်မကိုင်နဲ့ အကြမ်းမဖက်နဲ့ နိုင်မှာမဟုတ်ဘူးဆိုပြီးပြောလေ့ရှိပါတယ်။ ယခုစာမှာ အဆိုပါသီအိုရီတွေကို အဓိကရှင်းပါ့မယ်။

ပထမဆုံးပြည်သူ့တပ်မတော်ဖြစ်ဖို့ ဖွဲ့ဖို့ နိုင်ငံရေးထောက်ခံမှုလိုပါတယ်။ မထောက်ခံရင်တောင် မကန့်ကွက်ဖို့ပေါ့။ ဒုတိယကမ္ဘာစစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ အင်္ဂလိပ်ကိုခံချဖို့ စစ်ပညာသင်ဖို့လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ ပွဲဖျက်လိုသူများကလဲ အင်္ဂလိပ်ကို ပြန်မချနဲ့ သူကလက်နက်ရှိတယ် အားသာတယ် ပြောကြမှာပါ။ ဒါပေမယ့် ထိုအချိန်က နိုင်ငံရေးခေါင်းဆောင်များက သဘောတူလက်ခံပြီး လွှတ်ခဲ့ကြပါတယ်။ ယခုခေတ်မှာဆိုရင် AA ဖွဲ့တာကို ANP နဲ့ အခြား ရခိုင့်နိုင်ငံရေးပါတီများက မရှုတ်ချခဲ့ကြပါ။ ယခုပြည်သူတွေကို အကြမ်းဖက်နှိပ်စက်နေလို့ ပြည်သူကိုစောင့်ရှောက်ဖို့နဲ့ ဒလံများ၊အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များကို သုတ်သင်ရှင်းလင်းဖို့ ပြည်သူ့တပ်မတော်စစ်စစ်လိုနေတာကိုပြည်သူအားလုံးလက်ခံလာပြီဖြစ်ပါတယ်။ ဒါကို နိုင်ငံရေးသမားတွေက ANPလို မအားပေးရင်တောင်လက်နက်ကိုင်လမ်းစဉ်ကို မရှုတ်ချမိဖို့လိုပါတယ်။ ဒါက ပထမအရေးကြီးဆုံးပါ။ CDM စလုပ်ခါစNLD CEC အစ်မနန်းခင်ထွေးမြင့်က ပေါ်ပေါ်တင်တင် နိုင်ငံရေးအရ ထောက်ခံခဲ့တာ မှတ်မိမှာပါ။ သူမကို ဘားအံထောင်ထဲထည့်ပေမယ့် ဘာမှမပြောသူကိုလဲ မအလက ဖမ်းတာပါဘဲ။

ဒုတိယက ဘယ်သူတွေက အဲ့ဒီအသစ်ဖွဲ့တဲ့ တပ်မတော်ထဲ ပါဝင်မလဲဆိုတာပါ။ ယခုအချိန် လေးစားရတဲ့ နိုင်ငံရေးသမားကသာ စတင်စုဆောင်းရင် ကိုဗစ်လုပ်အားပေးလို ဝင်ရောက်အမှုထမ်းကြမှာ မလွဲပါ။ ပြည်သူတွေဟာ မအလရဲ့ အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့ အဆိုပါ ပြည်သူ့တပ်မတော်ထဲကို ဝင်မှာမလွဲပါ။

ဒါဆိုလက်နက်တွေ ခဲယမ်းတွေဘယ်လိုထောက်ပံ့မလဲ? လစာဘယ်လိုပေးမလဲ? ဒါကလဲ အရေးတော်ပုံမိုလို့ ပြည်ပရောက် မြန်မာများက ထောက်ပံ့နိုင်သလို ဒီမိုနိုင်ငံတွေကိုလဲ တရားဝင်ထောက်ပံ့ပေးဖို့ပြောလို့ရနိုင်ပါတယ်။ ဒါကလဲ နိုင်ငံရေးသမားက စရမှာပါ။ နိုင်ငံခြားရောက်မြန်မာတွေအနေနဲ့လဲ ဒီတော်လှန်ရေးကို ထောက်ပံ့နိုင်မှာပါ။ မိမိခြေကုတ်နဲ့တပ်ရှိရင် ယခုဆန္ဒပြတဲ့လူအုပ်နဲ့ ထိန်းချုပ်လို့ရတဲ့ရွာတွေ၊ မြို့တွေ ပေါ်လာမှာပါ။

ဒါဆိုရင် မအလက လေယဉ်နဲ့ အကြမ်းဖက်မဖြိုခွဲနိုင်ဘူးလားဆိုတော့ ဖြိုခွဲနိုင်ပါတယ်။ ဒါမျိုးလုပ်မှR2P က ဝင်လာမှာပါ။

အချို့ကပြောမှာပါ။ မအလတပ်က တိုက်ရည်ခိုက်ရည်ရှိတယ် ဘာညာဆိုရင် ရခိုင်မှာ AA နဲ့ TNLA ကိုမနိုင်တာ၊ ကိုးကန့်မှာ ခံရတာတွေဟာ ပုံပြင်မဟုတ်ခဲ့တာ သိကြမှာပါ။ ဒါ့ကြောင့် တကယ်သာတိုက်ရင်မအလရဲ့ အကြမ်းဖက်အဖွဲ့ဟာ မခံနိုင်ပါ။ ယခုဟာက လက်နက်မဲ့ ဆန္ဒပြသူများမိုလို့ လေကျယ်နေတာပါ။

ယခုအချိန်မှာ တပ်ထဲမှာမပြိုကွဲသေးတာ အပေါ်ယံမှာတွေ့နိုင်ပါတယ်။ ယခုဆန္ဒပြသူ သေစာရင်းဟာ၁၉၈၈ ထက်နည်းနေသေးလို့ လူ ၁၀၀၀ အောက်သာသေပြီး အာဏာသိမ်းလို့ရရင် သူ့ကိုယ်သူတော်တယ်လို့တောင် မအလက ထင်နေပါသေးတယ်။ အသေအပျောက်များလာရင် သူ့တပ်တွေ ရခိုင်မှာလိုအသတ်ခံရရင်တော့ တပ်တွင်းအက်ကြောင်းပေါ်လာမှာ သေချာပါတယ်။

အကျဉ်းချုပ်ရရင် ဒီမိုနိုင်ငံတော်သစ်ရဲ့ ဒုသမ္မတစပေါ်လာလို့ နိုင်ငံရေးအရ ဆန္ဒရှိရင် တပ်မတော်တစ်ခု စဖွဲ့လို့ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းလဲ သူစစ်ပညာသွားသင်ချိန်က အင်္ဂလိပ်ကိုတော်လှန်နိုင်လိမ့်မယ်လို့ ထင်ခဲ့မှာမဟုတ်ပါ။ ပြည်သူအားလုံး တကယ်လုပ်ရင် အဟုတ်ဖြစ်မှာပါ။ အရေးတော်ပုံ အောင်ရမည်။

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page