top of page
Search

တပ်မဲနှင့် မြန်မာ့နိုင်ငံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 12, 2020
  • 1 min read

ree

၂၀၁၅ အာဏာရအပြီးမှာ DASSK အစိုးရက အကြောက်တရားလျော့ကျအောင်နဲ့ ရင်ကြားစေ့ရေးကိုလုပ်ဆောင်ခဲ့ပါတယ်။

ပြည်သူလူထုနဲ့ ဝန်ထမ်းတွေအများစုမှာ အကြောက်တရား နည်းလာတာကို ရွေးကောက်ပွဲရလာဒ်အရသိလာပါတယ်။ ဒါပေမယ့် တပ်ထဲမှာတော့ အကြောက်တရားရှိနေဆဲပါ။

ဘာကြောင့်လဲ? တပ်ဟာ သူ့ထောက်ခံသူကို နည်းမျိုးစုံနဲ့ စောင့်ရှောက်ပါတယ်။ သူ့ကိုဝေဖန်လို့ အကိုင်ခံရရင်တော့ NLD က တပ်ထဲကလူမပြောနဲ့ ကိုနေမျိုးဇင်လိုလူမျိုး၊ ရှေ့နေကြီးဦးကြီးမြင့်လိုလူမျိုးတောင် မစောင့်ရှောက်နိုင်သေးပါ။ ဒါကအပြစ်ပြောတာမဟုတ်ဘဲ အရှိတရားပါ။

စာရေးသူယခင်ရေးချိန်မှာ ဇေယျာသီရိနီရင် ပွဲသိမ်းပြီလို့ ရေးခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် သုံးလအလိုမှာ ဥပဒေအရ တပ်တွေကို ဇေယျာသီရိထဲ အဝင်ပြပါတယ်။ ဇေယျာသီရိထဲမှာ တပ်ကလူနှစ်သောင်းဆိုတာက များနေပါတယ်။ အဆိုပါ နှစ်သောင်းအတွက် ဇေယျာသီရိမှာ ထားစရာနေရာမရှိပါ။မယုံရင်ါသတင်းထောက်တွေ မေးကြည့်ပါ။ ထူးဆန်းတာက သူတို့အထဲက တစ်ဝက်နည်းပါးကကြိုတင်မဲ ပြန်ဖြစ်ပါတယ်။ မေးစရာက အထဲမှာ အစကထဲက မနေသူကို ဇေယျာသီရိရွှေ့ပြီးနောက်ပိုင်းရှေ့တန်းပြန်ပို့တယ်ဆိုပြီး ကြိုတင်မဲပေးခိုင်းတာမျိုးပါ။ အဆိုပါလူတွေဟာ ရှေ့တန်းမှာ မဲထပ်ပေး/ မပေးဘယ်သူမှ မစစ်နိုင်ပါ။ အဆိုပါမဲနဲ့ နိုင်သူ ဘသန်းဌေးက ရွေးကော်ကိုဖောင်းထုတာကရယ်စရာပါ။ မဲပေးသူအရည်အတွက်က အရပ်သားနီးပါးလုပ်ထားတာက သေသပ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလာဒ်က အလင်းတန်းအချို့ကိုလဲ တွေ့ရပါတယ်။ တပ်ချုပ်နဲ့ တပ်ထိပ်ပိုင်းက ဒုဗိုလ်ချုပ်ကြီးတွေမဲပေးတဲ့ အနော်ရထာ (၁) မှာ ၁၄ မဲက NLD ပါ။ မိသားစုဝင်အချို့လဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒုဗိုလ်ချုပ်ကြီးအဆင့် ၆ ယောက်လောက်ရှိတာတော့ သေချာပါတယ်။ စာရေးသူရဲ့ဆရာလဲပါမယ်ထင်ပါတယ်။ တပ်မ ၈၈ သတင်းက နဂိုကထဲက မမှန်နိုင်လို့ ဝင်မပြောခဲ့ပါ။ မဲပေးသူအချို့ရှိနိုင်ပေမယ့် တပ်တစ်ခုလုံးမဟုတ်ပါ။ ကြည့်ရတာက တပ်သားတွေရဲ့ ၁၀% လောက်သာ NLD ကို မဲပေးခဲ့တာပါ။ ဒါပေမယ့် အခြားလူများဟာ NLD ကို မကြိုက်လို့မဟုတ်ဘဲ ကြောက်လို့သာ မဲမပေးတာပါ။ ကိုကိုးကျွန်းမှာဆိုရင် အရပ်သားဝန်ထမ်းကပါ ကြောက်နေတာတွေ့ရပါတယ်။

ယခု NLD က အာဏာရလာအပြီး ငါးနှစ်နီးပါးမှာ တပ်ရဲ့ ၁၀% လောက်မဲရလာလို့ ဒီအခြေအနေဟာတပ်သား သုံးသောင်းအနည်းဆုံး NLD ဘက်မှာ ဗြောင်ရှိပြီး အရေးကြုံရင် အားကိုးရမှာပါ။ ဒါပေမယ့်NLD အနေနဲ့ တပ်ထဲမှာ အကြောက်တရားနည်းအောင် ၂၀၂၁ ကနေစပြီး စီမံချက်ချ ဆောင်ရွက်သင့်ပါတယ်။ မိုးကျတွေကိုတော့ ပြည်ထဲရေးနဲ့ အခြားဝန်ကြီးဌာနတွေကို အပြောင်းမခံပါနဲ့။ ဒါက အလုပ်မဖြစ်ပါ။ NLD က မိုးကျတွေကို ဝန်ကြီးခေါ်ခန့်ရင် ဖွတ်တွေက မင်းတို့မေမေက DSA ကိုကြိုက်လားလှောင်သလို သူတို့က မူလအလုပ်ကိုစွန့်လာတာ ဘာညာနဲ့ မဏာယူပါတယ်။ အဓိကပြဿနာက သူတို့ဟာ နိုင်ငံရေးသမားမဟုတ်လို့ အလုပ်မဖြစ်ပါ။ တွေးခေါ်ပုံဟာ နိုင်ငံရေးသမားနဲ့ မတူပါ။

အကျဉ်းချုပ်ရရင် တပ်ထဲမှာလဲ လိပ်နှုန်းနဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်လာနေပါတယ်။ ယခုလဲ NLD ကအစိုးရဖြစ်လာလို့ ပိုအဆင်ပြေလာမှာပါ။ တပ်ထဲမှာ NLD ကို ထောက်ခံသူဟာ ဒုဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးကနေ တပ်သားအထိ ၁၀ % လောက်ရှိနေပါတယ်။အစိုးရအဖွဲ့ထဲမှာ မိုးကျတွေကို သာဝန်လို လူမျိုးလောက်သာထားပြီး စစ်ဘောင်ကို ချုံ့ပြီး မိမိ NLD ထဲက နိုင်ငံရေးသမားတွေကို ရဲရဲကြီး ဝန်ကြီးနေရာပေးပါ။ ဒါဆိုရင် ဒီမိုစနစ်နဲ့ ပိုနီးလာပါမယ်လို့ ပြောပါရစေ။

အသေးစိတ်အကြံပြုလွှာကို သက်ဆိုင်သူခေါင်းဆောင်ထံ တိုက်ရိုက်ပို့ပါ့မယ်။ ဒီမှာ မရေ:တော့ပါ။ ရန်ကုန်ကိုလဲ အာဏာသိမ်းရင် ခုခံဖို့ နိုင်ငံရေးသမား ဝန်ကြီးချုပ်စစ်စစ်နဲ့ ပြင်ထားပါ။ မိုးမပြို ပြိုခဲ့သည်ရှိသော်ပေါ့။ ကွီးဖြိုးမလုပ်တာသိပေမယ့် နောက်လူအတွက် ဘယ်သူခန့်ခန့် ကိုယ်ကျိုးမပါဘဲ conflict of interest မရှိဘဲ ပြောပြတာပါ။ စစ်တပ်ထဲမှာ ယောက်ဖရှိသူတွေ၊ ကိုယ်ကျိုးစီးပွါးမကင်းသူကို ဝကခတော့ မခန့်မိပါစေနဲ့။ ကျန်တာကတော့ တိုင်းဝန်ကြီး၊ မြို့တော်ဝန် ခန့်ပါ။

Data Credit: Ko Min Thu (NLD)

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page