top of page
Search

တပ်ထဲမှာတင်ဒါခေါ်လား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 6, 2019
  • 1 min read

ree

တပ္ထဲမွာတင္ဒါေခၚလား

စက္မႈဝန္ႀကီးက႐ံုးလုပ္ထံုးလုပ္နည္းမွားလို႔တာဝန္ယူမႈတာဝန္ခံမႈအရႏုတ္ထြက္တယ္လို႔ဆိုပါတယ္။အဓိကကေတာ့တင္ဒါမေခၚမိလို႔ပါ။ဒါဟာလဲလုပ္ငန္းလိုအပ္ခ်က္အရပါ။ဒါေပမယ့္ႏုတ္ထြက္ရပါတယ္။

တပ္ထဲမွာစစ္လက္နက္ပစၥည္းဝယ္တာကလုပ္ငန္းလိုအပ္ခ်က္အရလွ်ိဳ႕ဝွက္တာရွိႏိုင္ပါတယ္။ဥပမာတူရကီကေလေၾကာင္းရန္ကာကြယ္ေရးဒံုးစနစ္ကို႐ုရွားကဝယ္ရာမွာတင္ဒါေခၚတာမဟုတ္ပါ။လုပ္ငန္းသဘာဝအရပါ။ဒါေပမယ့္တူရကီတပ္မေတာ္ကသူ႔စားရင္းကိုစားရင္းစစ္ခံရပါတယ္။

တပ္ထဲမွာကဒီလိုလက္နက္တင္မဟုတ္ဘဲအျခားစက္႐ံုမ်ားအတြက္လဲကုန္ၾကမ္းမ်ားလိုပါတယ္။ဒါေတြကိုဝယ္ယူရာမွာေတာ့တင္ဒါမေခၚတာရွိသလိုအခ်ိဳ႕ကိစၥေတြကအခ်င္းခ်င္းယခင္စနစ္ကလိုေပးစားတာလဲရွိပါတယ္။ယူနီေဖာင္းတို႔၊ကားအပိုပစၥည္း၊တပ္အသံုးအေဆာင္ထုတ္ရာမွာသံုးတဲ့ကုန္ၾကမ္းေတြစံုလို႔ပါဘဲ။ဟိုအားလံုးဝိုင္းေျပာတဲ့ႀကိမ္ျခင္းေလးေတာင္ႀကိမ္သြင္းရပါတယ္။

ဒီဘတ္ဂ်က္ဟာရန္ကုန္ၿမိဳ႕ဘတ္ဂ်က္ထက္အဆေပါင္းမ်ားစြာပိုပါတယ္။ဒါကိုေခတ္သစ္ကလဲမလိုက္ႏိုင္သလိုဘီဘီစီ၊VOA၊RFA လဲမလိုက္ႏိုင္ခဲ့ပါ။တစ္ပူးဆိုမ်က္ေစာင္းေတာင္မထိုးရဲပါ။

တ႐ုတ္သမၼတဇီဂ်င္ပင္း(Mr Xi Jinping) ဟာသူ၂၀၁၂အာဏာရလာအၿပီးမွာဘဲသူ႔ရဲ႕စစ္ေကာ္မရွင္ဒုဥကၠဌစစ္ဦးစီးအရာရွိခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီးဂို(Guo Boxiong)ကိုလာဒ္စားမႈနဲ႔စဖမ္းခဲ့ပါတယ္။ေနာက္တပ္ကဘဲဗိုလ္ခ်ဳပ္ႀကီးဇူကိုင္းဟို(Xu Caihou) ကိုလဲအဂတိနဲ႔ဖမ္းခဲ့ပါတယ္။ယခုဆိုတ႐ုတ္တပ္မေတာ္ႀကီးမွာအဂတိအလြန္ကင္းသြားခဲ့ပါၿပီ။စီးပြားေရးလဲမလုပ္ရေတာ့ပါ။

လက္ရွိအရပ္သားအစိုးရအေနနဲ႔လဲေျခဥမျပင္ႏိုင္ရင္ေတာင္တပ္ကတင္ဒါေတြေခၚလာေအာင္၊အဂတိကိုစစ္ႏိုင္ေအာင္ဥပေဒနည္းလမ္းေလးရွာသင့္ပါတယ္။ဥပမာအရပ္သားေတြကိုေနာက္ေၾကာင္းစစ္ၿပီးလံုျခံဳေရးေအာင္သူ(security pass) ျဖစ္သူေတြကိုစားရင္းစစ္ခိုင္းတာမ်ိဳး၊အဂတိကတပ္ကိုစစ္ရမရကိုအေျခခံဥပေဒခံု႐ံုးကဆံုးျဖတ္ခ်က္ရယူတာမ်ိဳးေပါ့။

တင္ဒါဥပေဒကိုတပ္ကပါလိုက္နာေအာင္လုပ္ႏိုင္ရင္အသံေတြက်ယ္က်ယ္ေလာင္ေလာင္ျကားလာရပါမယ္။

Unicode version

တပ်ထဲမှာတင်ဒါခေါ်လား

စက်မှုဝန်ကြီးကရုံးလုပ်ထုံးလုပ်နည်းမှားလို့တာဝန်ယူမှုတာဝန်ခံမှုအရနုတ်ထွက်တယ်လို့ဆိုပါတယ်။အဓိကကတော့တင်ဒါမခေါ်မိလို့ပါ။ဒါဟာလဲလုပ်ငန်းလိုအပ်ချက်အရပါ။ဒါပေမယ့်နုတ်ထွက်ရပါတယ်။

တပ်ထဲမှာစစ်လက်နက်ပစ္စည်းဝယ်တာကလုပ်ငန်းလိုအပ်ချက်အရလျှို့ဝှက်တာရှိနိုင်ပါတယ်။ဥပမာတူရကီကလေကြောင်းရန်ကာကွယ်ရေးဒုံးစနစ်ကိုရုရှားကဝယ်ရာမှာတင်ဒါခေါ်တာမဟုတ်ပါ။လုပ်ငန်းသဘာဝအရပါ။ဒါပေမယ့်တူရကီတပ်မတော်ကသူ့စားရင်းကိုစားရင်းစစ်ခံရပါတယ်။

တပ်ထဲမှာကဒီလိုလက်နက်တင်မဟုတ်ဘဲအခြားစက်ရုံများအတွက်လဲကုန်ကြမ်းများလိုပါတယ်။ဒါတွေကိုဝယ်ယူရာမှာတော့တင်ဒါမခေါ်တာရှိသလိုအချို့ကိစ္စတွေကအချင်းချင်းယခင်စနစ်ကလိုပေးစားတာလဲရှိပါတယ်။ယူနီဖောင်းတို့၊ကားအပိုပစ္စည်း၊တပ်အသုံးအဆောင်ထုတ်ရာမှာသုံးတဲ့ကုန်ကြမ်းတွေစုံလို့ပါဘဲ။ဟိုအားလုံးဝိုင်းပြောတဲ့ကြိမ်ခြင်းလေးတောင်ကြိမ်သွင်းရပါတယ်။

ဒီဘတ်ဂျက်ဟာရန်ကုန်မြို့ဘတ်ဂျက်ထက်အဆပေါင်းများစွာပိုပါတယ်။ဒါကိုခေတ်သစ်ကလဲမလိုက်နိုင်သလိုဘီဘီစီ၊VOA၊RFA လဲမလိုက်နိုင်ခဲ့ပါ။တစ်ပူးဆိုမျက်စောင်းတောင်မထိုးရဲပါ။

တရုတ်သမ္မတဇီဂျင်ပင်း(Mr Xi Jinping) ဟာသူ၂၀၁၂အာဏာရလာအပြီးမှာဘဲသူ့ရဲ့စစ်ကော်မရှင်ဒုဥက္ကဌစစ်ဦးစီးအရာရှိချုပ်ဗိုလ်ချုပ်ကြီးဂို(Guo Boxiong)ကိုလာဒ်စားမှုနဲ့စဖမ်းခဲ့ပါတယ်။နောက်တပ်ကဘဲဗိုလ်ချုပ်ကြီးဇူကိုင်းဟို(Xu Caihou) ကိုလဲအဂတိနဲ့ဖမ်းခဲ့ပါတယ်။ယခုဆိုတရုတ်တပ်မတော်ကြီးမှာအဂတိအလွန်ကင်းသွားခဲ့ပါပြီ။စီးပွားရေးလဲမလုပ်ရတော့ပါ။

လက်ရှိအရပ်သားအစိုးရအနေနဲ့လဲခြေဥမပြင်နိုင်ရင်တောင်တပ်ကတင်ဒါတွေခေါ်လာအောင်၊အဂတိကိုစစ်နိုင်အောင်ဥပဒေနည်းလမ်းလေးရှာသင့်ပါတယ်။ဥပမာအရပ်သားတွေကိုနောက်ကြောင်းစစ်ပြီးလုံခြုံရေးအောင်သူ(security pass) ဖြစ်သူတွေကိုစားရင်းစစ်ခိုင်းတာမျိုး၊အဂတိကတပ်ကိုစစ်ရမရကိုအခြေခံဥပဒေခုံရုံးကဆုံးဖြတ်ချက်ရယူတာမျိုးပေါ့။

တင်ဒါဥပဒေကိုတပ်ကပါလိုက်နာအောင်လုပ်နိုင်ရင်အသံတွေကျယ်ကျယ်လောင်လောင်ကြားလာရပါမယ်။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page