top of page
Search
  • Writer's pictureMyat Tun Oo

တပ်ချုပ်တွေမိန်းမများတာ တိုင်းပြည်အတွက်ကောင်းလား?


ဒီကိစ္စကိုပြောရင် လူဆိုတာ အချစ်ပေါ်မူတည်ပြီး မိန်းမယူတာဘာညာ ပြောလိုသူများရှိပါလိမ့်မယ်။ ဒီနေရာမှာနိုင်ငံရေးသမား မိန်းမများတာနဲ့ ပြည်သူ့ဝန်ထမ်း/တပ်ချုပ် မိန်းမများတာ ဘာကွာသလဲ သူတို့တွေက တိုင်းပြည်အတွက်ဘယ်လိုဖြစ်စေလဲဆိုတာ သမိုင်းကိုမူတည်ပြီး လေ့လာကြည့်ရအောင်။

လူမှာ အရပ်သားနိုင်ငံရေးသမားတွေ မိန်းမများတာ မိန်းမရှုတ်တာရှိကြပါတယ်။ ဥပမာ အမေရိကန်က ကနေဒီကထင်ရှားသလို ထရမ့်ဟာလဲ လောလောလတ်လတ်ဥပမာပါ။ အင်္ဂလန်က ဘောရစ်ဂျွန်ဆင်ဟာလဲ နောက်ဥပမာပါ။သူတို့ဟာ ရွေးကောက်ခံတွေပါ။ ထရမ့်ရော ဂျွန်ဆန်ပါ မိန်းမရှုတ်ပါတယ်။ သူတို့ရှုတ်တာလဲ ပြည်သူတွေကသိပြီးရွေးကောက်ပွဲမှာ ကြိုက်မကြိုက်ဆုံးဖြတ်ကြပါတယ်။ သူတို့က ရွေးကောက်ခံတွေပါ။ သူတို့ရှုတ်သလို အမေရိကန်စစ်ဗိုလ်ချုပ်ကြီး David Petraeus က သူ့ရာဇဝင်ရေးတဲ့သူနဲ့ မိန်းမရှုတ်ချိန်မှာတော့ စစ်ခုံရုံးနဲ့ အစစ်ခံခဲ့ရပါတယ်။သူ့ CIA ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။ သူက လုံခြုံရေးသတင်းတွေ ထိခိုက်ခဲ့လို့ဆိုပြီး အကြောင်းပြတရားစွဲဆိုတာ ခံခဲ့ရပါတယ်။ သူ့အောက်က အာဖဂန်ကဗိုလ်ချုပ်ကြီးက ထိုအချိန်က ဒုသမ္မတဘိုင်ဒန်ကို သူ့နာမည်ဘယ်သူလဲ မကြားဖူးဘူး စစ်မြေပြင်ကိုရောက်ဖူးလား ဘာညာသွားလှောင်လို့ အိုဘားမားက ဖြုတ်ခဲ့ရပါသေးတယ်။ ဒါကြောင့်စစ်တပ်ချုပ်တွေ တပ်ထဲကအရေးပါသူတွေ မိန်းမရှုတ်တာကို စစ်တပ်တွေမှာ တိတိကျကျအရေးယူရလေ့ရှိပါတယ်။ ဒါဆိုမိန်းမများတဲ့ တပ်ချုပ်တွေက တိုင်းပြည်အတွက်ကောင်းလား?

နေဝင်းကိုကြည့်ပါ။ နေဝင်းကတပ်ချုပ်ပါ။ သူကမိန်းမများစွာယူပြီး ရှုတ်ပါတယ်။ သူပထမ သူများမယားကိုကြာခိုတာကို ကျော်ငြိမ်း၊ ဘဆွေတို့က အရေးမယူတာကနေစပြီး တိုင်းပြည်ပျက်ပါတယ်။ သူ့မိန်းမတစ်ယောက်ကထောက်လှမ်းရေးဖြစ်ခဲ့ပြီး သူ့ကိုလဲ အရှက်ခွဲခဲ့ပါတယ်။ နေဝင်းပြီးရင် ကဒါဖီ၊ ဆဒန်ဟူစိန်ကိုကြည့်ပါ။ သူတို့ကလဲမိန်းမတွေအများကြီးယူပြီး တိုင်းပြည်ကိုဖျက်ဆီးခဲ့ပါတယ်။

တပ်ချုပ်တွေ မိန်းမအငယ်ယူထားခဲ့ရင် ပြဿနာက ထိုအငယ်မိန်းမတွေက ရန်သူရဲ့ ထောင်ချောက် honey trap ဖြစ်နိုင်လို့ပါ။ တပ်ချုပ်နဲ့ သာမန်အောက်ခြေအဆင့် ဗိုလ်ကြီး မိန်းမအငယ်ထားတာကလဲ မတူနိုင်ပါ။ ဗိုလ်ကြီးကဖောက်ပြန်ရင် တပ်ရင်းမှူးကဖောက်ပြန်ရင် တပ်ချုပ်ကြီးက အရေးယူနိုင်ပေမယ့် တပ်ချုပ်ဖောက်ပြန်ရင်အရေးယူမယ့်သူမရှိပါ။ အထူးသဖြင့် မြန်မာပြည်လို တပ်က အရပ်သားအောက်မရှိတဲ့နိုင်ငံမှာပါ။ လေချုပ်မောင်မောင်ကျော်မိန်းမရှုတ်ချိန်မှာ မအလက အရေးယူပေမယ့် မအလရှုတ်ချိန်မှာ ဘယ်သူကမှ အရေးမယူနိုင်ပါ။ မအလဟာ အာဏာသိမ်းထားသူ အရပ်သားအစိုးရအောက်မှာ မရှိသူမိုလို့ ပိုဆိုးပါတယ်။ နောက်မသေချာတာက မအလရဲ့အငယ်ဟာ ရန်သူရဲ့ သတင်းပေး (ဥပမာ တရုတ်စပိုင်ဟုတ် မဟုတ်) ဘယ်သူမှမပြောနိုင်ပါ။ ဒါတွေဟာ တပ်ချုပ်တွေ မိန်းမရှုတ်ရင်ဖြစ်တတ်တဲ့ တိုင်းပြည်အတွက် လုံခြုံရေးဆိုင်ရာ ပြဿနာတွေပါ။

ပြည်သူတွေက ဘာလုပ်ရမှာလဲ? တိုင်းပြည်ရဲ့ လုံခြုံရေးက အင်မတန်အရေးကြီးပါတယ်။ ပြည်သူတွေအနေနဲ့ကမိန်းမရှုတ်တဲ့ တပ်ချုပ်တွေကိုရှောင်ပါ။ သူတို့ဟာ ရာဇဝင်ထဲမှာ ဘယ်တုံးကမှ မကောင်းခဲ့ပါ။ ဒါကြောင့် ဘယ်တပ်ချုပ်မဆို ယခုအချိန်ထဲက မိန်းမရှုတ်ရင် ရှောင်ပါလို့သာ ပြောကြားလိုပါတယ်။

926 views2 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page