top of page
Search

တပ်ကြိုတင်မဲနှင့် အနာဂတ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 22, 2020
  • 1 min read

လူတိုင်းအဝေးရောက်နေရင် ဒါမှမဟုတ် ရွေးကောက်ပွဲနေ့မှာ မိမိအိမ်မှာမရှိရင် ကြိုတင်မဲပေးကြရပါတယ်။ ဒါကသဘာဝပါ။ လူတစ်ယောက်ချင်းစီ ကြိုတင်မဲပေးရတာက အများစုပါ။ အစုအဖွဲ့လိုက်ကြိုတင်မဲကတော့ ပြဿနာရှိပါတယ်။ အထူးသဖြင့် နယ်တွေမှာပါ။ ရွေးကော်က ရက် ၉၀ ရွှေ့လို့ တပ်တွေကိုရွှေ့ပြီး ပြင်ထားပါတယ်။ ပုံမှန်ဆိုရင် မဲပေးတဲ့နေ့မှာ လက်ရှိဥပဒေအရ တပ်ပြင်ထွက်ပေးရမှာပါ။ ဒါပေမယ့် ပြောင်းတဲ့တပ်က ကြိုတင်မဲပေးရင် ပြဿနာက ပိုရှုတ်သွားပါတယ်။


တပ်ကြိုတင်မဲတွေကို လူ ၁၀၀ အထက်ပေးရင် လွှတ်တော်ကိုယ်စားလှယ်လောင်းက သွားကြည့်သင့်ပါတယ်။

ပထမကြည့်ရမှာက ဆန္ဒမဲပြားမှာ ဘာမှကြိုမခြစ်ထားအောင်ပါ။ ဘာလို့လဲဆိုတော့ ကြိုခြစ်ထားတာကို ပေးလိုက်ပြီး စာအိတ်ထဲထည့်ရင် ဘယ်လိုလုပ်မလဲ?

နောက်သူတို့မဲပေး။ ပြီးရင် မဲပုံးကို ဗဟိုကို ပြန်ယူတဲ့အထိ ပါတီကိုယ်စားပြု အဖွဲ့တွေက စောင့်သင့်ပါတယ်။ ဒါမှ လွတ်လပ်စွာ ကြိုတင်မဲ ပေးနိုင်မှာပါ။

နောက် NLD က လူအုပ်နဲ့ မဲဆွယ်တာကို ကိုဗစ်ဖြစ်နေချိန်မိုလို့ မကြိုက်သူများလဲ ရှိပါတယ်။ ပြဿနာက ကိုဗစ်ဖြစ်ချိန်မှာ တပ်က ငြိမ်နေတာမဟုတ်ပါ။ ဘပုက ရှမ်းပြည်ဘက်သွားပြီး မဲဆွယ်ပြီးပါပြီ။ယခုလဲ ဒုတပ်ချုပ်ကို သူပြောလိုတဲ့ ဘယ်လိုလူမျိုးကို ရွေးရမလဲဆိုတာကို မိတ္ထီလာတို့ ပြင်ဦးလွင်တို့က တပ်စခန်းတွေမှာ သူ့ကိုယ်စား ပြောခိုင်းနေပါတယ်။ တပ်ထဲမှာက နှုတ်မိန့်နဲ့ သွားနေတာပါ။ ဘယ်ဟာကိုမှ စာနဲ့ မညွှန်ကြားပါ။ ညွှန်ကြားလို့ ပေါက်သွားရင် သူခံရမှာ သူသိပါတယ်။ ယခုလို ဘပုက သူ့ရဲ့ မူဝါဒကို မြဝတီမှာ မထည့်ရပေမယ့်လဲ တပ်ထဲက အစည်းအဝေးတွေမှာ ဖတ်ပြနေတာပါ။ သူလဲစည်းရုံးနေတာပါ။

တစ်ခုရှိတာက တပ်ထဲမှာလဲ ဖတ်ပြသူက အောက်ခြေကလူတွေ ဘယ်သူ့ပေးမလဲ မသေချာတော့ပါ။ဖတ်ပြသူကိုယ်တိုင်ကလဲ NLD ပေးနိုင်ပါတယ်။ NLD က အစိုးရဖြစ်နေလို့ ရဲဘော်တွေက အထက်ကပြောစကား နားမထောင်ဘဲ NLD ပေးလဲ ဘာမှလုပ်မရပါ။ ယခုတပ်ထဲမှာက အောက်ခြေရဲဘော်အများစုနဲ့ ပိတ်မိနေတဲ့ စစ်အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေက NLD ကို မဲပေးပြီး ပုန်ကန်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

အကယ်၍ ဘောလခဲလို တပ်နေရာက အထက်အမိန့်ကို မလိုက်နာဘဲ NLD ကို မဲပေးခဲ့ရင် အဆိုပါမဲဟာ တပ်ချုပ်ကို အောက်ခြေက အနုနည်းနဲ့ သတိပေးလိုက်သလို ဖြစ်သွားမှာပါ။ ဒါဟာ အနာဂတ်ကိုအနုနည်းနဲ့ ပြောင်းလဲသွားစေနိုင်ပါတယ်။

ရဲဘော်တို့လဲ မိမိလစာအဖြတ်ခံရရင်၊ အနိုင်ကျင့်ခံရရင်၊ သက်တမ်းပြည့်လို့ မထွက်ရရင်၊ သူ့ကျွန်ဘဝက လွတ်မြောက်ချင်ရင် ဓမ္မပါတီကိုသာ မဲပေးလိုက်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အမှန်အတိုင်း

အမှန်အတိုင်းပြောရရင် ဆီးရီးယားမှာ ငလျင်ဖြစ်အပြီး တစ်နှစ်ခွဲမှာ အာဆတ်ပြုတ်ခဲ့သလို စစ်ကိုင်းငလျင်ကလဲ မအလစစ်တပ်ပြုတ်ဖို့ သေချာသွားခဲ့ပါပြီ။...

 
 
 

4 Comments


Myat Tun Oo
Myat Tun Oo
Oct 23, 2020

ရပါတယ် U Myint Soe Oo. ကျန်းမာရေး ဂရုစိုက်ပါ။

Like

Myint Soe Oo
Myint Soe Oo
Oct 23, 2020

ဦးမြတ်! ခုရက်ပိုင်း ဝေယျာဝစ္စများပြီး အချိန်မမှန်မှုအပေါ် နားလည်ပေးပါရန်။

Like

Myint Soe Oo
Myint Soe Oo
Oct 23, 2020

ဦးမြတ်! ဦးမြတ်ထောက်ပြတဲ့နေရာတွေမှာ ဒေါက်ဇော်၊ ဆရာရဲ(မန်း)။ ဦးဖြိုး (ရန်ကုန်)။ လူပျိုကြီး အောင်အောင်(မကွေး)

ဦးဖောင်ရှို(ကယား)တို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ကိုယ်စားလှယ်လောင်းမျိုး ရှိနေ/ရိှသင့် ခဲ့လျှင် ကိစ္စ ရှင်းပါမည်။ဘောလခဲကတော့ (ဇာနည်/လိွိုက်ကော် တင်ပြချက်အရ)ပက်ကျိ အရည်ပျော် လောက်ပါသည်။


Like

Albert Wint
Albert Wint
Oct 22, 2020

တပ်ထဲက ဗိုလ်ကြီးနှင့်အောက်အဆင့်တပ်တွင်း၏၈၀%သောတပ်မဲများကိုသူတို့၏ရင်တွင်းဖြစ်NLDတွက်မဲများရသ၍မျှော်လင့်ကြိုဆိုလျှက် လက်ကမ်းလျှက်ပါရဲဘော်တို့ဒို့အနာဂတ်နိုင်ငံတော် နဲ့နိုင်ငံသားများ သား/သမီး/မြေးငယ်များအတွက်ပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page