top of page
Search

တပ်က တိုးတောင်းတဲ့ဘတ်ဂျက်ကို ပေးသင့်လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 25, 2020
  • 1 min read

တပ်က ယခင်က ဘတ်ဂျက်ကိုတိုးတောင်းခဲ့ပြီး အဲ့ဒီအချိန်က အကြောင်းပြချက်က ဆီစျေးတက်တာ၊ဒေါ်လာစျေးတက်တာ၊ တိုက်ပွဲဖြစ်တာတွေပါ။

ဒါပေမယ့် တပ်ဟာ အပြစ်ရပ်တာကို တိုင်းပြည်တစ်ခုလုံးမှာ သုံးလကျော်လုပ်ခဲ့သလို ယခုလဲ ထပ်လုပ်ထားပါတယ်။

ရခိုင်မှာလဲ ၂၀၁၉ စက်တင်ဘာအထိ အကြီးအကျယ်မချဘဲ ထိုင်ကြည့်နေခဲ့တာပါ။ နောက်ပိုင်းမှ ဒုတပ်ချုပ်ရဲ့ စစ်ဆင်ရေးကို တပ်ချုပ်က အတည်ပြုခဲ့တာပါ။ ဒါကြောင့် စစ်ပွဲအတွက် ဘာမှအကြီးအကျယ်မကုန်ခဲ့ပါဘူး။

ယခုလဲ lockdown ချထားလို့ ဘာမှ အပြင်ထွက်စရာမရှိပါ။ တပ်ထဲကအပြင်ကို ထွက်ခွင့်ကိုမပေးတာကြာခဲ့ပါပြီ။ နှစ်လနီးပါးပေါ့။

နောက်ဒေါ်လာစျေးကလဲ မေ ၂၀၁၉ မှာ တစ်ဒေါ်လာကို ၁၅၅၀ လောက်ကနေ ယခုတစ်ဒေါ်လာကို၁၄၀၀ ကျပ်လောက်သာ ရှိပါတော့တယ်။ ဆီစျေးဟာလဲ ဧပြီ ၂၀၁၉မှာ ရေနံစိမ်း တစ်ဆီကို စင်ကာပူဒေါ်လာ ၉၀ လောက်ကနေ ၂၀၂၀ ဧပြီမှာ ၂၈ ဒေါ်လာလောက်အထိ ထိုးကျသွားခဲ့တာပါ။

ဒါကြောင့် ဒီပိုက်ဆံတွေက ပိုနေပါပြီ။ ပိုတာကို အစိုးရက ပြန်ပြီး မဖြတ်တောက်ရင် ဘာဖြစ်မလဲ။

ပထမက ဘတ်ဂျက်တွေပိုတာကို အစိုးရက ပြန်မယူရင် ပလုံသွားပါလိမ့်မယ်။ ဒီထက်ပိုဆိုးတာက ဒီပိုက်ဆံတွေကို မဟုတ်တဲ့နေရာမှာ မဲဆွယ်ဖို့ ဟိုဘုန်းကြီးကို ပြည်သူ့ပိုက်ဆံနဲ့လှူ၊ ဟိုနေရာမှာ ပြည်သူ့ပိုက်ဆံနဲ့ အခမဲ့ဆေးကု စတာတွေ လုပ် မဲဆွယ်နိုင်သလို အဖျက်အုပ်စုတွေကို ငွေကြေးထောက်ပံ့ပြီးအစိုးရကို ဒုက္ခရောက်အောင်လဲ ပိုလုပ်လာနိုင်ပါတယ်။

အမှန်မှာက တပ်မြို့စည်ပင်ဟာ သမ္မတက ခန့်သူအောက်မှာရှိရမှာဖြစ်ပြီး မဟုတ်ရင် အစကထဲက လုံးဝကို ဘတ်ဂျက်မချပေးသင့်တာပါ။ တပ်မြို့စည်ပင်ကို အုပ်ချုပ်သူဟာ စစ်သားဖြစ်ရမယ်လို့ ဥပဒေထဲမှာ မရေးထားပါ။ သူက ရန်ကုန်စည်ပင်လို သီးခြားလွတ်လပ်တဲ့အဖွဲ့ပါ။ လက်ရှိအစိုးရကို ဂျင်းထည့်ထားတာပါ။


အထူးသဖြင့် ကိုဗစ်မှာ သူ့ဘတ်ဂျက်ကို ဖြတ်နိုင်ရင် လှိုင်သာယာက ဆင်းရဲသားတွေကို သုံးလလောက်အသာလေး ကျွေးထားလို့ရပါမယ်။ အားလုံး အမှန်မြင်ပြီး ဆုံးဖြတ်ချက်မှန်နိုင်ကြပါစေ။ သားဆိုးကိုတောင်းသမျှပေးနေရင် နားရွက်ကိုက်တာ ခံရပါလိမ့်မယ်။ မဟုတ်ရင် ဒေါက်တာလဲ့လဲ့မွန်လောက်တော့ အဘက ပြုံးနေပါတယ်။


Photo credit: Myanmar Harp, Fairfx, indexmundi

 
 
 

1 Comment


naynanmyint629395
naynanmyint629395
May 25, 2020

လံ ုး ဝ. မပေး သင့် ပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page