top of page
Search

တတိယအုပ်စုနှင့် အမေးအဖြေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 21, 2023
  • 1 min read

၂၀၀၈ ဖျက်အပြီး CRPH အသုံးဝင်သေးလား? တရားဝင်သေးလား?

မင်းကိုမွေးခဲ့တဲ့ မင်းအဖေနဲ့အမေက ကားတိုက်ပြီးသေသွားတယ်။ ဒါဆိုရင် သူတို့မွေးခဲ့တဲ့မင်းက သူတို့သေသွားတော့ လူအဖြစ်ကျန်သေးလား? မင်းရော သေသွားပြီလား?

တတိယအုပ်စုအားလုံးက NLD ကို မကြိုက်၊ NLD ကဖြစ်လာတဲ့ လွှတ်တော်ကိုမကြိုက် ထိုလွှတ်တော်ကထွက်လာတဲ့ အစိုးရကိုမကြိုက်ပါ။

မအလက ပြည်သူကရွေးထားတဲ့ ပြည်သူ့လွှတ်တော်ကို ၂၀၂၁မှာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့ပါတယ်။ ယခုအချိန်မှာတော့ ထိုစဉ်က ရွေးကောက်ပွဲမနိုင်ခဲ့သူများကလဲ စစ်ကိုင်းဖိုရမ်လိုတွေကနေ NUG ထံကနေ အာဏာသိမ်းဖို့ ကြိုးစားလာတာပါ။

NUCC ထဲမှာလဲ သူတို့က NLD နဲ့ CRPH ကို မကြိုက်ပါ။ သူတို့အတွက် တပ်သစ်ကလဲ ပေါ်လာနေတော့ အဆင်ပြေလာနေပါပြီ။

အာဏာသိမ်းအပြီး NUG စလာချိန်မှာ လူအချို့က ဘယ်အချိန်နိုင်မယ် ဘာညာဆိုပြီး အာချောင်ခဲ့ကြပါတယ်။ မဖြစ်လာချိန်မှာ NUG ကိုသာ အပြစ်ပုံချကြပါတယ်။ ထိုသူများ ဆက် Live လွှင့်အာချောင်နေဆဲပါ။

ပြည်သူရဲ့ ရွေးကောက်ခံမရှိခဲ့တဲ့ မြေပြင်က ဆန္ဒပြခေါင်းဆောင်လူတွေနဲ့သာ စုဖွဲ့ထားတဲ့ ဆီးရီးယားတော်လှန်ရေးဘာဖြစ်နေပါသလဲ? နိုင်ငံခြားကကူခဲ့ပေမယ့် မညီညွတ်တဲ့လစ်ဗျား အာဏာအတွက် နှစ်ဖွဲ့ကွဲတာ ဘာဖြစ်နေလဲ လေ့လာကြည့်ပါ။

NLD နဲ့ သူ့အမတ်တွေမကောင်းတာရှိနိုင်ပေမယ့် ၁၀၀ မှာ ၇၀% က ကောင်းပါတယ်။ သင့်မှာ ကလေးလေးယောက်မွေးရင် လေးယောက်လုံးကောင်းဖို့ ဖြစ်နိုင်ပါသလား? သင့်လက်တွေ ညီပါသလား?

ယခုအချိန်မှာ အသံထွက်လာတာက NUG က အုပ်ချုပ်နိုင်တယ့်နယ်မြေများလာချိန်မှာ NUG ထံက အာဏာသိမ်းဖို့ ကြိုးစားလာလို့ပါ။

အဘက ERO တွေနဲ့တွေ့ရင် အခြားပါတီတွေနဲ့တွေ့ရင် မတူတာအသာထား တူတာတွေတွဲလုပ်ကြရအောင်ဆိုပြီး ပြောလေ့ရှိပါတယ်။ မတူတာက ဖယ်ဒရယ်အရေး၊ ဒီမိုကရေစီအရေးပါ။ သူတို့လိုချင်တာ အဘက မပေးပါဘူး။ တူတာကတော့ NLD ကိုဖောင်းထု၊ DASSK ကိုဖောင်းထု၊ ပြည်သူ့ကိုယ်စားလှယ်ထံက အာဏာသိမ်းဖို့ ကြိုးစားရာမှာတော့ အဘနဲ့ တတိယအင်အားစုက ရွေးကောက်ပွဲက အာဏာမယူဘဲ အချောင်အာဏာလိုချင်တာက တူကြပါတယ်။

NUG ကို ဘယ်သူခန့်တာလဲ ယာယီသမ္မတကိုဘယ်သူခန့်တာလဲ ဝန်ကြီးကို ဘယ်သူခန့်တာလဲဆိုရင် CRPH ပါ။ CRPH ကို ဘယ်သူခန့်တာလဲဆိုရင် ၂၀၂၀မှာ ပြည်သူတွေက ကိုဗစ်ကြားက မဲပေးပြီး ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေကပါ။ သမ္မတ၊ ဝန်ကြီးချုပ်တို့ကို လူအရထောက်ခံတာမဟုတ်ဘဲ ပြည်သူ့ကိုယ်စားလှယ်က ခန့်ထားလို့ ထောက်ခံတာပါ။ CRPH က လက်ရှိသမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးကိုဖြုတ်ရင်လဲ အသစ်ကို ထောက်ခံရမှာပါ။ ဘာကြောင့်လဲ CRPH က ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားလို့ပါ။ မဟုတ်ရင် ငါ့ဖာသာငါ ကာချုပ် ငါ့ဖာသာငါ ဝန်ကြီးချုပ်ခန့်ဆိုရင် လူရယ်စရာနေမှာပါ။ ငါက ဆန္ဒပြခေါင်းဆောင် ဒါကြောင့်ဝန်ကြီးချုပ်၊ ငါက တပ်ထဲမှာငါ့လောက်တော်သူမရှိလို့ ကာချုပ်ဆိုရင် မအလနဲ့ တူမနေဘူးလား?

ဒါကြောင့်ပြည်သူတွေက ပန်းဝင်ခါနီး မအလတပ်ကလဲ အထဲမှာ ပြိုကွဲလုအချိန်မှာ ပြည်သူကတင်ထားတဲ့ NUG ကိုထောက်ခံပါ ဝန်းရံပါ။ NUG လက်အောက်က PDF ကိုသာ ထောက်ပံ့ပါ။ အဆိပ်ပင်တွေကို ရေမလောင်းမိပါစေနဲ့။ NUG ကလဲ မိမိအမိန့်နာခံမည့်တပ်ကို လက်နက်တပ်ဆင်ပေးပါ။ နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Angelina Thane
Angelina Thane
Sep 21, 2023

ပြည်သူသာ အဓိက ပါ ။

ဗခမက လို့ တဖွဖွရွတ်နေသူများ ကိုလဲ မှတ်ထါးရမှာပါ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page