top of page
Search

စစ်ရေးအခြေအနေက ဘယ်လိုလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • 11 minutes ago
  • 2 min read

ယခုအချိန်မှာ လူတွေ သိချင်တာက မအလတပ်က စစ်နိုင်နေလား၊ စစ်ရေးက ဘာဖြစ်သွားမလဲ၊တော်လှန်ရေးက ဘာဖြစ်သွားမလဲ ဆိုတာတွေ ပါ။

ဒီမေးခွန်းကို ဖြေရာမှာ အားလုံး သိထားရမှာက စစ်ရေးဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်ဆိုတာပါ။ဒါအပြင် စစ်ရေး အနိုင်ရှုံးကို ဘယ်လို အမြင်နဲ့ ဆုံးဖြတ်မလဲ ဆိုတာပါ။ ဒီနေရာမှာ စာရေးသူအနေနဲ့ကမ္ဘာ့ဥပမာ၊ မြန်မာ့ဥပမာတွေနဲ့ ရေးပါမယ်။

ကမ္ဘာပေါ်က ရုရှားနဲ့ ယူကရိန်း စစ်ကို ကြည့်ပါ။ ရုရှားဟာ သူ အလွယ်တကူ နိုင်မယ်ထင်ပြီး ယူကရိန်းကို ဝင်တိုက်ခဲ့ပါတယ်။ အားလုံးကလည်း သူနိုင်မယ်ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ယူကရိန်းက ခံချခဲ့တာ ၂၀၂၂ ကတည်းက ပါ။ ၂၀၂၄ မှာ ယူကရိန်းက ရုရှားနယ်မြေထဲကို ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၂၅ မှာ ရုရှားဘက်က စစ်နိုင်မလို ပြန်ဖြစ်ခဲ့ပါတယ်။ ထရမ့်တက်အပြီး ယူကရိန်း သမ္မတနဲ့စကားများတာ အားလုံး မှတ်မိမှာပါ။ ပွဲသိမ်းမလို ဖြစ်ခဲ့ပါတယ်။ ယူကရိန်းက ရုရှား မြို့တော် မော်စကိုနဲ့ အတွင်းပိုင်းကို ပစ်ဖို့ တာဝေးပစ် ဒုံးကျည်တောင်းတာကို ဘိုင်ဒင်ရော၊ ထရမ့်ရော မပေးခဲ့ပါဘူး။ဘိုင်ဒင်က ကူမလိုပြောပြီး မပေးတာနဲ့ ထရမ့်က ပေါ်တင် မပေးတာ သာ ကွာပါတယ်။ ဒါက အမေရိကန်က ပါတီစွဲ၊ အနောက်ဥရောပ ရောက် လက်ဝဲ၊ လက်ယာ ပါတီစွဲ စာဖတ်သူတွေ ရန်မဖြစ်အောင်အမှန်အတိုင်း ရေးပြတာပါ။ ထရမ့်က မင်းမှာ နိုင်ကွက်မရှိဘူးလို့ တောင် ပြောခဲ့တာပါ။ ၂၀၂၆ မှာ ယူကရိန်းက ရုရှားနယ်မြေထဲကို သူ့ဖာသာထုတ်တဲ့ ဒရုံးနဲ့ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပြီး ပူတင်တောင်အိပ်ရေးပျက်နေပါပြီ။ ယူကရိန်းက မိမိဖာသာ တီထွင်တဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ စက်ရုပ်တွေနဲ့ရုရှားအတွင်းပိုင်းက စစ်ဖက်၊ အရပ်ဖက်သုံး ဆီချက်စက်ရုံတွေ၊ ဓာတ်ဆီဆိုင်တွေ၊ လေဆိပ်တွေ၊လှေဆိပ်တွေကို စတင် တိုက်ခိုက်နိုင်ခဲ့သလို မြန်မာပြည်က ဒုတိယ ညွှန်ချုပ် ဗိုလ်ချုပ်ကြီး ညိုစောရောက်နေတဲ့ စိန့်ပီတာစပတ်မြို့ကို တောင် ခြိမ်းခြောက် ပစ်ခတ်နိုင်ခဲ့ပါပြီ။ ထရမ့်ကတောင် ယူကရိန်းကို အသိအမှတ်ပြု ပြောဆိုနေရပါပြီ။

အီရန်-အမေရိကန် စစ်ပွဲမှာ အမေရိကန်က အီရန် စစ်သင်္ဘောတွေ အားလုံးကို ရေအောက်ရောက် လုပ်ထားနိုင်ပေမယ့် ရေလက်ကြားကို ပြန်မဖွင့်နိုင်သေးပါဘူး။ အီရန်က မဆိုင်တဲ့ စစ်ရေးမဟုတ်တဲ့အခြားပစ်မှတ်တွေကို ပစ်ခတ်ရာမှာ အမေရိကန်လည်း ငှက်ကင်မရှိလို့ အလုံးစုံ မကာကွယ်နိုင်ဖြစ်နေပါတယ်။ သဒ်ခွေးအုပ်စုလေသံနဲ့ ငှက်ကင်တွေ ဘယ်မှာလဲလို့ မေးကြည့်ပါ။ အီရန်ကိစ္စမှာ ဒီမိုနိုင်ငံနဲ့အာဏာရှင်နိုင်ငံ တိုက်ရာမှာ ဒီမိုဘက်က ပါတီစွဲ ငြင်းခုံနေကြချိန်မှာ အာဏာရှင်က တိုင်းပြည်ပြာကျလည်း မိုက်နိုင်တာကို အားလုံး သတိထားမိနိုင်ပါတယ်။ အခြား အရေးကြီးတဲ့ အရပ်သားပစ်မှတ်၊ စစ်ဖက်-အရပ်ဖက် နှစ်မျိုးသုံးနိုင်တဲ့ ပစ်မှတ်တွေကို အီရန်က ပစ်ရာမှာ အလွန်ထိရောက်နေတာ လည်းတွေ့ရပါတယ်။


မြန်မာပြည်ကို ပြန်ကြည့်ရအောင်။

မအလတပ်ဟာ တရုတ်က ဖိအားဝင်ပေးပြီးမှ လားရှိုးကို မတိုက်ဘဲ ရခဲ့ပြီး TNLA နယ်အချို့ကိုတော့တိုက်ပြီး ပြန်ယူခဲ့တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ PDF တွေ သိမ်းထားတဲ့ NUG အောက်က မြို့တွေကိုလည်း ပြန်သိမ်းနိုင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ မအလတပ်တွေဟာ စစ်သားအသစ်တွေကို အသေခံတိုက်ခိုင်းပြီး စစ်နိုင်နေတာ သာဖြစ်ပါတယ်။ မအလဟာ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိပါဘူး။ မအလ ယခု သိမ်းနိုင်တဲ့ နယ်မြေများဟာလည်း ရေရှည်မှာ စိုးမိုးထားရမှာ ဖြစ်ပါတယ်။ များများ သိမ်းနိုင်လေ သူ့စစ်တပ်အတွက် ထောက်ပို့လမ်း ပိုရှည်လာမှာ ဖြစ်ပြီး ကြားဖြတ် အတိုက်ခံရဖို့ပိုများလာမှာပါ။ ဒါကြောင့် မအလတပ်ရဲ့ သေဆုံးမှုဟာ ယခုလစဉ် ရာဂဏန်းထက် ပိုမြင့်လာဖို့ သာ ရှိပါတယ်။


အီရတ်မှာ အမေရိကန်က အီရတ်ကို သိမ်းတာ ဘာမှ မကြားပေမယ့် ဟိုက ပြန်တိုက်တဲ့အချိန်မှာနှိမ်နင်းဖို့ အင်မတန် ခက်ခဲ့ပါတယ်။ အမေရိကန်တပ်ဟာ အစိမ်းရောင်နယ်မြေကနေ အပြင်မထွက်ရဲတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ၂၀၀၇ မှာ ဗိုလ်ချုပ်ကြီး David Petraeus က စစ်အင်အားမြင့် ဗျူဟာမှာနိုင်ငံရေးအရ ဆွန်နီလူမျိုးတွေ အတွက် ဖြေရှင်းပေးခဲ့လို့သာ အောင်မြင်ခဲ့တာပါ။

မြန်မာပြည်ရဲ့ အဓိက နိုင်ငံရေး ပြဿနာက မအလ၊ သူ့ဖက်ဆစ်တပ်နဲ့ လက်ရှိ ဖွဲ့စည်းပုံ ဖြစ်နေလို့ ဒီနိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်ရင် လက်နက်ကိုင် အရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘဲစီးပွားရေးကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံကောင်းရင် တိုင်းပြည်ငြိမ်တာ မလေးရှားကို ဥပမာအနေနဲ့ ကြည့်ပါ။


ဒါ့အပြင် မအလဟာ တရုတ်ပြောတဲ့အတိုင်း အမေစုကို လွှတ်တာ၊ တွေ့တာတွေ လုပ်ရမှာ ဖြစ်ပြီး မအလက လုပ်ဖို့ မမြင်ပါဘူး။ သူက အိန္ဒိယနဲ့ တရုတ်ကို ပြန်ကိုင်လိုပေမယ့် ရခိုင်ကို ရမှသာ အိန္ဒိယနဲ့အပေးအယူ လုပ်နိုင်မှာပါ။ ဒါကြောင့် နိုင်ငံရေးအရ ဘာမှ မထူးနိုင်လို့ စစ်ရေးအရလည်း မအလကရက် ၁၀၀ အတွင်း ဘာမှ ထူးအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။


ဒါဆိုရင် PDF ကရော။

သူတို့ထဲက ဒဏ်မခံနိုင်သူများက ထွက်သွားနိုင်သလို စကထဲက ငဇွဲလို မူမမှန်သူတွေကလည်း ခွဲထွက်ပြီး သားပါ။ နဂါးကလဲ တပ်ထဲ ပြန်ပြေးပေါ့။ သးတို့မရှိတဲ့ PDF ဟာ ပိုပြီး စစ်ပုံကျလာမှာ ဖြစ်ပြီးဆယ်လီလေးတွေ တပ်ရင်းတစ်ခု ဆရာတစ်ဆူကနေ တပ်ပုံအတိုင်း တပ်ပြောခွင့်ရတစ်ယောက်ထဲဖြစ်လာပြီး အရပ်သား အမိန့်နာခံတဲ့ တပ်ဖြစ်လာမှာပါ။ သူတို့ဟာ သတင်းသမားတွေနဲ့ အာချောင်တာလည်း လျှော့လာပြီး ရခိုင့်တပ်ကို အတုယူလာမှာပါ။ PDF အနေနဲ့ AA KIA KNU TNLA ထံမှကောင်းသောအရာများကို သင်ယူပြီး ဒီမိုကရေစီကျတဲ့ အားသာချက်များကို ရယူ ပေါင်းစပ်နိုင်တဲ့ ပိုအားကောင်းတဲ့ အဖွဲ့ ဖြစ်လာနေပါပြီ။ တိုက်ရည်ခိုက်ရည်လဲ ရှိလာနေပါပြီ။ စာရေးသူတို့ ပြည်သူမှာ ၂၀၂၁ မတိုင်ခင်က တပ်မရှိပေမယ့် ယခုတပ်ရှိနေပါပြီ။

သူတို့ဟာ ယူကရိန်းလို၊ အီရန်လို ဘယ်ပစ်မှတ်ကို လိုအပ်ရင် ပစ်သင့်ရင် စစ်နိုင်ဖို့အတွက် ပစ်ရမယ်ဆိုတာကိုလည်း သင်ယူနေမှာပါ။ NUG ကလည်း ဒီကနေ သင်ယူနေမယ်လို့ ထင်ပါတယ်။

ပြည်သူကလည်း နဂါးလိုကောင်ကို လှူရင်၊ ငဇွဲလို ကောင်ကို လှူရင် ဘာဖြစ်သွားလဲ ဆိုတာကို သူတို့ငွေနဲ့ သင်ခန်းစာ ယူနေပါပြီ။ ဒါကြောင့် ဆယ်လီဗဟိုမပြုတဲ့ အဖွဲ့အစည်း အခြေခံ ထောက်ပံ့မှုကနေPDF ပိုအားကောင်းအောင် ပြည်သူရော NUG ကပါ ကြိုးစားလာမှာပါ။

အကျဉ်းချုပ်ရရင် မအလဟာ ရက် ၁၀၀ မှာ မြို့အနည်းငယ် ပြန်သိမ်းနိုင်တာ ရှိပေမယ့် နိုင်ငံရေးအရမရှင်းနိုင်လို့ ပြီးရင် ပြန်ပေးရမှာပါ။ ဒါပေမဲ့ ဒီထိုးစစ်က တိုင်းရင်းသား လက်နက်ကိုင်တွေ ရော NUG ကိုပါ လှုပ်နှိုးလိုက်လို့ အကျိုးရှိပါတယ်။ မအလ စစ်ပွဲနိုင်မလားမေးရင်မနိုင်ပါဘူးလို့ ရဲရဲကြီးဖြေနိုင်ပါတယ်။ ငါတို့ရော နိုင်မှာလားမေးရင် ပြည်သူက ကူ၊ PDF က လက်တွေ့ကျတဲ့ ဥရောပစံ သိပ်မများတဲ့ မူဝါဒနဲ့ တိုက်နိုင်ရင် နေပြည်တော်အထိ နိုင်မှာပါ။ ဆီးရီးယားမှာ ယခု သမ္မတဖြစ်နေသူကဘယ်နိုင်ငံကမှ အသိအမှတ်ပြု မခံခဲ့ရဘူးပါ။ ဘယ်နိုင်ငံခြား အစိုးရကိုမှ မျက်နှာချိုမသွေးပါဘူး။ဘာလူ့အခွင့်အရေး၊ ဘာသတင်းသမားကိုမှ ဂရုမစိုက်ခဲ့ပါဘူး။ သူ မြို့တော် ဒမတ်စကတ်ကို သိမ်းပြီးချိန်မှာ အားလုံးသော နိုင်ငံခြားက သံတမန်တွေ လာတွေ့တယ်ဆိုတာ မမေ့ပါနဲ့။ အာဏာရှင် အာဆတ်ဟာ ၂၀၂၁ မှာ ရွေးကောက်ပွဲအတု နိုင်ခဲ့ပြီး စစ်နိုင်သလိုလဲ ဖြစ်နေရာက အာရပ်အဖွဲ့ချုပ်ကို ပြန်အဝင်ခံရမလို ဖြစ်နေရာက၂၀၂၄ မှာ မော်စကိုကို ထွက်ပြေးခဲ့ရတာ မမေ့ပါနဲ့။

စစ်နိုင်ဖို့က လိုအပ်တဲ့နေရာကို လူ့အခွင့်အရေး သိပ်မကြည့်ဘဲ မိမိနိုင်တဲ့အချိန် နိုင်တဲ့နေရာမှာ တိုက်ဖို့နဲ့ လိုအပ်တဲ့ ပစ်မှတ်တွေကို ပြတ်သားစွာ ပစ်ဖို့ သာပါ။ မြို့တော်ကို သိမ်းရင် သံတမန်တွေ လာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သမ္မတက သမ္မတပါဘဲ

သမ္မတကြီး ဦးဝင်းမြင့်ကို သမ္မတကြီးလို့ခေါ်တာ စစ်ခွေး၊ ဖွတ်ခွေး၊ သဒ်ခွေးတွေ ဟောင်သလားမမေးနဲ့။ ညွှန်ချုပ် အသုံးမကျတဲ့ကောင်က အာဏာသိမ်းလဲ မအလလို့တောင် ခဏခဏအဆဲခံနေရတာ။ မရှက်ဖူးလား မအလ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page