top of page
Search

တစ်နှစ်ခွဲကျော်အကြာ အခြေအနေသုံးသပ်ချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 6, 2022
  • 2 min read

ဒီသုံးသပ်ချက်ဟာ နိုင်ငံခြားက ကူမှာကို အခြေမခံထားဘဲ မအလလုပ်နေတဲ့အပေါ်မှာ မူတည်ပြီးရေးထားတာပါ။


နိုင်ငံရေး

ဘာပွဲလုပ်လုပ် တိုင်းပြည်ရဲ့ထွက်ပေါက်က နိုင်ငံရေးနဲ့ လာအဆုံးသတ်မှာပါ။ ဒီအတွက် မအလထွက်ပေါက်က အတုအယောင် ရွေးကောက်ပွဲပါ။ သူက ဘာဖြစ်ဖြစ် လုပ်နိုင်အောင်ကြိုးစားမှာပါ။ ဒါပေမယ့် ဒီရွေးကောက်ပွဲက ပျက်မှာပါ။ ဥပဒေအရလဲ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိပါ။

ဒီကိစ္စမတိုင်ခင် ဖမ်းထားသူတွေအားလုံးကို ပြန်လွှတ်ရပါမယ်။ ဒါက လုံးဝမဖြစ်နိုင်ပါ။ ယခင်ကDASSK လွှတ်လို့ အပြင်မှာ ဘာ PDF မှ မရှိနေပါ။ ယခုက PDF ကရှိနေလို့ NUG က ခွင့်မပြုရင် လုံးဝလုံးဝ ရွေးကောက်ပွဲက မဖြစ်နိုင်ပါ။ ရွေးကောက်ပွဲက နေပြည်တော်မှာ လုပ်ဖို့တောင် အနိုင်နိုင်ပါ။

နောက် ဖွတ်မှာ ခင်ရီကိုတင်လိုက်တာကိုက အမာဘက်သွားဖို့ ပြင်ထားတာပါ။ အခြားအဖွဲ့ကိုမပြောနဲ့ဖွတ်အဖွဲ့မှာတောင် သူအာဏာသိမ်းပြီး သူ့လူကို တင်ခဲ့ရတာပါ။ သန်းဌေးကတောင် ဖွတ်ပါတီထဲရွေးကောက်ပွဲလုပ်ခိုင်းပြီး မဆင်းဘူးလုပ်နေလို့ ဘရွှေ၊ ဘစိန်တို့နဲ့တွေ့ပြီး ဖြုတ်ချခဲ့ရတာပါ။အကယ်၍ ဖွတ်ပါတီထဲ ရွေးကောက်ပွဲလုပ်ခဲ့ရင်တောင် သန်းဌေးပြန်ဥက္ကဌဖြစ်နိုင်တာ သူသိပါတယ်။ဒါကြောင့် မအလက တစ်လမ်းထဲသွားနေတာပါ။ သူ့ကို မလွန်ဆန်နိုင်တဲ့ ရွှေမန်းတောင် သူ့ရွေးကောက်ပွဲကိုမဝင်ဘဲ ပါတီဖျက်သွားတာ အားလုံးသိမှာပါ။ ဒါက ကြောက်တတ်တဲ့ရွှေမန်းရဲ့ မအလရွေးကောက်ပွဲကို သပိတ်မှောက်တာပါ။ ဒါက ကိုကိုကြီးလို ဘာပွဲလုပ်လုပ် ဝင်မယ်ဆိုသူများကိုအကျပ်ရိုက်စေခဲ့ပါတယ်။

ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးပေးလိုက်တာက သာမန်ပြည်သူကအစ DASSK အဆုံး သူတို့ရဲ့အတွေးအခေါ်တွေကို တိုက်ပွဲမှသည် အခြားမရှိလို့ တွန်းပို့လိုက်ပါတယ်။ တွေဝေနေတဲ့ လူအချို့တောင် တော်လှန်ရေးသာ အဓိကဖြစ်သွားခဲ့ပြီး လုံးဝနောက်ကြောင်းမပြန်ဖို့ သန္ဓိဌာန်ချစေခဲ့တာ တွေ့ရပါတယ်။ နိုင်ငံရေးလမ်းက ဘယ်သူက ဘာမှမလုပ်ခင်က မအလကြောင့်ကို လမ်းပိတ်သွားခဲ့ပါတယ်။


တိုင်းရင်းသား

အချို့ဝေဖန်ရေးသမားများက NUG ကို မစည်းရုံးနိုင်ဘူး ဘာညာဆိုပြီး အစပိုင်းမှာ အပြစ်တင်ကြပါတယ်။ မအလက အစပိုင်းမှာ RCSS ရွက်ဆစ်တို့ကိုခေါ်ပြီး ဟိုဟာပေးမလိုလို ဒီဟာပေးမလိုလိုလျှောက်ပြောလို့ အေးမောင်တို့ ကိုကိုကြီးတို့တောင် ဟုတ်သလိုလိုဖြစ်ခဲ့ပါတယ်။ စကားစကား ပြောပါများလာချိန်မှာ မအလဟာ သဘောထားမပြောင်းဘဲ ၂၀၀၈ ခြေဥကနေ ဝန်ကြီးချုပ်ရွေးဖို့လောက်သာပြင်ဖို့ရှိတယ်ဆိုတာ သိသာလာခဲ့ပါတယ်။

NUG က မစည်းရုံးနိုင်ဘူးပြောချိန်မှာ မအလက AA ကိုတိုက်ပြီး စည်းရုံးပေးခဲ့ပါတယ်။ ဒါကြောင့် AA ဟာ NUG ကို ကြိုက် မကြိုက်မသေချာပေမယ့် မအလကို မုန်းတာတော့ သေချာသွားခဲ့ပါတယ်။ ဒါဟာAA ကို မလွန်ဆန်နိုင်တဲ့ ရခိုင်ပြည်နယ်ထဲက ပါတီတွေအတွက် အခက်တွေ့သွားစေပါတယ်။ မအလဟာ ယခင်က DASSK ကို အပြစ်တင်ပြီး AA ကိုတိုက် ရခိုင်ပြည်သူတွေကို ဒုက္ခပေးပေမယ့် ယခုကတော့ သူ့ဘီလူးခေါင်းက ပေါ်လာခဲ့ပြီး သူ့မိန်းမအမျိုးတွေတောင် ယခင်ကလို ရခိုင်မှာ ဝါဒဖြန့်လို့ မရတော့ပါ။

ဒီလောက်ဆိုရင်တောင် NUG နဲ့ အခြားအဖွဲ့တွေက နီးစပ်ဖို့ မလွယ်သေးပါ။ မအလက KNU ဒေသကအရပ်သားနေရာကို ဗုံးကြဲပြီး KNU ကို NUG နဲ့ ပိုနီးစပ်အောင် ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနီးစပ်မှုဟာမခိုင်မာသေးပါ။ မအလဟာ KIA အနန့်ပါ ပွဲကို ဗုံးကြဲတာက KIA နဲ့ NUG ကို ပိုနီးစပ်သွားစေခဲ့ပါတယ်။သမီးရည်းစားကနေ လိုက်ပြေးအောင် တွန်းအားပေးလိုက်သလိုပါ။ ဒါတင်မဟုတ်ဘဲ KIA ဒေသကဒဏ်ရာရတဲ့ ကချင်တွေကို ဆေးကုခွင့်မပေးဘဲ ပိတ်ပြလိုက်တာ မအလပြောနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ လေဆိုတာကို သူ့ဖာသာ ပြသွားခဲ့ပါတယ်။ ဒါက သူ့ရဲ့ ကြမ်းတမ်းတယ်ဆိုတဲ့ ပုံရိပ်ကို ပြလိုပေမယ့် အခြားတိုင်းရင်းသားတွေကပါ သူ့ဘီလူးခေါင်းကို ပိုတွေ့သွားစေခဲ့ပါတယ်။ဝ ဟာလဲ သူ့စစ်ရေးဆိုင်ရာတွေကို ကချင်ကိုတိုက်လို့ ပြန်သုံးသပ်စေခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားအဖွဲ့တွေနဲ့  NUG ဆက်ဆံရေးဟာ NUG က ဘာမှအကြီးအကျယ်မလုပ်ခဲ့ရင်တောင် မအလကြောင့် ပိုကောင်းသွားတာ သေချာပါတယ်။


စီးပွါးရေး

ဒါကတော့ ဆက်ကျနေမှာပါ။ NUG ဘာမှမလုပ်ဘဲ ထိုင်နေရင်တောင် မအလက သူ့လျှပ်စစ်ကားတွေ၊ပို့ကုန်စီမံကိန်းတွေနဲ့ ထိုးကျသွားမှာပါ။


စစ်ရေး

၂၀၂၁ ဖေဖော်ဝါရီ (၁)ရက်နဲ့ ဒီနေ့မြေပြင်အခြေအနေကို ယှဉ်ကြည့်လိုက်ပါ။ စာရေးသူတို့ PDF တွေက မြေပြင်မှာ ကချင်၊ စစ်ကိုင်း၊ မကွေး(မြောက်)၊ ရှမ်း အချို့ဒေသ၊ ကယား၊ ချင်း၊ တနင်္သာရီနဲ့ ကရင်နယ်အများစုမှာ စိုးမိုးနိုင်နေတာ အားလုံးငြင်းမရတဲ့အချက်ပါ။ လက်နက်တွေဟာလဲ တစ်နှစ်ခွဲကျော်အကြာမှာ ပိုကောင်းလာတာ ငြင်းမရတဲ့အချက်ပါ။ ရခိုင်နဲ့ ရှမ်းပြည်မှာလဲ AA နဲ့ အခြားအဖွဲ့တွေက မအလတပ်ကို ယခင်ကထက် ဒုက္ခပိုပေးလာသလို အချို့က နယ်မြေချဲ့လာခဲ့ပါတယ်။

ဒါဆိုနောက် တစ်နှစ်ဘာဖြစ်လာမလဲ?

မအလတပ်ထဲက တိုင်းမှူးတွေကလဲ သူတို့နိုင်မယ်ထင်ပြီး ရန်သူတွေကို ဘယ်အမြောက်တွေ၊ ဘယ်ရဟတ်ယာဉ်တွေ၊ ဘယ်လေယာဉ်တွေ ပျူတွေနဲ့ တိုက်မယ်ဆိုပြီး တင်ပြထားပါတယ်။ ဒါကြောင့် မအလကလဲ မလုပ်ရဲတာ ဘာမှမရှိလို့ အဟုတ်ထင်ပြီး တိုက်ဖို့များပါတယ်။ ဒါဆိုရင် PDF တွေကရော?

လက်ရှိမှာ NUG ရဲ့ ငွေရှာမှုက အားကောင်းလာတာတွေ့ရပါတယ်။ သူတီထွင်ထားတဲ့ NUG pay နတ်ပေးကလဲ ကြာလာတာနဲ့ အရှိန်ကောင်းလာဖို့သာ များပါတယ်။ PRF အဖွဲ့ဝင်စနစ်တွေ အခြားငွေရှာတာတွေကလဲ ယခင်ကထက် ပိုရလာတာ တွေ့ရပါတယ်။ ဒါတွေဟာ လက်နက်အဖြစ် အနှေးနဲ့အမြန်ပြောင်းလာမှာပါ။ မအလဗုံးကြဲထားတဲ့ KIA နဲ့ KNU ကလဲ ယခင်ကထက် NUG နဲ့ ပိုပူးပေါင်းလာဖို့သာရှိပါတယ်။ ဒါကြောင့် စာရေးသူပြောနိုင်တာက တိုက်ပွဲတွေဟာ ယခုတွေ့နေတာထက် ပိုများလာ ပိုပြင်းလာမှာဖြစ်ပြီး အသေအပျောက်လဲ ပိုများလာမှာပါ။ သေချာပေါက်ပြောနိုင်တာက ၂၀၂၃ ယခုအချိန်မှာ စာရေးသူတို့ နယ်မြေစိုးမိုးနိုင်မှုဟာ ယခုထက်ပိုများလာမှာဖြစ်ပြီး မြို့ကြီးတွေကို ခြိမ်းခြောက်လာနိုင်မှာ အသေအချာပါ။


ဘယ်လောက်မြန်မှာလဲ? ယခုရေးထားတာက ဘယ်နိုင်ငံခြားရဲ့ အကူအညီမှမပါဘဲ တိုက်တာကိုရေးထားတာပါ။ ပူတင်ရဲ့အခြေအနေက ပြောင်းလာနိုင်သလို စာရေးသူတို့ကို အိမ်နီးချင်းတွေရဲ့ထောက်ခံမှုဟာလဲ ပြည်တွင်းစိုးမိုးနိုင်မှုအပေါ်မူတည်ပြီး ပြောင်းလဲလာနိုင်ပါတယ်။ ဒါကဘဲတော်လှန်ရေးကို ဘယ်လောက်မြန်မြန်ပြီးမှာလဲ ဆုံးဖြတ်သွားမှာပါ။ နောက်ပြည်တွင်းကတိုက်ရာမှာစစ်ကိုဘယ်လို ပြတ်ပြတ်သားသား တိုက်မလဲဆိုတဲ့အပေါ်မူတည်ပြီးလဲ အနှေးအမြန်ကို ဆုံးဖြတ်သွားမှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page