top of page
Search

တာဝန်ယူမှု တာဝန်ခံမှုနှင့် ခြေဥ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 12, 2020
  • 1 min read

တာဝန်ယူမှု တာဝန်ခံမှုနှင့် ခြေဥ

အမေရိကန်က အီရန်ဗိုလ်ချုပ်ကို ပစ်သတ်လိုက်တယ်။ အမေရိကန်က သူသတ်တာလို့ ကြေညာတယ်။အမေရိကန်သမ္မတက သူ့ခြေဥအရ တပ်ချုပ်။ သူက အီရန်နဲ့ စစ်ဖြစ်မလို ထလုပ်တယ်။ သူ့လွှတ်တော်က သူ့ရဲ့ အီရန်နဲ့ စစ်ကြေညာနိုင်တဲ့ အာဏာကိုကန့်သတ်ဖို့လုပ်တယ်။ သူ့လွှတ်တော်ထဲမှာကရွေးကောက်ခံတွေသာရှိလို့ ပြည်သူလုပ်လိုတာကို လွှတ်တော်က လုပ်နိုင်ပါတယ်။

အီရန်ကလဲ ပြန်ချမယ်လို့ ကြေညာတယ်။ သူ့တိုင်းပြည်မှာက ဘုန်းကြီးအဖွဲ့ဥက္ကဌက တပ်ချုပ်။ ဒုံးနဲ့ပြန်ပစ်တယ်။ ပစ်ချိန်မှာ မှားပြီးတော့ အရပ်သားလေယဉ်ကို ပစ်မိတယ်။ သူ့စစ်တပ်က လေကြောင်းရန်ကာကွယ်ရေးဗိုလ်ချုပ်က သူတို့မှားပစ်တာသိတာနဲ့ မှားပစ်ကြောင်း ဝန်ခံတယ်။ သူ့မှာ ဒီမိုကရေစီ၁၀၀% မရှိဘူး။ ဒါပေမယ့် တပ်ကတော့ အရပ်သားဘုန်းကြီးအောက်မှာရှိတယ်။ ဒါကြောင့် ဒီနေ့မှာဘဲသူ့ကို နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုကြတယ်။ သူ့လူမျိုးကို မှားပစ်ရင် တာဝန်ယူမှု တာဝန်ခံမှုအတန်အသင့်ရှိတယ်။

လာပါပြီ မြန်မာပြည်ကို။ တိုက်ပွဲတွေဖြစ်တယ်။ အစိုးရက တိုက်ခိုင်းရင် မတိုက်နိုင်၊ မတိုက်ခိုင်းရင်တိုက်နေတယ်။ မှားဖမ်းတယ် တရားရုံးရောက်မှ ပြန်လွှတ်ရတယ်။ သတင်းစာရှင်းလင်းပွဲတွေမှာ မိမိအသုံးမကျလို့ မတိုက်နိုင်တာကို အစိုးရက စစ်အုပ်ချုပ်ရေး ပေးမလုပ်လို့ လွှတ်တော်က ဧည့်စာရင်းဥပဒေ ဖျက်သိမ်းလို့ဆိုပြီး တပ်က ပမွှားဗိုလ်ချုပ်အဆင့်လောက်က သမ္မတကို အပြစ်ပုံချတယ်။ မဖြုတ်နိုင်ဘူး။ ကြည့်နေရတယ်။ နိုင်ငံခြားမှာ အဲ့ဒီလိုကောင်က သမ္မတနဲ့ လွှတ်တော်ကို စော်ကားရင်ထောင်ကျမှာ သေချာတယ်။ ထောင်မကျရင်တောင် အငြိမ်းစားလစာမရဘဲ ပြုတ်တယ်။

လာပါပြီ သူပုန်။ မိမိနဲ့အမြင်မတူသူကို ဖမ်းတယ်။ သတ်တယ်။ ပြီးရင် ဝင်မခံဘူး။ အရပ်ဝတ်နဲ့ချောင်းပစ်ပြီး ရွာထဲဝင်ပြေးတယ်။ ပစ်ရင် အော်တယ်။ တိုက်ပွဲဖော်တယ် အပြန်အလှန်ပစ်တယ်။ ပြီးရင် ကျွန်တော်တို့ မပစ်ပါဘူးလို့ ဗြောင်လိမ်တယ်။ ဒါက သူ့လူမျိုးအများစုနေတဲ့ ရခိုင်မြောက်ပိုင်းမှာတော့ အလုပ်ဖြစ်ပါတယ်။ နောက်ပိုင်း NLD က မြို့နယ်ပါတီဥက္ကဌကို DASSK ထောက်ခံလို့ဆိုပြီး ဗလိုင်းကြီးဖမ်းတယ်။ ပြီးတော့ သတ်လိုက်တယ်ဆိုပြီး သတင်းထွက်တယ်။ နောက်ရက်ပိုင်းအကြာမှာတပ်ကပစ်လို့သေတယ်ဆိုပြီး နေရာအလွဲတောင်ကုန်းပွိုင့်ကို ပြောတယ်။ တကယ်တပ်ကပစ်လို့ သေခဲ့ရင်တောင် သူတို့ပြောတဲ့နေရာမှာမဟုတ်ဘဲ မင်းပြားဘက်မှာသာ တိုက်ပွဲဖြစ်ခဲ့တာ။ သူ့မှာကလဲ အစိုးရတပ်လိုဘဲ ဓာတ်ခဲခေါင်းဆောင်က စစ်အာဏာရှင်လို လုပ်ချင်တာလုပ်နေတာ။ ယခု သူ့တပ်က သူနဲ့လူမျိုးမတူတဲ့ ပလက်ဝမှာက လူနည်းစုအခြားလူမျိုးတွေကို သတ်တာ၊ မုဒိမ်းကျင့်ဖို့ကြိုးစားတာတွေက ပေါ်လာပြီ။ ယခင်က ရခိုင်မြောက်ပိုင်းမှာ ဘယ်သူသေသေ တပ်ကလုပ်တာလို့ လွယ်လွယ်သတင်းပို့တဲ့ မီဒီယာတောင် ပလက်ဝအကြောင်း စပြောလာရပြီ။

ဒီမှာဘာကိုပြလဲဆိုတော့ စစ်ဆိုတာ ကမ္ဘာပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက်ရှိတဲ့ ခြေဥရှိမှသာ ထိန်းချုပ်နိုင်မယ် တာဝန်ယူမှု တာဝန်ခံမှု ရှိနိုင်မယ်ဆိုတာကိုပါ။

News Credit: BBC Burmese

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page