top of page
Search

တော်လှန်ရေးအတွက်ငွေလွှဲရာတွင် သတိထားသင့်သိအချက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 9, 2021
  • 1 min read

မအလဟာ DASSK အစိုးရကို ဖြုတ်ချဖို့အတွက် မဘသ၊ YMBA၊ မျိုးချစ်ဆိုသူတွေကို သုံးခဲ့ပါတယ်။ အချို့တိုင်းရင်းသားအဖွဲ့များမှာ သူတို့လူက ဥက္ကဌနေရာယူထားပြီး တိုင်းရင်းသားအရေးတက်ကြွသူ လူငယ်များကို ပါတီထဲစွဲခေါ်ထားခဲ့ပါတယ်။ အဆိုပါအဖွဲ့တွေကိုလဲ ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ထောက်ပံ့ပုံက စရဖအကောင့်ကနေ တပ်နွယ်သမားကိုပေး ပြီးရင်သူတို့ကတဆင့် ထောက်ပံ့ပေါ့။ အချို့ကိစ္စတွေမှာက ပေါ်တင် သတ်ပုံကနေ မဘသကို ထောက်ပံ့တာမျိုးလဲ လုပ်ပြပါတယ်။ ဒါတွေအားလုံးဟာ ဘဏ်စနစ်ကနေ ခြေရာခံလိုက်ရင် ရနိုင်ပေမယ့် ငွေကြေးခဝါချအဖွဲ့၊ အကြမ်းဖက်အဖွဲ့ကြေညာတာတွေက ပြည်ထဲရေးက ကိုင်တွယ်ခဲ့လို့ ဘာမှမမိခဲ့ပါ။


ယခုတော်လှန်ရေးခတ်ကို ရောက်လာပါပြီ။ ဖက်ဆစ်တပ်က NUG ကို အကြမ်းဖက်အဖွဲ့ကြေညာပြီး ဘဏ်တွေကိုလဲ ထိန်းချုပ်ထားပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးသမားတွေအနေနဲ့ ဘဏ်စနစ်သုံးတာ၊ wave money သုံးတာ၊ K pay သုံးတာတွေကို သတိထားဖို့ လိုလာပါပြီ။ ယခင်ကတော်လှန်ရေးအဖွဲ့များ သိသည်ထင်လို့ မပြောခဲ့ပေမယ့် ယခုအဖမ်းခံရတာတွေ ရှိလာလို့ ပြောပါ့မယ်။ ယခုရေးတာက ပြည်ပနဲ့ မဆိုင်ပါ။ မအလဟာ ပြည်ပမှာ သူကတရားဝင်အစိုးရမဟုတ်လို့ဘာမှလုပ်မရသေးပါ။ Bitcoin တို့ cryptocurrency တို့က နိုင်ငံခြားအစိုးရများတောင် ထိန်းမရလို့အလွန်ကောင်းပါတယ်။


ပြည်တွင်းမှာ မောင်ဖြူကိုမိရင် သူကသူ့ကို K Pay ကနေ ပေးတယ်လို့ပြောရင် အဲ့ဒီကိုလိုက် ဖမ်းတာဆီးတာ မေးတာတွေ လုပ်ပါတယ်။ ဘဏ်အကောင့်တွေကနေ NUG/PDFအတွက် အလှူခံရင်လဲ အဆိုပါဘဏ့်အကောင့်တွေကို Freeze လုပ် ပိတ်ပါတယ်။ Covid ပအာက်ဆီဂျင်ဆိုရင်တော့တမျိုးပါ။ ပြည်တွင်းမှာ အလှူခံတာက Facebook မှာဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ် မိမိသိသူ close group အနေနဲ့ အလှူခံရင် စရဖ ထောက်လှမ်းရေးက ဝင်ရခက်ပါတယ်။ public မှာ အကောင့်အစစ်နဲ့ အလှူခံရင် ဒီမိုအစစ်ဆိုရင် ပြည်တွင်းဘဏ်အကောင့်ပိတ်ခံရမှာပါ။ အဖမ်းခံရမှာပါ။ အကောင့်အပိတ်မခံရရင် တစ်ခုခုမှားနေပါပြီ။ close group ထဲတောင် စရဖနဲ့ သက်ဆိုင်သူများက ဝင်နိုင်လာခဲ့တာ တွေ့ရပါတယ်။ ဥပမာ အငြိမ်းတို့ အလှူခံ group ထဲကို နာမည်ကြီးလာချိန်မှာ နာမည်ဖျက်လာတာမျိုးတွေလုပ်လာပါပြီ။ ထားထက်ထက်ကိုလဲ လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ NUG ရဲ့ဝင်ငွေလမ်းကြောင်းကိုလဲ လိုက်နေပါတယ်။


ဒါဆိုဘယ်လိုအလှူခံရမလဲ? အလှူခံအုပ်စုကို အပြင်လူမဝင်နိုင်အောင် လုပ်ထားပါ။ နိုင်ငံခြားကလူဆိုပြီးလဲ အဝင်မခံပါနဲ့။ ဖက်ဆစ်တပ်ကအမျိုးနွယ်များက ထိုင်းမှသည် အမေရိကန်အထိရှိပါတယ်။ ဥပမာ အန်တီကြူရဲ့ ငယ်သူငယ်ချင်းကြီးက အမေရိကန်ကနေ ကိုဗစ်အတွက်ဆိုပြီးအလှူခံနေပါတယ်။ ဒါက ပထအစည်းကမ်းပါ။ ဒုတိယက မိမိအလှူခံတဲ့ဘဏ်အကောင့်တွေကိုတစ်လတစ်ခါ ဒါမှမဟုတ် နှစ်လတစ်ခါ ပြောင်းပေးပါ။ မိမိကိုလှူသူသာ အုပ်စုထဲဆက်ထည့်ထားပါ။ နောက်ဘဏ်ထဲကငွေကို ချက်ချင်းထုတ်ပြီး လှူစရာရှိတာလှူ ဒါမှမဟုတ် ရောင်းရလွယ်တဲ့ ရွှေ(သို့) ဒေါ်လာဝယ်ထားပါ။ လှူစရာပေါ်ရင် ပြန်ရောင်းပေါ့။


ပြည်တွင်းဒေသခံ PDF တွေကို ငွေဘယ်လိုပေးလှူမလဲ? ဘဏ်ကငွေလွှဲတာကို မလုပ်ပါနဲ့။ ဥပမာPDF က မောင်ဖြူကို ပြည်တွင်းက မောင်နီကတဆင့် ငွေလွှဲတယ်ဆိုပါစို့။ မောင်ဖြူနဲ့မောင်နီကိုနှစ်ယောက်စလုံးနဲ့သိတဲ့ နိုင်ငံခြားက လူခံက သူတို့ကို မန္တလေးက ဘယ်စားသောက်ဆိုင်ရှေ့မှာဘာအရောင်ဝတ်ပြီးလာ ဘာစကားဝှက်နဲ့ပြော ပြီးရင်ပိုက်ဆံငွေသားပေးခဲ့ပါ။ ဒီလိုလုပ်ရင်အကယ်၍ မောင်ဖြူကို စရဖကမိလို့ ရိုက်စစ်ရင်တောင် မောင်ဖြူဟာ သူ့ကိုငွေပေးသူ နိုင်ငံခြားကလူနာမည်သာ ပြောနိုင်မှာဖြစ်ပြီး မောင်နီ့ကို ဘယ်မှာနေသည်မသိ၊ နာမည်မသိနိုင်ပါ။ ဒါဆိုရင်တော်လှမ်ရေးသမားတွေအနေနဲ့ ငွေထောက်ပံ့တဲ့လမ်းကြောင်းကို မောင်ဖြူ့ကို မိခဲ့ရင်တောင်ဖက်ဆစ်က မောင်နီကို မမိနိုင်ပါ။ ထို့အတူ မောင်နီ့ကို မိခဲ့ရင်လဲ မောင်နီဟာ မောင်ဖြူ့ကို ဆိုင်မှာသာတွေ့လို့ မောင်ဖြူ့နာမည်နဲ့ လိပ်စာကို မသိနိုင်ပါ။ ပိုက်ဆံကို ဘယ်တော့မှ အိမ်လာယူခိုင်းတာ၊အိမ်သွားပေးတာ မလုပ်ပါနဲ့။ ဘယ်သူမှ ရိုက်စစ်ရင်မခံနိုင်ပါ။ ပြောမိမှာပါ။ ဒါ့ကြောင့်အရေးကြီးပါတယ်။


နောက်ရန်ကုန်ကနေ မန္တလေး PDF က မောင်ဖြူ့ထံ ငွေပို့လိုတယ် ဆိုပါစို့။ ဒါကို ပိုက်ဆံက ရန်ကုန်မှာသာရှိရင် ရန်ကုန်ကနေ မန္တလေးက မောင်ဖြူ့ထံ တိုက်ရိုက်မလွှဲဘဲ မောင်နီ့ထံသာ လွှဲပါ။ပြီးမှာ မေ င်ဖြူနဲ့ မောင်နီကို အထက်ကလို နိုင်ငံခြား ပြည်ပကလူ ကြားခံထားပြီး တွေ့ငွေပေးပါ။ဒါဆိုရင် မောင်ဖြူ့ကိုမိလဲ မောင်ဖြူသည် မောင်နီ့နာမည် လိပ်စာ မသိနိုင်ပါ။


တော်လှန်ရေးသမားများ သိပြီးသားဆိုရင်လဲ ခွင့်လွှတ်ပါ။ ယခုမြေပြင်မှာ မိတာလေးတွေက ဂွင်းဆက်ဖြစ်နေလို့ သတိပြုမိနိုင်အောင်ပါ။ တော်လှန်ရေးမှာ ငွေသားသာသုံးပါ။ မဖြစ်မနေ လွှဲရရင်လဲ ကြားလူခံထားပါ။ နိုင်ငံခြားကလူကနေ တဆင့်ခံ စကားပြောပါ။ ဒါဆိုရင် နိုင်ငံခြား ပြည်ပကလူက လွတ်မြောက်နယ်မြေဖြစ်လို့ စရဖက ဂွင်းဆက်ပြတ်ပါတယ်။ အားလုံးသတိထားနိုငိကြပါစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 09, 2021

ဦးမြတ်!!!လှူချင်သူတွေ များလှပါသည်။ သို့သော် ပြည်တွင်းမှာ အခက်အခဲများရှိနေပါသည်။ရှိအောင်လည်း လုပ်နေပါသည်။

ပြည်သူတွေက အရာရာမှာ လိုက်ပိတ်ပင်နှောက်ယှက်တတ်သော ပိတ်တာ(ပြိတ္တာ)တွေနဲ့ အတူမနေလိုလှတော့ပါ။ ပြိတ္တာ/အသူရကာယ်တို့သည် လူသားများကို ကြောက်လန့်အောင် ခြောက်လှန့်ပြီးစားရသော အပါယ်ဘုံသားများသာဖြစ်ပါသည်။ သူတို့ကို ခေါစာပစ်မှ(သားငါးအစုံနှင့် ပုံကျွေးခြင်း)ဝမ်းဝသဖြင့် အားရကျေနပ်ကြပါသည်။ဝမ်းပူလာပါက အနှောက်အယှက်ပေး ဒုက္ခဘေး ရအောင် လုပ်နိုင်သော အစွမ်း ရထားသောကြောင့်ပါ။

ပြိတ္တာဖြစ်ရခြင်းမှာ ~မနာလို ဝန်တိုစိတ် အားကြီးပြီး တပါးသူ အလှူဒါနကို ပျက်အောင် ဖျက်ဆီးသူများသာ ပြိတ္တာ/အသူရကာယ်(တစ္ဆေ မင်စာ မြေဘုတ်ဘီလူး)ဖြစ်ကြောင်း ဒေသနာ အဆုံးအမမှာ ဟောကြားထားပါသည်။

ခုလည်း ထိုနည်းနှင်နှင်ပါ။

တစပ်တည်းနေပြီး ဒုက္ခမျိုးစုံ ပေးတတ်သူတို့

သူတို့ပြုသော အကုသိုလ် ကံ တွေက၊ ဘဝမခြား ခုခဏမှာပဲ(အသံလွှင့်ရုံ ၊ ဒလ ခန်းမ ဖြစ်စဥ်များ)တန်ပြန်မကောင်းကျိုး ခံ စား နေရပါပြီ။

မနာလို ဝန်တိုစိတ် အားကြီးနေသမျှ

အရာရာမှာ အရှုံးသာ ရနေပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page